ပြည်သူ့အချစ်တော် ရေမွန်ကွယ်လွန်ခြင်း ၃ လပြည့် အမှတ်တရ “ကြယ်တံခွန်”သီချင်း(ရုပ်သံ)

ပြည်သူ့အချစ်တော် ရေမွန်ကွယ်လွန်ခြင်း ၃ လပြည့် အမှတ်တရ “ကြယ်တံခွန်”သီချင်း(ရုပ်သံ)

By DVB

“မင်း… နောက်ထပ် မတွေ့ရတော့ဘူး… ကြယ်တံခွန်လို မိုးသားထဲ ခရီးထွက်သွားတော့ … တကယ်ဆို အကောင်းဆုံး ပေးဆပ်သွားခဲ့တာပဲ… ကျန်တာတွေ အားလုံးနှုတ်ဆက် ထားခဲ့လိုက်တော့… သူငယ်ချင်း”

ပြည်သူ့အချစ်တော် အဆိုတော် ရေမွန်ကွယ်လွန်ခြင်း အမှတ်တရအနေနဲ့ Eternal Gosh အဖွဲ့က သီဆိုထားခဲ့တဲ့ သီချင်းတပုဒ်ကို သူကွယ်လွန်တာ ၃ လပြည့်တဲ့ ဒီကနေ့မှာ ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

“ကြယ်တံခွန်”လို့ အမည်ပေးထားတဲ့ ဒီသီချင်းထဲမှာတော့ ရေမွန်နဲ့အတူ ဖြတ်သန်းမှု အမှတ်တရ လွမ်းစရာပုံရိပ်တွေနဲ့အတူ ဖန်တီးတင်ဆက်ထားခဲ့တာကို တွေ့ရပါတယ်။

ရေမွန်ဟာ အဆိုတော် ခင်မြတ်မွန်ရဲ့ ရင်သွေး၊ အဆိုတော် လပြည့်ကဗျာရဲ့ အစ်ကိုတော်စပ်ပြီး လူငယ်ပရိသတ်တွေကြားမှာ အောင်မြင်တဲ့ တေးရေး၊ တေးဆိုတယောက်အဖြစ် ထင်ရှားသူ ဖြစ်ပါတယ်။

ကရင်လက်နက်ကိုင် ထိန်းချုပ်နယ်မြေအတွင်း လာရောက်ခိုလှုံကာ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေးအတွက် နိုင်ငံရေး/စစ်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ လူငယ်အဆိုတော် ရေမွန်ခေါ် တွတ်ပီဟာ ဇွန်လ ၂၃ ရက်က အစာအိမ်သွေးကြောပေါက်ပြီး ရုတ်တရက် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

အဆိုတော် ရေမွန်ရဲ့ ဈာပနအခမ်းအနားကိုတော့ KNU တပ်မဟာ ၆ ဘဲဟိကလော် ကျေး ရွာသုသာန်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ဒေသတွင်း တေးချစ်သူ ပရိသတ်တွေ၊ မိသားစုဝင်တွေနဲ့ မိတ်ဆွေတော်လှန်ရေး ရဲဘော်ရဲဘက်တွေ စုစုပေါင်း ၂၀၀ နီးပါး လိုက်ပါပို့ ဆောင်ပေးခဲ့ကြတာ ဖြစ်ပါတယ်။


Original Post: DVB

ကြေညာချက်များ


PV Logo

Progressive Voice သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံလူတန်းစားအဖွဲ့အစည်းများနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် ခိုင်မာသောကွန်ရက်များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည့် အရပ်ဘက်လူ့အဖွဲ့အစည်းတွင် အမြစ်တွယ်နေသော မူဝါဒဆိုင်ရာ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့အစည်းဖြစ်သည်။ ၎င်းသည် မြေပြင်မှ အသံများကို ချဲ့ထွင်ကာ အခွင့်အရေးအခြေခံ ပေါ်လစီဇာတ်ကြောင်းကို ထောက်ခံအားပေးခြင်းဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နိုင်ငံတကာ မူဝါဒချမှတ်သူများအား ပေါင်းကူးတံတားတစ်ခုအဖြစ် ဆောင်ရွက်သည်။

လူမှုမီဒီယာလင့်ခ်များ

စာရင်းသွင်းပါ။

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia