အိတ်ဖွင့်ပေးစာ – တရားမဝင်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ငြင်းပယ်ရန်၊ အနည်းဆုံး ထိတွေ့ဆက်ဆံရေးမူကို ကြပ်မတ်အကောင်အထည်ဖော်ရန်၊ တာဝန်ယူမှု တာဝန်ခံမှု ဖော်ဆောင်ရေး ဆက်လက်တွန်းတိုက်ဆောင်ရွက်ရန်၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို အားပေးပံ့ပိုးကူညီရန် UNGA မှ သဘောတူဆုံးဖြတ်ချက်အသစ်တစ်ခု မဖြစ်မနေချမှတ်ရမည်

အိတ်ဖွင့်ပေးစာ – တရားမဝင်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ငြင်းပယ်ရန်၊ အနည်းဆုံး ထိတွေ့ဆက်ဆံရေးမူကို ကြပ်မတ်အကောင်အထည်ဖော်ရန်၊ တာဝန်ယူမှု တာဝန်ခံမှု ဖော်ဆောင်ရေး ဆက်လက်တွန်းတိုက်ဆောင်ရွက်ရန်၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို အားပေးပံ့ပိုးကူညီရန် UNGA မှ သဘောတူဆုံးဖြတ်ချက်အသစ်တစ်ခု မဖြစ်မနေချမှတ်ရမည်

သို့
ကုလသမဂ္ဂအထွေထွေညီလာခံ အဖွဲ့ဝင်နိုင်ငံများ
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်

ရက်စွဲ။   ။၂၀၂၆ ခုနှစ်၊ ဇူလိုင်လ၊ ၃ ရက်နေ့

အိတ်ဖွင့်ပေးစာ။            ။တရားမဝင်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ငြင်းပယ်ရန်၊ အနည်းဆုံး     ထိတွေ့ဆက်ဆံရေးမူကို ကြပ်မတ်အကောင်အထည်ဖော်ရန်၊ တာဝန်ယူမှု တာဝန်ခံမှု ဖော်ဆောင်ရေး ဆက်လက်တွန်းတိုက် ဆောင်ရွက်ရန်၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် မြန်မာပြည်သူများ၏ ကြိုးပမ်း အားထုတ်မှုများကို အားပေးပံ့ပိုးကူညီရန် UNGA မှ သဘောတူ ဆုံးဖြတ်ချက်အသစ် တစ်ခု မဖြစ်မနေချမှတ်ရမည်။

လေးစားအပ်ပါသော အတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်တော်များရှင်/ခင်ဗျာ

အောက်ပါဆောင်ရွက်ချက်များပါဝင်သည့် ခိုင်မာအားကောင်းသော ညီလာခံသဘောတူဆုံးဖြတ်ချက် အသစ် တစ်ခုချမှတ်ရန် ဤအိတ်ဖွင့်ပေးစာကို အဖွဲ့အစည်း ၁၉၁ ဖွဲ့တို့မှ ပါဝင်လက်မှတ်ရေးထိုးထားသည့် မိမိတို့ မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဘက် လူမှုအဖွဲ့အစည်းများက ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) ကို အရေးပေါ် တိုက်တွန်း တောင်းဆိုအပ်ပါသည်။

၁။ စစ်အုပ်စု၏ အလိမ်အညာရွေးကောက်ပွဲကို ငြင်းပယ်ပြီး အရပ်သားအစိုးရအသွင် ပုံပြောင်းထားသည့် မည်သည့် စစ်အုပ်စုယန္တရားကိုမဆို အသိအမှတ်ပြုမှု ငြင်းပယ်ရန်။
၂။ စစ်အုပ်စုနှင့် အနည်းဆုံးနိုင်ငံရေးထိတွေ့ဆက်ဆံမှုပြုလုပ်ရေးဆိုင်ရာ ကုလသမဂ္ဂ၏ဝါဒကို အတိအကျ လိုက်နာအကောင်အထည်ဖော်ရန်။
၃။ ပိုမိုဆိုးရွားပြင်းထန်လာသော လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ကပ်ဘေးအခြေအနေနှင့် ပတ်သက်ပြီး ထိရောက်သော တုန့်ပြန်အရေးယူဆောင်ရွက်မှု ပြုလုပ်ရန်။
၄။ လေယာဉ်ဆီ၊ လက်နက် နှင့် အရပ်ဘက်-စစ်ဘက်နှစ်မျိုးသုံး နည်းပညာများ ပိတ်ပင်ခြင်းအားဖြင့် စစ်အုပ်စုကို ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နိုင်စွမ်းမရှိအောင် ကန့်သတ်မှုများပြုလုပ်ရန်။
၅။ စစ်အုပ်စု၏ ရမ်းကားအကြမ်းဖက်မှုလုပ်ငန်းများကို ငွေကြေးထောက်ပံ့မှုပေးနေသော နိုင်ငံဖြတ်ကျော် ရာဇဝတ်စီးပွားရေးလုပ်ငန်းများကို ဆန့်ကျင်တိုက်ဖျက်ရန်။
၆။ ရှိနေသော ဥပဒေလမ်းကြောင်းအားလုံးမှတစ်ဆင့် နိုင်ငံတကာ တာဝန်ယူမှု တာဝန်ခံမှု ဖော်ဆောင်ရေး ဆက်လက်တွန်းတိုက်ဆောင်ရွက်ရန် တို့ဖြစ်သည်။

အတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်တော်များရှင်/ခင်ဗျာ

တရားမဝင်စစ်အုပ်စုသည် လွန်ခဲ့သော ငါးနှစ်အတွင်း ပြည်သူအပေါ် ရမ်းကားအကြမ်းဖက်မှုများ အကြီးအကျယ် ကျူးလွန်လာခဲ့သည်။ ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ်မှစ၍ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၃၁,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး မှတ်တမ်းတင်ထားနိုင်သော အရေအတွက်များအရ အုပ်စုလိုက်သတ်ဖြတ်မှု ၅၀၁ ကြိမ်အထိ ဖြစ်ပေါ်ခဲ့သည်။ အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စုသည် အရပ်သားပြည်သူ ၄,၈၅၃ ဦးအထိ သေဆုံးစေခဲ့သည့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၉,၇၉၄ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ထိုသို့သော အကြမ်းဖက်လုပ်ရပ်များ မှတစ်ဆင့် ၎င်း၏ အတုအယောင်ရွေးကောက်ပွဲအတွက် နိုင်ငံရေးတရားဝင်မှု အဓမ္မဖန်တီးရယူနိုင်ရန် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့သည်။ မဲပေးပွဲ ကာလဖြစ်သော ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကြား ကာလ တစ်ခုထဲတွင်ပင် အတိုက်အခံများကို နှိမ်နင်းရန် ရည်ရွယ်သည့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ အနည်းဆုံး ၁၇၀ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး (OHCHR)က မှတ်တမ်းတင်ထားသည်။ စစ်အုပ်စုသည် ရွေးကောက်ပွဲဆိုင်ရာ လျှို့ဝှက်လုံခြုံမှုမရှိအောင် စနစ်တကျစီမံဖျက်ဆီးခဲ့ပြီး ပြည်သူအနည်းဆုံး ၄၀၄ ဦးကို အမည်ခံ ‘ရွေးကောက်ပွဲ အကာအကွယ်ပေးရေးဥပဒေ’ အရ တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထိုကာလအတွင်း အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု သိသိသာသာ မြင့်တက်လာခဲ့ခြင်းက ထို ‘ရွေးကောက်ပွဲ’ သည် နိုင်ငံရေးဖြစ်စဉ် တစ်ခုမဟုတ်ပဲ စစ်လက်နက်တစ်ခုသာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။

ထို့ပြင် စစ်တပ်သည် လိင်ပိုင်းအကြမ်းဖက်မှုနှင့် ဂျန်ဒါအခြေပြုအကြမ်းဖက်မှု ကျူးလွန်ခြင်းကို စစ်ဗျူဟာ တစ်ခုအဖြစ် စနစ်တကျအသုံးချနေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အစီရင်ခံချက်က အတည်ပြု ခဲ့သည်။ ဤသို့သောရက်စက်ကြမ်းကြုတ်မှုများအပြင် မြန်မာနိုင်ငံသည် နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများ အခြေစိုက်ရာ ဒေသတွင်းဗဟိုချက်မနေရာတစ်ခုလည်း ဖြစ်လာနေသည်။ ဆိုက်ဘာ ငွေလိမ်လုပ်ငန်းစင်တာများ နှင့် တရားမဝင်မူးယစ်ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းများသည် စစ်အုပ်စုလက်အောက်တွင် ကြီးထွားလာနေပြီး စစ်အုပ်စုအပေါ်  နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများကို ကျော်လွှားနိုင်စေသည့် အဓိကကျသော ငွေရလမ်းတစ်ခု ဖြစ်လာနေကာ တစ်ကမ္ဘာလုံးအတိုင်းအတာအထိ မတည်ငြိမ်မှုများ ပြန့်နှံ့ဖြစ်ပေါ်စေလျက်ရှိသည်။ တစ်ဖက်တွင်မူ ကွဲပြားစုံလင်သော မြန်မာလူမှုအသိုင်းအဝိုင်းနှင့် ဒီမိုကရေစီတော်လှန်ရေးအစုအဖွဲ့များသည် လူထုဦးဆောင်သော အုပ်ချုပ်ရေးစနစ်ကို မြေပြင်အဆင့်မှစ၍ ရဲဝင့်စွာ တည်ဆောက်နေကြကာ ရေရှည်တည်တံ့ ခိုင်မြဲသော ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်တစ်ခုကို တက်ကြစွာ ကိုယ်တိုင်ထုဆစ်ပုံဖော်နေကြသည်။

ဤသို့ အကြမ်းဖက်အကျပ်ကိုင်မှုများဖြင့် ပြည့်နေသည့် ရွေးကောက်ပွဲအမည်ခံ လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်ပြီးနောက် စစ်အုပ်စုသည် အရပ်သားမျက်နှာဖုံးစွပ်ကာ ၎င်း၏ပုံရိပ်အသစ်တစ်ခုကို ပုံဖော်လိုက်ပြီး မင်းအောင်လှိုင်မှာလည်း သမ္မတတစ်ဦးအဖြစ် မိမိကိုယ်ကို ပြန်လည်ခန့်အပ်ခဲ့သည်။ စစ်အုပ်စု၏ ‘ရွေးကောက်ပွဲ’ သည် လွတ်လပ်မျှတမှုမရှိကြောင်း လူ့အခွင့်အရေးကောင်စီက အတိအလင်း အတည်ပြု ထားပြီးသားဖြစ်သည်။ ထို့ကြောင့် UNGA သည် သံအမတ်ကြီး ဦးကျော်မိုးထွန်း ၏ အရေးပေါ် မေတ္တာရပ်ခံ တိုက်တွန်းချက်အတိုင်း အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ငြင်းပယ်ရန် နှင့် ထိုမှ ထွက်ပေါ်လာသော အုပ်ချုပ်ရေး ယန္တရားများကို အသိအမှတ်ပြုမှုပေးသည့် အဓိပ္ပါယ်သက်ရောက်နိုင်သော လုပ်ဆောင်မှုများကို ရှောင်ရှားရန် မဖြစ်မနေဆောင်ရွက်ရမည်။ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ၏ တရားဝင် အသိအမှတ်ပြုမှုနှင့် ကိုယ်စားပြုခွင့် ဆိုင်ရာကိစ္စများသည် မြန်မာပြည်သူလူထု၏ ဆန္ဒနှင့် ၎င်းတို့၏ ဒီမိုကရေစီမျှော်မှန်းချက်များကို မဖြစ်မနေ ဆက်လက်ထင်ဟပ်မှုရှိရန် လိုအပ်ပြီး စစ်အုပ်ချုပ်မှုကို တရားဝင်မှု ပေးသည့် အသုံးချခံအရာတစ်ခု လုံးဝ မဖြစ်ရန်လိုအပ်သည်။ စစ်အုပ်စု၏ ယန္တရားများကို တရားဝင်မှုပေးသည့် မည်သို့သော အသိအမှတ်ပြုမှု သို့မဟုတ် ထိတွေ့ဆက်ဆံမှုမဆို လက်ရှိ ဆက်လက်ဖြစ်ပေါ်နေသော နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများအား ပုံမှန်အခြေအနေသဖွယ် အသားကျသွားစေနိုင်သည့် အန္တရာယ်ရှိပြီး နိုင်ငံတကကာ တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကိုလည်း ထိခိုက်စေသည်။

UNGA အနေဖြင့် မြန်မာနိုင်ငံသို့ လက်နက်များ စီးဝင်နေမှုကို ရပ်တန့်စေရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) အား လက်နက်ပိတ်ဆို့အရေးယူမှု ချမှတ်ရန် သီးသန့်တောင်းဆိုခြင်းအပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းစီအလိုက်  လက်နက်ပိတ်ဆို့မှုများ ချမှတ်လာစေရေးတို့အတွက် ကြိုးပမ်းအားထုတ်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်ပေးရန် မိမိတို့မှ UNGA အား တောင်းဆိုပါသည်။ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ပြင်းထန်စွာ ချိုးဖောက်နေသော စစ်တပ်၏ စွမ်းဆောင်ရည်ကို အထောက်အကူပြုနေသော စက်ကိရိယာများနှင့် ရန်ပုံငွေများ စီးဝင်မှုကို တားဆီးရန်အတွက်လည်း နိုင်ငံတကာ၏ ကြိုးပမ်းမှုများကို မဖြစ်မနေ တိုးမြှင့်လုပ်ဆောင်ရမည် ဖြစ်သည်။ UNGA အနေဖြင့် မြန်မာစစ်တပ်ထံ လေယာဉ်ဆီ ထောက်ပံ့မှုကို တားမြစ်ပိတ်ပင်သည့် ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုများ ချမှတ်ရန် UNSC သို့ တောင်းဆိုသင့်ပါသည်။

ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေမှုမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေခြင်းက မြန်မာစစ်အုပ်စုအား နိုင်ငံတကာဥပဒေများကို နေ့စဉ်နှင့်အမျှ ဆက်လက်ချိုးဖောက်ရန် တွန်းအားပေးရာရောက်စေပြီး လမ်းဖွင့်ပေးသကဲ့သို့ ဖြစ်စေခဲ့သည်။ မြန်မာစစ်တပ်သည် နိုင်ငံတကာဥပဒေကို လိုက်နာရန်နှင့် ဥပဒေချိုးဖောက်မှုများကို ရပ်တန့်ရန် တောင်းဆိုထားသည့် UNGA ၏ ဆုံးဖြတ်ချက်များကို ဆယ်စုနှစ်ပေါင်းများစွာ ပယ်ချ လျစ်လျူရှုခဲ့သည်။ ယခုအခါ UNGA အနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံတကာဥပဒေကို အလေးထား လိုက်နာစေရန်အတွက် ယခင်ကထက် ပိုမိုပြတ်သားသော ကြိုးပမ်းအားထုတ်မှုများကို လုပ်ဆောင်ရမည် ဖြစ်သည်။ အထူးသဖြင့် UNGA သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေအနေများကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) သို့ လွှဲပြောင်းပေးရေး UNSC သို့ တောင်းဆိုသင့်သည့်အပြင်၊ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က ချမှတ်ထားသည့် ကြားကာလအစီအမံများကို မြန်မာစစ်တပ်မှ ချိုးဖောက်နေခြင်းအား ကိုင်တွယ်ဖြေရှင်းရန် အတွက် အစည်းအဝေးတစ်ရပ် ခေါ်ယူပေးရန် UNSC သို့ တောင်းဆိုသင့်သည်။ ထို့ပြင် မြန်မာစစ်တပ်၏ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများကို အရေးယူရန်အတွက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများတွင် နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) ကို ကျင့်သုံးဆောင်ရွက်လာမှုအပေါ် ကြိုဆိုထောက်ခံသင့်သည်။

အတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်တော်များရှင်/ခင်ဗျာ

ကုလသမဂ္ဂက တင်းကျပ်စွာ ချမှတ်ထားသည့် စစ်အုပ်စုနှင့် အနည်းဆုံးထိတွေ့ဆက်ဆံရေးဆိုင်ရာမူဝါဒကို မိမိတို့ အသိအမှတ်ပြုသော်လည်း လက်ရှိတွင် ကုလသမဂ္ဂအေဂျင်စီအချို့က ကျင့်သုံးနေသည့် လက်တွေ့လုပ်ငန်း အကောင်အထည်ဖော်မှုဆိုင်ရာ အလေ့အထများသည် အောက်ဖော်ပြပါ နည်းလမ်းများမှတစ်ဆင့် ကုလသမဂ္ဂက ချမှတ်ထားသော အခြခံမူများ၊ မူဝါဒများနှင့် သွေဖယ်နေလျက်ရှိကြောင်း တွေ့ရှိရပြီး ထိုအခြေအနေအပေါ် မိမိတို့အနေဖြင့် စိုးရိမ်ပူပန်မိပါသည်။

  • သွယ်ဝိုက်ငွေကြေးထောက်ပံ့မှုဖြစ်စေခြင်း – အချို့သော လုပ်ငန်းပိုင်းဆိုင်ရာ အစီအမံများသည် စစ်အုပ်စုကထိန်းချုပ်ထားသော အဖွဲ့အစည်းနှင့်ယန္တရားများကို ဘဏ္ဍာရေး အကျိုးအမြတ်များ ရရှိစေနိုင်သည်။
  • မူဝါဒလက်တွေ့ကျင့်သုံးမှု တစ်ပြေးညီမရှိခြင်း – ကုလသမဂ္ဂအေဂျင်စီများသည် စစ်တပ်လက်အောက်ခံ အာဏာပိုင်အဖွဲ့များ၊ စစ်တပ်ထိန်းချုပ်နယ်မြေများနှင့်သာ ဦးစားပေးထိတွေ့ဆက်ဆံမှု ပြုလုပ်ကြပြီး တော်လှန်ရေး ထိန်းချုပ်နယ်မြေများနှင့် ထိတွေ့ဆက်ဆံခြင်းကို ကန့်သတ်မှုများ ပြုလုပ်ထားကြသည်။
  • စစ်အုပ်စုနှင့်ဆက်နွှယ်သော စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း – စစ်တပ်နှင့် ဆက်နွှယ်မှု ရှိနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောနိုင်ငံတကာအချက်အလက်ရှာဖွေရေး မစ်ရှင် (IIFFMM) ကသတ်မှတ်ထားသော ကုမ္ပဏီများနှင့် ဆက်လက်ထိတွေ့ဆက်ဆံမှုများ ရှိနေကြောင်း ယုံကြည်ရသော သတင်းအချက်အလက်များက ညွှန်ပြနေသည်။
  • မြန်မာကုလသမဂ္ဂဝန်ထမ်းများအပေါ် အကျပ်ကိုင်မှုများ – စစ်အုပ်စုထိန်းချုပ်ထားသော အဖွဲ့အစည်းများ/ ယန္တရားများနှင့် လက်တွဲလုပ်ဆောင်ရန် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံအခြေစိုက် မြန်မာဝန်ထမ်းများကို စစ်အုပ်စု၏ အုပ်ချုပ်ရေးမှူးများ/အာဏာပိုင်များက ဖိအားပေးမှုများနှင့် အကျပ်ကိုင်မှုများ ပြုလုပ်နေကြောင်း အစီရင်ခံစာများက ညွှန်ပြနေပြီး ဤအခြေအနေက အဆိုပါဝန်ထမ်းများ၏ လုံခြုံမှု၊ သီးခြားလွတ်လပ်မှုနှင့် ပရော်ဖက်ရှင်နယ်တာဝန်ကျေပွန်မှုကို ခြိမ်းခြောက်မှုများ ဖြစ်စေလျက်ရှိသည်။
  • အလျော့ပေး ပူးပေါင်းဆောင်ရွက်ခြင်း – စစ်တပ်မှ ဟန်ပြဖွဲ့စည်းထားသည့် ​ရှေ့ထွက်အဖွဲ့အစည်းများနှင့် နည်းပညာအရ ပူးပေါင်းဆောင်ရွက်မှုများနှင့် လူသိရှင်ကြား ထိတွေ့ဆက်ဆံမှုများသည် ကုလသမဂ္ဂ ချဉ်းကပ်ဆောင်ရွက်ပုံ၏ သမာသမတ်ကျမှုနှင့် ယုံကြည်စိတ်ချရမှုနှင့် ပတ်သက်ပြီး အများအမြင်တွင် စိုးရိမ်စရာများ ဖြစ်စေသည်ဟု မြေပြင်အဖွဲ့အစည်းများက ထောက်ပြကြသည်။

၂၀၁၉ ခုနှစ် ရိုစန်သယ်အစီရင်ခံစာ (Rosenthal Report) ထဲတွင် ရိုဟင်ဂျာ အကျပ်အတည်းအပေါ် တုန့်ပြန် ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ၏ စနစ်ပိုင်းဆိုင်ရာ ကျရှုံးပျက်ကွက်မှုများကို ဖော်ထုတ်တင်ပြ ထားသော်လည်း ထိုအစီရင်ခံစာပါ အကြံပြုချက်များကို အကောင်အထည်ဖော်မှု နှင့်ပတ်သက်ပြီး ကြီးမားသော စိုးရိမ်ပူပန်ဖွယ်ရာများ ယနေ့အချိန်အထိ ဆက်ရှိနေသည်။ ထိုအတွေ့အကြုံများကရသည့် သင်ခန်းစာများကို ကုလသမဂ္ဂစနစ်တစ်ခုလုံးတွင် အမှန်တကယ် အပြည့်အဝ ပြန်လည်ပေါင်းစပ်အကောင်အထည်ဖော်မှုရှိကြောင်း သေချာစေရန်အတွက် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုတာဝန်ခံမှု ပိုမိုအားကောင်အောင် ဆောင်ရွက်ရန် လိုအပ်နေသည်။ ကုလသမဂ္ဂအေဂျင်စီများ အားလုံးသည် လူ့အခွင့်အရေး ပထမဦးစားပေးရေး ဆိုင်ရာ လုပ်ငန်းစီမံချက် (Human Rights Up Front Action Plan) ကို တင်းကျပ်စွာ ကြပ်မတ်အကောင်အထည်ဖော်ရန် လိုအပ်ပြီး ထို့အတွက် အောက်ဖော်ပြပါ အဖွဲ့တွင်းပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဦးစားပေးလုပ်ဆောင်ချက်များကို လက်တွေ့အကောင်အထည်ဖော်ရမည်။

  • ကုလသမဂ္ဂ၏ အခြေခံအကျဆုံးမူများကို လေးစားလိုက်နာမှုရှိအောင် ကြပ်မတ်ဆောင်ရွက်ပါ – ရှေ့နောက်မညီသည့် ကြားနေမူဝါဒ လက်တွေ့ကျင့်သုံးမှုများကို ကုလသမဂ္ဂ၏ လုပ်ငန်းအားလုံးမှ ဖယ်ရှားရမည်။
  • အကူအညီပေးသည့် လမ်းကြောင်းပြောင်းပါ – စစ်အုပ်စုကထိန်းချုပ်ထားသော လမ်းကြောင်းများကို ရှောင်ရှားပါ။ ဒေသခံ အရပ်ဘက်လူမှုအသိုင်းအဝိုင်း၊ NUG နှင့် EROs တို့ကို တိုက်ရိုက်ရန်ပုံငွေပံ့ပိုးပြီး ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ပါ။
  • တရားဝင်မှုပေးခြင်း ရပ်တန့်ပါ – တရားမဝင်အာဏာပိုင်များကို တရားဝင်ထောက်ခံမှု ဖြစ်စေသည့် အဖွဲ့အစည်းချင်း ပူးပေါင်းဆောင်ရွက်မှုများ သို့မဟုတ် နေပြည်တော်တွင် စစ်အုပ်စုနှင့်အတူ လူမြင်ကွင်း ထွက်ပြသည့်လုပ်ရပ်များ အားလုံးကို ရပ်ဆိုင်းပါ။
  • ကျင့်ဝတ်ဝတ္တရားဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ထည့်သွင်းအကောင်အထည်ဖော်ပါ – ခိုင်မာသော ကျင့်ဝတ်ဝတ္တရားဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (due diligence) နှင့် စိစစ်အတည်ပြုရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများချမှတ်ကာ မည်သည့်ကုလသမဂ္ဂအေဂျင်စီမှ ပိတ်ဆို့အရေးယူခံထားရသော ပုဂ္ဂိုလ်များနှင့် ကန်ထရိုက်ချုပ်ဆို ပူးပေါင်းဆောင်ရွက်ခြင်း မရှိစေရန် အခိုင်အမာဆောင်ရွက်ပါ။
  • အဖွဲ့တွင်းကြီးကြပ်မှုနှင့် တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာ ယန္တရားများ ပိုမိုခိုင်မာအားကောင်းအောင် ဆောင်ရွက်ပါ – လူသားချင်းစာနာမှုအကူအညီများကို အများပိုမိုလက်လှမ်းမှီနိုင်စေရန်နှင့် နိုင်ငံတကာ ဥပဒေဆိုင်ရာ တာဝန် ဝတ္တရားများကို ကာကွယ်မြှင့်တင်နိုင်ရန်အတွက် ကုလသမဂ္ဂ၏ ဌာနေလုပ်ငန်းများ အပေါ် အဖွဲ့အစည်းတွင်း ကြီးကြပ်ကွပ်ကဲမှု ပိုမိုအားကောင်းလာစေရန် လည်းကောင်း၊ ကုလသမဂ္ဂ စနစ်တစ်ခုလုံး အတိုင်းအတာ တာဝန်ယူမှုတာဝန်ခံမှု ပိုမိုအားကောင်းလာစေရန် လည်းကောင်း အခိုင်အမာဆောင်ရွက်ပါ။

အတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်တော်များရှင်/ခင်ဗျာ

တစ်ကွဲတစ်ပြားစီဖြစ်နေသော အဖွဲ့အစည်းဆိုင်ရာ ချဉ်းကပ်ပုံနည်းလမ်းများကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများ မြန်မာနိုင်ငံအတွင်း အခြေစိုက်တည်ရှိနေမှုအပေါ် စစ်ရာဇဝတ်အုပ်စုက အသုံးချအမြတ်ထုတ်ခွင့် ရလာခဲ့သည်မှာ အလွန်ကြာမြင့် လာခဲ့ပြီဖြစ်သည်။ ကုလသမဂ္ဂအေဂျင်စီများသည် ကုလသမဂ္ဂက ချမှတ်ထားသော ဆုံးဖြတ်ချက်များနှင့်အတူ ပြတ်ပြတ်သားသား ရပ်တည်ကာ ကျင့်ဝတ်စံနှုန်းနှင့်အညီ တစ်သံတည်းထွက်အောင် မဖြစ်မနေဆောင်ရွက်ရမည်။

ထို့ပြင် ဆုံးဖြတ်ချက်အသစ် မချမှတ်နိုင်အောင် ဗီတိုအာဏာသုံးပိတ်ပင်မှုများ ပြုလုပ်လေ့ရှိသည့် အဖွဲ့ဝင်အချို့ ပါဝင်နေသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) သည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အခန်း (၇) ပါ ၎င်း၏ လုပ်ပိုင်ခွင့် အာဏာကို ကျင့်သုံး၍ မြန်မာနိုင်ငံ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် အကြိမ်ကြိမ် ပျက်ကွက်လာခဲ့သည်။ ထို့ကြောင့် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) အနေဖြင့် မြန်မာ့အရေးနှင့် ပတ်သက်သည့် နိုင်ငံတကာ၏ ကြိုးပမ်းအားထုတ်မှုများတွင် ပိုမိုပြတ်သားသော ခေါင်းဆောင်မှုကို ပြသရန် မိမိတို့အနေဖြင့် အရေးတကြီး တိုက်တွန်းတောင်းဆိုပါသည်။ UNGA သည် အကျပ်အတည်း၏ အရေးပေါ် အခြေအနေကို ထင်ဟပ်မှုရှိသော၊ အတုအယောင်ရွေးကောက်ပွဲ မှတစ်ဆင့် စစ်အုပ်ချုပ်မှုတရားဝင်မှုရရှိရေး ကြိုးပမ်းနေသည့် ပုံစံပြောင်းစစ်အုပ်စုကို ငြင်းပယ်သော၊ နိုင်ငံတကာဥပဒေ တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုကို အခြေခံသည့် လူ့အခွင့်အရေးအခြေပြု ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်တစ်ခုကို အားပေး ထောက်ခံသော ခိုင်မာအားကောင်းသည့် ညီလာခံသဘောတူဆုံးဖြတ်ချက်တစ်ခု မဖြစ်မနေချမှတ်ရန် လိုအပ်သည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

ယခုအိတ်ဖွင့်ပေးစာကို အမည်မဖော်ပြလိုသည့် အရပ်ဘက်လူထုအဖွဲ့အစည်း ၂၂ ဖွဲ့အပါအဝင် အရပ်ဘက်လူထုအဖွဲ့အစည်း စုစုပေါင်း ၁၉၁ ဖွဲ့တို့က လက်မှတ်ရေးထိုးထားပါသည်။

  1. 5/ Lapantang Strike Column
  2. 5/ of Zaya State Strike Committee
  3. 8888 Generation (New Zealand)
  4. Action Committee for Democracy Development (ACDD)
  5. All Arakan Youth Organizations Network (AAYON)
  6. All Burma Democratic Front in New Zealand
  7. ALTSEAN-Burma
  8. Anti-Junta Alliance Yangon – AJAY
  9. Anti-junta Forces Coordination Committee – Mandalay (AFCC – Mandalay)
  10. Anyar Pyit Taing Htaung Lay Myar Strike Committee
  11. Arakan CSO Network
  12. Arakan Youth Peace Network
  13. Asia Democracy Network (ADN)
  14. Asia Human Rights and Labour Advocates (AHRLA)
  15. Asian Forum for Human Rights and Development (FORUM-ASIA)
  16. Association of Spring Rainbow (ASR)
  17. Association of Human Rights Defenders and Promoters (HRDP)
  18. Athan – Freedom of Expression Activist Organization
  19. Auckland Kachin Community NZ
  20. Auckland Zomi Community
  21. Ayadaw Strike Committee
  22. Ayeyarwaddy West Development Organisation (AWDO), Magway
  23. Ayeyarwaddy West Development Organisation (AWDO), Nagphe
  24. Back Pack Health Worker Team (BPHWT)
  25. Blood Money Campaign (BMC)
  26. Budalin Strike Force
  27. Burma Action Ireland
  28. Burma Campaign UK (BCUK)
  29. Burma Canadian Network
  30. Burma Concern
  31. Burma Human Rights Network (BHRN)
  32. Burma Medical Association (BMA)
  33. Burmese Atheists
  34. Burmese Community Group (Manawatu, NZ)
  35. Burmese Rohingya Organisation UK (BROUK)
  36. Burmese Rohingya Welfare Organisation New Zealand
  37. Burmese Women’s Union (BWU)
  38. Campaign for a New Myanmar
  39. CDM Medical Network (CDMMN)
  40. Chin Community of Auckland
  41. Chin Human Rights Organization (CHRO)
  42. Chindwin Riverside Villages Strike Committee
  43. Civil Information Network (CIN)
  44. Dagon University Student’s Union (DUSU)
  45. Defend Myanmar Democracy (DMD)
  46. Doh Atu – Ensemble pour le Myanmar
  47. Educational Initiatives Prague
  48. Equality Myanmar (EQMM)
  49. Ethnic Youth General Strike Committee (Mandalay)
  50. Federal Myanmar Benevolence Group (NZ)
  51. Federation of Basic Education Worker Unions (FBEWU )
  52. Free Burma Campaign (South Africa) (FBC (SA))
  53. Gandhi Development Trust
  54. General Strike Collaboration Committee (GSCC)
  55. General Strike Coordination Body – GSCB
  56. Generation Wave (GW)
  57. German Solidarity with Myanmar e.V.
  58. Greater Equitable Measures (GEM), Malaysia
  59. Hpakant Hmawlae Strike Force
  60. Human Rights Educators’ Network (HREN)
  61. Human Rights Foundation of Monland (HURFOM)
  62. India for Myanmar
  63. Info Birmanie
  64. Inle Women Union
  65. International Campaign for the Rohingya
  66. International Peace Bureau (IPB)
  67. Justice For Myanmar (JFM)
  68. Justice & Equality Focus (JEF)
  69. Kachin Human Rights Watch (KHRW)
  70. Kachin Women’s Association Thailand (KWAT)
  71. Kalay Township People’s Strike Steering Committee – KPSSC
  72. Kani Township Strike Steering Committee
  73. Kantbalu Township Strike Force
  74. Karen Human Rights Group (KHRG)
  75. Karen Peace Support Network (KPSN)
  76. Karen Women’s Organization (KWO)
  77. Karenni Civil Society Network (KCSN)
  78. Karenni Human Rights Group (KnHRG)
  79. Karenni National Women’s Organization (KNWO)
  80. Karenni Society New Zealand
  81. Kawthoolei Women’s Network
  82. Keng Tung Youth
  83. Kyae Lak Myay
  84. Kyauktada Strike Committee (KSC)
  85. Latpadaung Anti-coup Strike Force
  86. Latpadaung Region Strike Committee
  87. LGBT Alliance Myanmar
  88. MAGGA Initiative (MI)
  89. Magway People’s Revolution Committee
  90. Magway Region Human Rights Network
  91. Mandalay Medical Family (MFM)
  92. Mandalay Strike Force (MSF)
  93. MayMyo Strike Force
  94. Metta Campaign Mandalay
  95. Monywa People’s Strike Steering Committee
  96. Monywa-Amyint Road Strike Committee
  97. Myanmar Accountability Project (MAP)
  98. Myanmar anti-military coup movement in New Zealand
  99. Myanmar Community Group Christchurch New Zealand
  100. Myanmar Community Group Dunedin New Zealand
  101. Myanmar Emergency Fund-Canada
  102. Myanmar Engineers – New Zealand
  103. Myanmar Gonye (New Zealand)
  104. Myanmar Labour Alliance (MLA)
  105. Myanmar Students’ Union in New Zealand
  106. Myaung People Strike Steering Committee
  107. MyaYar Knowledge Tree
  108. Myingyan Civilian Movement Committee
  109. Nelson Myanmar Community Group New Zealand
  110. Network for Human Rights Documentation – Burma (ND-Burma)
  111. New Bloom (Taiwan)
  112. New Myanmar Foundation
  113. New Zealand Campaign for Myanmar
  114. New Zealand Doctors for NUG
  115. New Zealand Karen Association
  116. New Zealand Zo Community Inc.
  117. No Business With Genocide
  118. Olive organization
  119. Overseas Mon Association. New Zealand
  120. Pale People’s Strike Steering Committee
  121. People Movement Platform Myanmar
  122. People’s Empowerment Foundation (PEF)
  123. Political Prisoners Network – Myanmar (PPNM)
  124. Progressive Voice (PV)
  125. Pyithu Gonye (New Zealand)
  126. Rohingya Maìyafuìnor Collaborative Network (RMCN)
  127. Rvwang Community Association New Zealand
  128. RW Welfare Society (RWWS)
  129. Save Myanmar Fundraising Group (New Zealand)
  130. SEA Junction
  131. Shan Community (New Zealand)
  132. Shan MATA
  133. Shwebo Strike Force
  134. Sisters 2 Sisters
  135. Sitt Nyein Pann Foundation (SNPF)
  136. Southern Youth Development Organization (SYDO)
  137. Spirit in Education Movement (SEM),Thailand
  138. Sujata Sisters Group (NZ)
  139. Ta’ang Women Organization (TWO)
  140. Taiwan Association for Human Rights
  141. The Ladies Organization
  142. Think Centre
  143. S. Campaign for Burma
  144. Unitarian Universalist Service Committee (UUSC)
  145. University of Medicine Mandalay Student Union Revolutionary Front – UMMSURF
  146. University Students’ Unions Alumni Force
  147. Volunteers in Myanmar
  148. Wetlet Strike Committee
  149. White Coat Society Yangon (WCSY)
  150. Women Alliance Burma (WAB)
  151. Women Lead Resource Center
  152. Women’s League of Burma (WLB)
  153. Women’s Organization of Political Prisoners (WOPP)
  154. Yadanabon University Students’ Union (YDNBUSU)
  155. Yain Nweh Par (Rainbow Win The Storm – RIS)
  156. Yangon Deaf Group
  157. Yinmarbin-Sarlingyi All Villages People Strike Leading Committee
  158. Youth Empowerment
  159. Youth Resources Strike Committee – Chaung U Township
  160. ဂန့်ဂေါဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့
  161. ဒို့မြေကွန်ရက် (LIOH)
  162. ဒို့မြေပြည်သူ့အကျိုးပြုအဖွဲ့ (တွံတေး)
  163. နွေဦးတမာန် နိုင်/ကျဉ်းကူညီရေးအဖွဲ့
  164. ပွင့်ဖြူဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့
  165. ပွင့်ဖြူလယ်ယာမြေကွန်ရက်
  166. မင်းဘူးတောင်သူများအစုအဖွဲ့
  167. မင်းလှတောင်သူများအစုအဖွဲ့
  168. မျိုးဆက်-Generations
  169. သမိုင်းသယ်ဆောင်သူများ

PDF ဖိုင်ကိုရယူရန် (English I မြန်မာဘာသာ)

Announcements



PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia