16 March 2026

ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်
၁။ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) နှင့် Human Rights in Myanmar- HRM တို့ပူးပေါင်းပြီး UNESCO ထောက်ပံ့မှုဖြင့် မြန်မာစစ်အုပ်စု၏ ၂၀၂၅- ၂၀၂၆ ခုနှစ်များအတွင်း ကျင်းပခဲ့သော အတုအယောင် ရွေးကောက်ပွဲ (Sham Election) တွင် ပြည်သူလူထုအား မှန်ကန်သော သတင်း အချက်အလက် များကို သိခွင့်မပေးဘဲ၊ ဒစ်ဂျစ်တယ်နည်းပညာများဖြင့် ပိတ်ဆို့ ဖြတ်တောက်မှုများ ပြုလုပ်ခဲ့ကြပြီး လုပ်ကြံဖန် တီးထားသော သတင်းအချက်အလက်များကို ၎င်းတို့၏လက်ဝေခံ မီဒီယာများမှ တဆင့် ဖြန့်ဝေခဲ့ကြခြင်းကို အစီရင်ခံစာ ထုတ်ပြန်နိုင်ရန် စနစ်တကျ လေ့လာခဲ့သည်။
၂။ စစ်အုပ်စုသည် လွတ်လပ်သော သတင်းမီဒီယာများမှ ထုတ်လုပ်ကြသော မှန်ကန်သည့် သတင်း အချက် အလက်များကို ပြည်သူလူထုများမှ ဖတ်ရှုခြင်း မပြုနိုင်အောင် ၎င်းတို့ထိန်းချုပ်ထားသော ဆက်သွယ်ရေး အော်ပရေတာများမှတဆင့် ဒစ်ဂျစ်တယ် နည်းပညာများကို အသုံးပြုပြီး ကန့်သတ်ပိတ်ပင်မှုများ၊ မတရား ဖမ်းဆီး ထောင်ချခြင်းများကို ပြုလုပ်ခဲ့ကြသည်။
၃။ ထိုကန့်သတ်ပိတ်ဆို့မှု များတွင် ပြည်မအခြေစိုက် Mainstream Media များ သာမက ပြည်နယ်နှင့်တိုင်း နေရာအနှံ့အပြားတွင် အခြေစိုက်ခဲ့ကြသော တိုင်းရင်းမီဒီယာများ၊ ဒေသအခြေပြု မီဒီယာများကိုပါ ကန့်သတ် ပိတ်ပင်မှုများ ပြုလုပ်ခဲ့ကြပါသည်။
၄။ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) သည် Human Rights in Myanmar- HRM နှင့်ပူးပေါင်းပြီး အတုအယောင် ရွေးကောက်ပွဲ ကာလတလျှောက်လုံးတွင် ပြည်သူလူထုများမှ သတင်းမှန် သိပိုင်ခွင့်ကို ဒစ်ဂျစ်တယ် နည်းပညာကို အသုံးပြုပြီး ပိတ်ဆို့ကန့်သတ်မှုများကို လက်နက်သဖွယ် အသုံးချခဲ့မှုများကို စနစ်တကျ လေ့လာပြီး ၂၀၂၅-၂၀၂၆ အတုအယောင်ရွေးကောက်ပွဲကာလများတွင် လွတ်လပ်သော သတင်းမီဒီယာများကို ပိတ်ဆို့ ကန့်သတ်ပုံများ နှင့် ပတ်သက်ပြီး အစီရင်ခံစာကို ထုတ်ပြန်လိုက်သည်။
လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ
ဆက်သွယ်ရန်
၁) ကိုကိုဇော် (ဆစ်ဂနယ် – +၉၅ ၉၂၅ ၅၈၀ ၃၂၆၂)
၂) တိုးဇော်လတ် (ဆစ်ဂနယ် – +၆၆ ၈၀ ၆၈၃ ၄၂၄၀)
မူရင်း original post.

15 July 2026

15 July 2026