[မီဒီယာဖိတ်ကြားလွှာ] ဒေသတွင်း တာဝန်ယူမှု၊တာဝန်ခံမှု အားကောင်းစေရေး ပူးတွဲဖိုရမ် – မြန်မာနိုင်ငံရှိ အမျိုးသမီးများ၊ လူငယ်များ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာများအပေါ် အာဆီယံ၏ ကျရှုံးမှု

[မီဒီယာဖိတ်ကြားလွှာ] ဒေသတွင်း တာဝန်ယူမှု၊တာဝန်ခံမှု အားကောင်းစေရေး ပူးတွဲဖိုရမ် – မြန်မာနိုင်ငံရှိ အမျိုးသမီးများ၊ လူငယ်များ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာများအပေါ် အာဆီယံ၏ ကျရှုံးမှု

မီဒီယာဖိတ်ကြားလွှာ

ဒေသတွင်း တာဝန်ယူမှု၊တာဝန်ခံမှု အားကောင်းစေရေး ပူးတွဲဖိုရမ် – မြန်မာနိုင်ငံရှိ အမျိုးသမီးများ၊ လူငယ်များ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာများအပေါ် အာဆီယံ၏ ကျရှုံးမှု

ရက်စွဲ – ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက် (ကြာသပတေးနေ့)

အချိန် – နံက် ၉ နာရီ – ညနေ ၁၂:၃၀ နာရီ (မလေးရှား)၊ နံက် ၇:၃၀ နာရီ – နံက် ၁၁ နာရီ (မြန်မာ)

စာရင်းပေးသွင်းရန်

  • (အွန်လိုင်း) စာရင်းပေးသွင်းရန် https://bit.ly/3L4n40D
  • (လူတွေ့) ပိုမိုသိရှိလိုပါက ရှေ့ပြေးအသံအဖွဲ့(PV) သို့ ဆက်သွယ်ရန် –  https://www.facebook.com/progressivevoice

ဘာသာစကား – အင်္ဂလိပ်နှင့် မြန်မာဘာသာကို အချိန်နှင့်တပြေးညီ ဘာသာပြန်ဆိုပေးပါမည်။

ဒေသတွင်း တာဝန်ခံယူမှု၊ တာဝန်ခံမှု အားကောင်းစေရေး မြန်မာနိုင်ငံရှိ အမျိုးသမီးများ၊ လူငယ်များ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာများအပေါ် အာဆီယံ၏ ကျရှုံးမှုခေါင်းစဉ်ဖြင့် ပူးတွဲဖိုရမ်ကို မလေးရှားလူ့အခွင့်အရေးကော်မရှင်(SUHAKAM)၊ ရှေ့ပြေးအသံအဖွဲ့(PV) နှင့် Alternative ASEAN Network on Burma (ALTSEAN-Burma) တို့က ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပူးတွဲကျင်းပ သွားမည်ဖြစ်ပါသည်။

ဤဖိုရမ်သည် မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် လူငယ်များ၏ အခြေအနေ၊ ၎င်းတို့၏ ကြံ့ကြံ့ခံနိုင်စွမ်း၊ စိန်ခေါ်မှုများ၊ နှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် ၎င်းတို့၏ ပြင်းပြသော စိတ်ဆန္ဒများကို သိရှိနားလည်လာစေရန်နှင့် နိုင်ငံတကာအသိုင်းအဝန်း အထူးသဖြင့် အာဆီယံ၏ ခိုင်မာသော သွေးစည်းညီညွတ်မှုနှင့် ထောက်ခံမှုတို့ကို ရယူရန် ရည်ရွယ်ပါသည်။ ဖိုရမ်တွင် ပါဝင်ဆွေးနွေးမည့် မြန်မာနိုင်ငံတစ်ဝှမ်းမှ လူပုဂ္ဂိုလ်များသည် ၎င်းတို့၏ အတွေ့အကြုံများ၊ ၎င်းတို့၏ လူမှုအသိုက်အဝိုင်း၏ အခြေအနေများကို သက်သေအဖြစ် မျှဝေပေးသွားပါမည်။ ပါဝင်ဆွေးနွေးသူများသည် အာဆီယံ၏ လက်ရှိဥက္ကဌ မလေးရှားနိုင်ငံနှင့် သက်ဆိုင်သူများအတွက် အကြံပြုချက်များကိုလည်း ဆွေးနွေးတင်ပြသွားပါမည်။

တွေ့ဆုံမေးမြန်းခြင်း – Webinar အပြီးတွင် Panelists များကို မြန်မာနှင့် အင်္ဂလိပ် နှစ်ဘာသာဖြင့် အင်တာဗျူး လုပ်နိုင်ပါသည်။ ဆက်သွယ်ရန် info@progressive-voice.org


အစီအစဉ်

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်

နံက် ၉ – ၉:၁၀ နာရီ
အဖွင့်အမှာစကား – YBhg. Dato’ Seri Mohd Hishamudin Yunus (မလေးရှားလူ့အခွင့်အရေးကော်မရှင်(SUHAKAM) ၏ ဥက္ကဌ)

နံက် ၉:၁၀ – ၉:၂၀ နာရီ
အဓိကဟောပြောမည့်သူ – YBhg. Tan Sri Othman Hashim (အာဆီယံဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်)

နံက် ၉:၂၀ – ၁၀:၁၅ နာရီ
အမျိုးသမီးများနှင့် လိင်ပိုင်းဆိုင်ရာနှင့် ဂျန်ဒါအခြေပြု အကြမ်းဖက်မှု(SGBV)

  • ဒေါ်ခင်ဥမ္မာ (ရှေ့ပြေးအသံအဖွဲ့ဥက္ကဋ္ဌ) – အမျိုးသမီးများ၊ လူငယ်၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးနှင့် မြန်မာ့အကြပ်အတည်း အနှစ်ချုပ်
  • ဇူးပဒုမ္မာ – ကရင်နီအမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်သူ (ဗီဒီယို)
  • ယွန်း – နိုင်ငံရေးအကျဥ်းသူဟောင်း/ နိုင်ငံရေးအကျဥ်းသူများအဖွဲ့ (WOPP) (ဗီဒီယို)
  • Cecilia – The Ladies (ဗီဒီယို)
  • Anna – မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)
  • Debbie Stothard၊ ALTSEAN-Burma ၏ ညှိနှိုင်းရေးမှူး/တည်ထောင်သူ

Moderator – Melissa Mohd Akhir, မလေးရှားလူ့အခွင့်အရေးကော်မရှင် (SUHAKAM)

နံက် ၁၀:၁၅ – ၁၀:၃၅ နာရီ
အမေးအဖြေ

နံက် ၁၀:၃၅ – ၁၀:၅၀ နာရီ – နားချိန်

နံက် ၁၀:၅၀ – ၁၂:၃၅ နာရီ
လူငယ်ရေးရာ

  • ကြည်ငြိမ်း၊ အတွင်းရေးမှူး၊ ဗမာ့ကွီးရားအရွှ့အဖွဲ့ (QBA)
  • နန္ဒာ ၊ Sitt Nyein Pann Foundation
  • မိုး ၊ ရှေ့ပြေးအသံအဖွဲ့
  • Nick ၊ A New Burma
  • Mpi ၊ အသံအဖွဲ့
  • YBhg. Dato Sri’ Saifuddin bin Abdullah, ရွေးကောက်တင်မြှောက်ခံအမတ် (အင်းဒါရာ မဟ်ကိုတာ)၊ နိုင်ငံခြားရေးဝန်ကြီး (အငြိမ်းစား) (အတည်ပြုချက်စောင့်မျှော်ရန်)

Moderator Megan Steven (အာဆီယံ အရပ်ဘက်အဖွဲ့အစည်းများ ညီလာခံ/အာဆီယံ ပြည်သူ့ဖိုရမ် (ASEAN Civil Society Conference/ASEAN Peoples’ Forum)၊ မလေးရှားအမျိုးသားကျင်းပရေးကော်မတီ)

ညနေ ၁၁:၅၅ – ၁၂:၂၅ နာရီ
အမေးအဖြေ

ညနေ ၁၂:၂၅ – ညနေ ၁၂:၃၀ နာရီ
နိဂုံးချုပ်အမှာစကား – Ms. Debbie Stothard (ALTSEAN-Burma ALTSEAN-Burma ၏ ညှိနှိုင်းရေးမှူး/တည်ထောင်သူ)

ညနေ ၁၂:၃၀ နာရီ
အစီအစဉ် ပြီးဆုံး

ကြေညာချက်များ


PV Logo

Progressive Voice သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံလူတန်းစားအဖွဲ့အစည်းများနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် ခိုင်မာသောကွန်ရက်များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည့် အရပ်ဘက်လူ့အဖွဲ့အစည်းတွင် အမြစ်တွယ်နေသော မူဝါဒဆိုင်ရာ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့အစည်းဖြစ်သည်။ ၎င်းသည် မြေပြင်မှ အသံများကို ချဲ့ထွင်ကာ အခွင့်အရေးအခြေခံ ပေါ်လစီဇာတ်ကြောင်းကို ထောက်ခံအားပေးခြင်းဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နိုင်ငံတကာ မူဝါဒချမှတ်သူများအား ပေါင်းကူးတံတားတစ်ခုအဖြစ် ဆောင်ရွက်သည်။

လူမှုမီဒီယာလင့်ခ်များ

စာရင်းသွင်းပါ။

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia