13 October 2025
![[မီဒီယာဖိတ်ကြားလွှာ] ဒေသတွင်း တာဝန်ယူမှု၊တာဝန်ခံမှု အားကောင်းစေရေး ပူးတွဲဖိုရမ် – မြန်မာနိုင်ငံရှိ အမျိုးသမီးများ၊ လူငယ်များ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာများအပေါ် အာဆီယံ၏ ကျရှုံးမှု](/_ipx/f_webp&q_80&s_826x460/https://wp.progressivevoicemyanmar.org/wp-content/uploads/2025/10/SUHAKAM-PV-AB.png)
မီဒီယာဖိတ်ကြားလွှာ
ဒေသတွင်း တာဝန်ယူမှု၊တာဝန်ခံမှု အားကောင်းစေရေး ပူးတွဲဖိုရမ် – မြန်မာနိုင်ငံရှိ အမျိုးသမီးများ၊ လူငယ်များ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာများအပေါ် အာဆီယံ၏ ကျရှုံးမှု
ရက်စွဲ – ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက် (ကြာသပတေးနေ့)
အချိန် – နံက် ၉ နာရီ – ညနေ ၁၂:၃၀ နာရီ (မလေးရှား)၊ နံက် ၇:၃၀ နာရီ – နံက် ၁၁ နာရီ (မြန်မာ)
စာရင်းပေးသွင်းရန်
ဘာသာစကား – အင်္ဂလိပ်နှင့် မြန်မာဘာသာကို အချိန်နှင့်တပြေးညီ ဘာသာပြန်ဆိုပေးပါမည်။
‘ဒေသတွင်း တာဝန်ခံယူမှု၊ တာဝန်ခံမှု အားကောင်းစေရေး – မြန်မာနိုင်ငံရှိ အမျိုးသမီးများ၊ လူငယ်များ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာများအပေါ် အာဆီယံ၏ ကျရှုံးမှု‘ ခေါင်းစဉ်ဖြင့် ပူးတွဲဖိုရမ်ကို မလေးရှားလူ့အခွင့်အရေးကော်မရှင်(SUHAKAM)၊ ရှေ့ပြေးအသံအဖွဲ့(PV) နှင့် Alternative ASEAN Network on Burma (ALTSEAN-Burma) တို့က ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပူးတွဲကျင်းပ သွားမည်ဖြစ်ပါသည်။
ဤဖိုရမ်သည် မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် လူငယ်များ၏ အခြေအနေ၊ ၎င်းတို့၏ ကြံ့ကြံ့ခံနိုင်စွမ်း၊ စိန်ခေါ်မှုများ၊ နှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် ၎င်းတို့၏ ပြင်းပြသော စိတ်ဆန္ဒများကို သိရှိနားလည်လာစေရန်နှင့် နိုင်ငံတကာအသိုင်းအဝန်း အထူးသဖြင့် အာဆီယံ၏ ခိုင်မာသော သွေးစည်းညီညွတ်မှုနှင့် ထောက်ခံမှုတို့ကို ရယူရန် ရည်ရွယ်ပါသည်။ ဖိုရမ်တွင် ပါဝင်ဆွေးနွေးမည့် မြန်မာနိုင်ငံတစ်ဝှမ်းမှ လူပုဂ္ဂိုလ်များသည် ၎င်းတို့၏ အတွေ့အကြုံများ၊ ၎င်းတို့၏ လူမှုအသိုက်အဝိုင်း၏ အခြေအနေများကို သက်သေအဖြစ် မျှဝေပေးသွားပါမည်။ ပါဝင်ဆွေးနွေးသူများသည် အာဆီယံ၏ လက်ရှိဥက္ကဌ မလေးရှားနိုင်ငံနှင့် သက်ဆိုင်သူများအတွက် အကြံပြုချက်များကိုလည်း ဆွေးနွေးတင်ပြသွားပါမည်။
တွေ့ဆုံမေးမြန်းခြင်း – Webinar အပြီးတွင် Panelists များကို မြန်မာနှင့် အင်္ဂလိပ် နှစ်ဘာသာဖြင့် အင်တာဗျူး လုပ်နိုင်ပါသည်။ ဆက်သွယ်ရန် info@progressive-voice.org
အစီအစဉ်
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်
နံက် ၉ – ၉:၁၀ နာရီ
အဖွင့်အမှာစကား – YBhg. Dato’ Seri Mohd Hishamudin Yunus (မလေးရှားလူ့အခွင့်အရေးကော်မရှင်(SUHAKAM) ၏ ဥက္ကဌ)
နံက် ၉:၁၀ – ၉:၂၀ နာရီ
အဓိကဟောပြောမည့်သူ – YBhg. Tan Sri Othman Hashim (အာဆီယံဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်)
နံက် ၉:၂၀ – ၁၀:၁၅ နာရီ
အမျိုးသမီးများနှင့် လိင်ပိုင်းဆိုင်ရာနှင့် ဂျန်ဒါအခြေပြု အကြမ်းဖက်မှု(SGBV)
Moderator – Melissa Mohd Akhir, မလေးရှားလူ့အခွင့်အရေးကော်မရှင် (SUHAKAM)
နံက် ၁၀:၁၅ – ၁၀:၃၅ နာရီ
အမေးအဖြေ
နံက် ၁၀:၃၅ – ၁၀:၅၀ နာရီ – နားချိန်
နံက် ၁၀:၅၀ – ၁၂:၃၅ နာရီ
လူငယ်ရေးရာ
Moderator – Megan Steven (အာဆီယံ အရပ်ဘက်အဖွဲ့အစည်းများ ညီလာခံ/အာဆီယံ ပြည်သူ့ဖိုရမ် (ASEAN Civil Society Conference/ASEAN Peoples’ Forum)၊ မလေးရှားအမျိုးသားကျင်းပရေးကော်မတီ)
ညနေ ၁၁:၅၅ – ၁၂:၂၅ နာရီ
အမေးအဖြေ
ညနေ ၁၂:၂၅ – ညနေ ၁၂:၃၀ နာရီ
နိဂုံးချုပ်အမှာစကား – Ms. Debbie Stothard (ALTSEAN-Burma ALTSEAN-Burma ၏ ညှိနှိုင်းရေးမှူး/တည်ထောင်သူ)
ညနေ ၁၂:၃၀ နာရီ
အစီအစဉ် ပြီးဆုံး
19 May 2026