13 September 2021
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ မြန်မာနိုင်ငံရဲ့ကိုယ်စားလှယ်အဖြစ် ကုလမဂ္ဂမှာ ဆက်ပြီးတာဝန်ထမ်းဆောင်ခွင့်ပေးဖို့ မြန်မာနဲ့ နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းတွေ စုပေါင်းပြီး ကုလသမဂ္ဂ ကို တိုက်တွန်းနေကြတဲ့အကြောင်း Aljazeera သတင်းမှာ ဒီကနေ့ ဖော်ပြထားပါတယ်။
ဒီတစ်ပတ်အတွင်း ကျင်းပမယ့် ကုလသမဂ္ဂ ကိုယ်စားလှယ်ခန့်အပ်ရေး ကော်မတီရဲ့ အစည်းအဝေး မတိုင်ခင် မှာ မြန်မာနဲ့ နိုင်ငံတကာ အရပ်ဖက်အဖွဲ့အစည်း ၃၅၈ ဖွဲ့က စုပေါင်းပြီး ကုလသမဂ္ဂကို တိုက်တွန်းနေကြ တာပါ။
ဒီအဖွဲ့အစည်းတွေက ကုလသမဂ္ဂ အထွေထွေညီလာခံကို စာတစ်စောင် ဒီကနေ့ပေးပို့ခဲ့ပြီး အဲဒီစာထဲမှာ သံ အမတ်ကြီး ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူလူထုနဲ့ စစ်အာဏာသိမ်းပြီး ဖယ်ရှားခံခဲ့ရတဲ့ NLD အစိုးရ အတွက် အရေးပါတဲ့စကားတွေကို ကုလသမဂ္ဂမှာ ထုတ်ဖော်ပြောကြားခဲ့သူဖြစ်တယ်လို့ ရေးသားထားပါ တယ်။ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို တန်ဖိုးထားလေးစားဖို့၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းဖို့ကိုရှေးရှူပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံအားပေးဖို့၊ မြန်မာစစ်အုပ်စုကို ကန့်ကွက်ဖို့ တိုက်တွန်းထားပါတယ်။
ကုလသမဂ္ဂ ကိုယ်စားလှယ်ခန့်အပ်ရေး ကော်မတီမှာ တရုတ်၊ ရုရှား၊ အမေရိကန် အပါအဝင် ကုလသမဂ္ဂအဖွဲ့ ဝင်နိုင်ငံ ကိုးခု ပါဝင်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဘယ်သူဖြစ်သင့်သလဲ ဆိုတာကို မနက်ဖြန် အင်္ဂါနေ့ကျရင် ဆွေးနွေးကြဖို့ရှိပါတယ်။
လက်ရှိတာဝန်ယူထားတဲ့ ဦးကျော်မိုးထွန်းကိုပဲ ဆက်ပြီးခန့်အပ်မလား၊ ဒါမှမဟုတ် အာဏာသိမ်း စစ်ကောင်စီ ရဲ့ ကိုယ်စားလှယ်ကိုပဲ ခန့်မလားဆိုတဲ့ ကော်မတီရဲ့ အကြံပြုတိုက်တွန်းချက်တွေကို ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တင်ပြရမှာဖြစ်ပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံကြောင်းပြသတဲ့အနေနဲ့ မနေ့တုန်းက အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂ အဖွဲ့ချုပ်ရုံးရှေ့မှာ မြန်မာ့အရေးလှုပ်ရှားသူ နှစ်ထောင်လောက် ဆန္ဒပြခဲ့ကြပါသေးတယ်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံလူတန်းစားအဖွဲ့အစည်းများနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် ခိုင်မာသောကွန်ရက်များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည့် အရပ်ဘက်လူ့အဖွဲ့အစည်းတွင် အမြစ်တွယ်နေသော မူဝါဒဆိုင်ရာ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့အစည်းဖြစ်သည်။ ၎င်းသည် မြေပြင်မှ အသံများကို ချဲ့ထွင်ကာ အခွင့်အရေးအခြေခံ ပေါ်လစီဇာတ်ကြောင်းကို ထောက်ခံအားပေးခြင်းဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နိုင်ငံတကာ မူဝါဒချမှတ်သူများအား ပေါင်းကူးတံတားတစ်ခုအဖြစ် ဆောင်ရွက်သည်။