အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးထားတဲ့ စစ်ကိုင်းတိုင်း EITIအဖွဲ့ဝင် ကိုမာန်ဇာမြေမွန်ကို ပြန်လွှတ်ပေးရေး နိုင်ငံ တကာ EITI အဖွဲ့ ကြီး တောင်းဆို

11 June 2021

Marn Zar Myay Mon (Chaung-U)

အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးထားတဲ့ စစ်ကိုင်းတိုင်း EITIအဖွဲ့ဝင် ကိုမာန်ဇာမြေမွန်ကို ပြန်လွှတ်ပေးရေး နိုင်ငံ တကာ EITI အဖွဲ့ ကြီး တောင်းဆို

ရန်ကုန်၊ ဇွန် ၁၁

By Khit Thit Media 

EITIအဖွဲ့ဝင် ကိုမာန်ဇာမြေမွန်

စစ်ကိုင်းတိုင်း EITI ရဲ့ SNU အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုမာန်ဇာမြေမွန်ဟာ ပြီးခဲ့တဲ့ဇွန်လ ၈ ရက်နေ့မှာ အကြမ်းဖက် စစ်တပ်ရဲ့ပစ်ခတ်ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ သဘာဝ သယံဇာတ ဆိုင်ရာ ပွင့်လင်း မြင်သာမှု ဖော်ဆောင်ရေး လုပ်ငန်း (EITI) မှအလုပ်အမှုဆောင်ဒါရိုက်တာ Mark Robinson ရဲ့ သဘောထားထုတ်ပြန်ချက်ထဲမှာ ဖော်ပြ ထား ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မြန်မာပြည်သူတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းကိုယ် စားလှယ်တွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှု တွေကျူးလွန်နေတယ်ဆိုတဲ့ အစီရင်ခံမှုတွေကြားနေရစဥ်မှာပဲ စစ်ကိုင်းတိုင်း သဘာဝ သယံဇာတ ဆိုင်ရာ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးလုပ်ငန်း EITI ရဲ့ ဒေသဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(SNU) အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ကိုမာန်ဇာမြေမွန် ဖမ်းဆီးခံရကြောင်းကို EITI ကသိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ကိုမာန်ဇာမြေမွန်ဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ ပွင့်လင်းမြင်သာမှုနဲ့တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာမဟာမိတ်အဖွဲ့ (MATA) ရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုမာန်ဇာမြေမွန်ဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ရဲ့ ဒီမိုကရေစီအရေးလုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့သူတဦးဖြစ်ပြီး၊ မြန်မာ့ အရပ်ဖက် အဖွဲ့အစည်း တွေ အနေ နဲ့ ၎င်းအခြေအနေအပေါ် များစွာစိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ဒီစိုးရိမ် ပူပန်သံတွေဟာ ၎င်းတို့အပေါ်ပဲ့တင်ရိုက်ခတ််နေပြီး ကိုမာန်ဇာမြေမွန်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆို လိုက် တယ် လို့Mark Robinson ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

EITI အဖွဲ့ကြီးကဲ့သို့ပင် နိုင်ငံတကာအဖွဲ့အစည်းကြီးတခုဖြစ်တဲ့ Publisher What You Pay Global Council က လည်း  မြန်မာ နိုင်ငံ စစ်ကိုင်းတိုင်း EITI အဖွဲ့ဝင် ကိုမာန်ဇာမြေမွန် ဖမ်းဆီးခံရခြင်းအပေါ် ပြင်းထန်စွာ ရှုတ်ချ လိုက် ပြီး၊ ၄င်းကို ချက်ချင်းဘေးကင်းလုံခြှံစွာ ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ကမ္ဘာအဝှမ်းမှ အဖွဲ့အစည်းပေါင်း ၁,၀၀၀ ကျော်ပါဝင် ဖွဲ့စည်းထားတဲ့ Publish What You Pay (PWYP) ဟာ ရေနံ၊ သဘာဝ ဓာတ်ငွေ့နှင့်သတ္တုတူးဖော်ရေးမှရရှိသော ဝင်ငွေများဖြင့် လူနေမှုဘဝများမြင့်မားတိုးတက်လာစေရေး အထောက် အကူပြုပေးနေသော ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖွဲ့ကြီးတခုလည်းဖြစ်ပါတယ်။

PWYP အဖွဲ့ကြီး၏ ထုတ်ပြန်ချက်တွင်  မြန်မာနိုင်ငံတွင်း လုပ်ငန်းဆောင်ရွက်နေသောကုမ္ပဏီများ၊ ရင်းနှီးမြှုပ် နှံသူများ နှင့်အခြား သက်ဆိုင်သူများအားလုံးအနေနဲ့  ကိုမာန်ဇာမြေမွန် ပြန်လည်လွတ်မြောက်စေရေးအတွက် ၄င်းတို့ရဲ့ သြဇာ အရှိန် အဝါ အသုံးပြုဖိအားပေးလုပ်ဆောင်ပေးကြဖို့ တိုက်တွန်းဖော်ပြထားပါတယ်။


Original Post: Khit Thit Media

PV Logo

Progressive Voice သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံလူတန်းစားအဖွဲ့အစည်းများနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် ခိုင်မာသောကွန်ရက်များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည့် အရပ်ဘက်လူ့အဖွဲ့အစည်းတွင် အမြစ်တွယ်နေသော မူဝါဒဆိုင်ရာ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့အစည်းဖြစ်သည်။ ၎င်းသည် မြေပြင်မှ အသံများကို ချဲ့ထွင်ကာ အခွင့်အရေးအခြေခံ ပေါ်လစီဇာတ်ကြောင်းကို ထောက်ခံအားပေးခြင်းဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နိုင်ငံတကာ မူဝါဒချမှတ်သူများအား ပေါင်းကူးတံတားတစ်ခုအဖြစ် ဆောင်ရွက်သည်။

လူမှုမီဒီယာလင့်ခ်များ

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia