ဖိလစ်ပိုင်အစိုးရ၏ မြန်မာစစ်အုပ်စုနှင့် သံတမန်ရေးအရ ထိတွေ့ဆက်ဆံခြင်းအား အရပ်ဘက်အဖွဲ့အစည်းများက ရှုတ်ချခြင်း

15 January 2026

ဖိလစ်ပိုင်အစိုးရ၏ မြန်မာစစ်အုပ်စုနှင့် သံတမန်ရေးအရ ထိတွေ့ဆက်ဆံခြင်းအား အရပ်ဘက်အဖွဲ့အစည်းများက ရှုတ်ချခြင်း

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်

ကျွန်ုပ်တို့ မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ အောက်တွင် လက်မှတ်ရေးထိုးထားသော အရပ်ဘက်အဖွဲ့အစည်း များသည် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Ma. Theresa Lazaro ၏ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့က နေပြည်တော်ခရီးစဉ်နှင့် မြန်မာ့တရားမဝင် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ခြင်းအပေါ် အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်းနှင့် စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောကြားအပ်ပါသည်။

စစ်အုပ်စုနှင့် ဤကဲ့သို့ ထိတွေ့ဆက်ဆံခြင်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းချိန်မှစ၍ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စနစ်တကျ ဖိနှိပ်မှုများအတွက် တာဝန်ရှိနေသည့် — နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင် (SSPC) ဟု အမည် ပြောင်းလဲထားသော — ဒီမိုကရေစီလုပ်ပိုင်ခွင့်အာဏာမရှိသည့် စစ်အုပ်စုကို မှားယွင်းသော တရားဝင်မှု ပေးအပ်ရာ ရောက်နေပါသည်။ စစ်အုပ်စု၏ ခေါင်းဆောင်များသည် စစ်ဝတ်စုံဖြင့်ဖြစ်စေ၊ အတုအယောင် ရွေးကောက်ပွဲပြဇာတ်နောက်ကွယ်မှ အရပ်သားဝန်ကြီးများ သို့မဟုတ် လွှတ်တော်အမတ်များအဖြစ် အယောင်ဆောင်ထားသည်ဖြစ်စေ ၎င်းတို့အား မြန်မာနိုင်ငံ၏ “ဗဟိုအစိုးရ” အဖြစ် ဆက်ဆံခြင်းသည် အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုများကို ဆုချသကဲ့သို့ ဖြစ်စေပြီး ရာဇဝတ်ကောင်များ၏ အုပ်ချုပ်မှုကို ပုံမှန်အခြေအနေအဖြစ် သတ်မှတ်ပေးရာ ရောက်ပါသည်။

ဤခရီးစဉ်သည် အောက်ပါကြီးမားသော စိုးရိမ်ပူပန်မှုများကို မြင့်တက်စေပါသည် –

အာဆီယံလုပ်ပိုင်ခွင့်ဘောင်ပြင်ပမှ လုပ်ကြံဖန်တီးထားသော နိုင်ငံရေးအစီအစဉ်ကို ပုံမှန်အဖြစ် သတ်မှတ်ခြင်း: နေပြည်တော်ရှိ စစ်အုပ်စုအား အုပ်ချုပ်ရေးအာဏာပိုင်အဖြစ် ဆက်ဆံခြင်းနှင့် ၎င်းတို့၏ ဟန်ပြ “အဆင့်သုံးဆင့် ရွေးကောက်ပွဲ” အစီအစဉ်ကို လက်ခံစဉ်းစားခြင်းသည် အန္တရာယ်ရှိသော စံနမူနာတစ်ခုကို အတည်ပြုပေးရာရောက်သည်။ ၎င်းသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် မြန်မာပြည်သူ လူထုကို အမှန်တကယ်ကိုယ်စားပြုသည့် ဒီမိုကရေစီအင်အားစုများ၏ တရားဝင်မှုကို ယုတ်လျော့စေ ပါသည်။

ဤချဉ်းကပ်မှုသည် အာဆီယံဘုံသဘောတူညီမှု (၅) ချက်နှင့် ကိုက်ညီမှု မရှိပါ။ ၎င်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးတရားဝင်ဖြစ်မှုအပေါ် ဝင်ရောက်စွက်ဖက်ခြင်း၊ မဖြေရှင်းနိုင်သေးသော ပဋိပက္ခတွင် တစ်ဖက်သတ် ပါဝင်ခြင်း၊ ရာဇဝတ်မှုကျူးလွန်နေသော အဖွဲ့အစည်းကို မထိုက်တန်သော အသိအမှတ်ပြုမှု ပေးခြင်းနှင့် မြန်မာပြည်သူများ၏ ဆန္ဒကို အမှန်တကယ် ကိုယ်စားပြုသော သက်ဆိုင်သူများ၏ တရားဝင်မှုကို ယုတ်လျော့စေခြင်းတို့ ဖြစ်စေပါသည်။

အာဆီယံ၏ ဆုံးဖြတ်ချက်များကို တိုက်ရိုက်ချိုးဖောက်လျက် အတုအယောင် ရွေးကောက်ပွဲကို တရားဝင်မှုပေးခြင်း: စစ်အုပ်စု၏ ရွေးကောက်ပွဲအစီအစဉ်များကို “နွေးထွေးပြီး အပြုသဘောဆောင်သော” ဆွေးနွေးမှု ခေါင်းစဉ်အောက်တွင် ထည့်သွင်းခြင်းသည် အာဆီယံ၏ သဘောတူညီထားသော ရပ်တည်ချက်နှင့် ဆန့်ကျင်သွေဖယ်နေသည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ပြုလုပ်ခဲ့သော အာဆီယံခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်တွင် “အကြမ်းဖက်မှုများ ရပ်တန့်ခြင်းနှင့် အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများသည် ရွေးကောက်ပွဲများထက် ဦးစွာ ပေါ်ပေါက်ရမည်” ဟု ရှင်းလင်းစွာ ဖော်ပြထားပါသည်။

ယနေ့ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ပိုမိုပြင်းထန်လာနေပြီး သန်းနှင့်ချီသော ပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကာ နိုင်ငံရေးခေါင်းဆောင်များ ထောင်သွင်းအကျဉ်းချခံထားရသကဲ့သို့ နိုင်ငံရေးပါတီ ၄၀ ကျော်မှာလည်း ဖျက်သိမ်းခံထားရသည်။ ထိုကဲ့သို့သောအခြေအနေများအောက်တွင် ကျင်းပသော မည်သည့် ရွေးကောက်ပွဲမဆိုသည် မသမာမှုများသာဖြစ်ပြီး ယုံကြည်လက်ခံနိုင်သော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြု၍မရနိုင်ပါ။ ထိုကဲ့သို့သော လုပ်ငန်းစဉ်ကို ထောက်ခံခြင်း သို့မဟုတ် ထိတွေ့ဆက်ဆံခြင်းသည် အာဆီယံ၏ ညီညွတ်မှုနှင့် ယုံကြည်စိတ်ချရမှုတို့ကို ထိခိုက်စေပါသည်။

အာဆီယံ ဗဟိုပြုမှုနှင့် စုပေါင်းခေါင်းဆောင်မှုကို ထိခိုက်စေခြင်း: ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်နိုင်ငံသည် အာဆီယံဗဟိုပြုမှုကို ထိန်းသိမ်းရန်နှင့် စုပေါင်းသဘောတူညီထားသော မူဘောင်များအတွင်း တိကျစွာဆောင်ရွက်ရန် အထူးတာဝန်ရှိသည်။ ဘုံသဘောတူညီချက် (၅) ရပ်၏ ပြင်ပမှနေ၍ စစ်အုပ်စုနှင့် နှစ်နိုင်ငံသီးသန့် နိုင်ငံရေးထိတွေ့ဆက်ဆံခြင်းသည် အာဆီယံ၏ ညီညွတ်မှုကို အားနည်းစေပြီး အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း ဒေသတွင်း ကတိကဝတ်များကို တစ်ဖက်သတ် ပြန်လည်သတ်မှတ်နိုင်သည်ဟူသော စံနမူနာဆိုးများကို ဖြစ်စေပါသည်။ တရုတ်နှင့် ရုရှားအပေါ် နက်ရှိုင်းစွာ မှီခိုနေရသော မြန်မာစစ်အုပ်စုကို ပုံမှန်အခြေအနေအဖြစ် ဆက်ဆံခြင်းသည် အာဆီယံ၏ စုပေါင်း အချုပ်အခြာအာဏာကို ပိုမိုအားနည်းသွားစေမည့် အန္တရာယ်ရှိသည်။

တရားဝင် ဒီမိုကရေစီအင်အားစုများကို ဖယ်ထုတ်ခြင်း: အစုလိုက်အပြုံလိုက် အကြမ်းဖက်မှု ကျူးလွန်သူ များနှင့် အဆင့်မြင့် ထိတွေ့ဆက်ဆံမှုကို ဦးစားပေးပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား လူမျိုးများနှင့် အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် မြန်မာနိုင်ငံ၏ တရားဝင် ဒီမိုကရေစီကိုယ်စားလှယ်များ နှင့် အနှစ်သာရရှိရှိ ထိတွေ့ဆက်ဆံရန် ပျက်ကွက်ခြင်းသည် စစ်အုပ်ချုပ်ရေးကို ငါးနှစ်နီးပါးကြာ တွန်းလှန် နေကြသည့် မြန်မာပြည်သူလူထုကြီးကို လျစ်လျူရှုရာ ရောက်ပါသည်။

နယ်စပ်ဖြတ်ကျော် ဆိုက်ဘာရာဇဝတ်မှုနှင့် လူကုန်ကူးမှုများကို အားပေးရာရောက်ခြင်း: မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံခြင်းသည် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုကွန်ရက်များမှ အကျိုးအမြတ်ရယူနေသော အုပ်စုကို ဆုချခြင်းဖြစ်သည်။ စစ်အုပ်စုလက်ထက်တွင် မြန်မာနိုင်ငံသည် အွန်လိုင်းငွေလိမ်ဂိုဏ်းများ၏ အဓိကဆုံချက်ဖြစ်လာပြီး ဖိလစ်ပိုင်နိုင်ငံသားများအပါအဝင် လူထောင်ပေါင်းများစွာကို အဓမ္မခိုင်းစေခြင်းနှင့် လူကုန်ကူးခြင်းများ ဖြစ်စေခဲ့သည်။ စစ်အုပ်စုသည် ဤရာဇဝတ်မှုများကို ဖြေရှင်းမည့် မိတ်ဖက်မဟုတ်ဘဲ ဤရာဇဝတ်မှုများကို အဓိကအားပေးကူညီနေသူအဖြစ်သာ အသိအမှတ်ပြုရမည်ဖြစ်သည်။

အကြမ်းဖက်မှု ပိုမိုကြီးထွားလာမှုကို အားပေးခြင်း: ပ်ကြံဖန်တီးထားသော ရွေးကောက်ပွဲရလဒ်များကို လက်ခံခြင်းသည် မြန်မာ့ပဋိပက္ခကို လျော့နည်းစေမည်မဟုတ်ဘဲ ပိုမိုပြင်းထန်လာစေမည်သာ ဖြစ်သည်။ စစ်အုပ်စုအတွက် ရွေးကောက်ပွဲများသည် ညှိနှိုင်းမှုဆီသို့ ဦးတည်သောခြေလှမ်းမဟုတ်ဘဲ တရားဝင်မှုနှင့် စစ်ရေးလှုပ်ရှားမှုများအတွက် အချိန်ရယူသည့် ကိရိယာတစ်ခုသာ ဖြစ်သည်။

ဖိလစ်ပိုင်နှင့် အာဆီယံ၏ မဟာဗျူဟာနှင့် လုံခြုံရေးအကျိုးစီးပွားများကို အန္တရာယ်ပြုခြင်း: စစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် ဆက်ဆံခြင်းသည် ဖိလစ်ပိုင်၏ အမျိုးသားအကျိုးစီးပွားနှင့် အာဆီယံဒေသတွင်း လုံခြုံရေးကို အန္တရာယ်ဖြစ်စေပါသည်။ တရုတ်နှင့် ရုရှားအပေါ် မှီခိုနေရသော ဤအုပ်စုသည် မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့် တောင်တရုတ်ပင်လယ်အရေး အပါအဝင် အာဆီယံ၏ စုပေါင်းအကျိုးစီးပွားအတွက် ဆောင်ရွက်လိမ့်မည်ဟု ယုံကြည်၍ မရနိုင်ပါ။

ထို့ကြောင့် ကျွန်ုပ်တို့သည် ဖိလစ်ပိုင်အစိုးရအား အောက်ပါတို့ကို တောင်းဆိုလိုက်ပါသည် –

၁။ မည်သည့်အဆင့်မြင့် ထိတွေ့ဆက်ဆံမှုကမဆို မြန်မာစစ်အုပ်စုအား နိုင်ငံရေးအရ တရားဝင်မှု လုံးဝမပေးအပ်ကြောင်း သေချာစေခြင်းဖြင့် ဒီမိုကရေစီအပေါ် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုရန်။

၂။ စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲရလဒ်များကို လူသိရှင်ကြား ငြင်းပယ်ရန်နှင့် ဤမသမာသော လုပ်ငန်းစဉ်မှ ပေါ်ပေါက်လာမည့် မည်သည့်အဖွဲ့အစည်းကိုမဆို အသိအမှတ်ပြုခြင်းကို ငြင်းဆန်ရန်။

၃။ အကြမ်းဖက်မှုလျှော့ချရေးသည် ဦးစွာပထမဖြစ်ရမည်ဟူသော အာဆီယံ၏ ဘုံသဘောတူညီမှု (၅) ချက်ပါ အစီအစဉ်အဆင့်ဆင့်ကို လိုက်နာကျင့်သုံးရန်။

၄။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလူမျိုးများနှင့် အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် တရားဝင်၊ စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံရန်။

၅။ စစ်အုပ်စုသည် မြန်မာနိုင်ငံ၏ အစိုးရမဟုတ်ကြောင်း အတည်ပြုရန်နှင့် ၎င်းတို့ကို အာဆီယံအစည်းအဝေး များတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်မပြုရန်။

၆။ တာဝန်ယူမှု၊ တာဝန်ခံမှုကို မိမိ၏အာဆီယံဥက္ကဋ္ဌသက်တမ်း၏ ဗဟိုချက်တွင် ထားရှိရန်။

ကျွန်ုပ်တို့သည် ဒီမိုကရေစီ၊ တရားမျှတမှုနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင် နေကြသော မြန်မာပြည်သူများနှင့်အတူ ခိုင်မာသော သွေးစည်းညီညွတ်မှုဖြင့် ရပ်တည်လျက်ရှိသည်။

လုံခြံရေးအရ အမည်မဖော်ပြနိုင်သော အဖွဲ့ ၆ ဖွဲ့ အပါအဝင် (၉၉) ဖွဲ့မှ ဤပူတွဲထုတ်ပြန်ချက်ကို လက်မှတ်ရးထိုးသည်။

လက်မှတ်ရေးထိုးသည့် အဖွဲ့အစည်းများ –

  1. Action Committee for Democracy Development (ACDD)
  2. Ah Nah Podcast – conversations with Myanmar
  3. Amazeyate
  4. Arakan Youth Peace Network (AYPN)
  5. ASEAN SOGIE Caucus
  6. Association of Human Rights Defenders and Promoters (HRDP)
  7. Association of Spring Rainbow (ASR)
  8. Athan – Freedom of Expression Activist Organization
  9. Aung San Su Kyi Park, Norway
  10. Blood Money Campaign (BMC)
  11. Burma Action Ireland
  12. Burmese Atheists
  13. Burmese Women’s Union (BWU)
  14. Chin Community in Norway
  15. Creative Home (CH)
  16. CRPH & NUG Supporters Ireland
  17. CRPH Funding Ireland
  18. CRPH Support Group, Norway
  19. Defend Myanmar Democracy (DMD)
  20. Democracy Youth Myanmar (DYM)
  21. Democracy, Peace and Women’s Organization
  22. Democratic Party for a New Society, Norway.
  23. Doh Atu – Ensemble pour le Myanmar
  24. Educational Initiatives Myanmar
  25. Equality Myanmar (EQMM)
  26. General Strike Coordination Body (GSCB)
  27. Generation Wave (GW)
  28. Generations’ Solidarity Coalition of Nationalities (GSCN)
  29. Greater Equitable Measures (GEM), Malaysia
  30. Human Rights Educators Network (HREN)
  31. Human Rights Foundation of Monland (HURFOM)
  32. Human Rights Promoters (HRP)
  33. India for Myanmar
  34. India for Myanmar
  35. ITALIA-BIRMANIA.INSIEME
  36. Justice & Equality Focus (JEF)
  37. K’cho Ethnic Association, Europe
  38. Kachin Association Norway
  39. Kachin Women’s Association Thailand (KWAT)
  40. Karen Human Rights Group (KHRG)
  41. Keng Tung Youth
  42. Kyae Lak Myay
  43. Kyauktada Strike Committee (KSC)
  44. Loveurcontent Entertainment
  45. Magway Region Human Rights Network(MHRN)
  46. Matu Burma Foundation
  47. Metta Campaign Mandalay
  48. Mon Association – Norway
  49. Mon State Development Center
  50. Movement for Alternatives and Solidarity in Southeast Asia
  51. Myanmar Baptist Churches in Norway
  52. Myanmar Catholic Community In Norway
  53. Myanmar Hindu Union – Norway
  54. Myanmar Muslim Organization – Norway
  55. Myanmar People Alliance (Shan State)
  56. MyaYar Knowledge Tree
  57. Network for Human Rights Documentation – Burma (ND-Burma)
  58. New Myanmar Foundation
  59. New York City Burmese Community (NYCBC)
  60. NLD Organization Committee (International) Norway
  61. NLD (OC) International – Japan
  62. Norway Matu Community
  63. Norway Rawang Community
  64. Norway-Myanmar Democratic Forces
  65. Olive organization
  66. Owl Community
  67. Peace and Social Justice Group
  68. Platform of Politics (PoP)
  69. Progressive Muslim Youth Association (PMYA)
  70. Progressive Voice (PV)
  71. Rohingya Community in Norway
  72. Rohingya Maìyafuìnor Collaborative Network (RMCN)
  73. Shan MATA
  74. Sisters2Sisters
  75. Sitt Nyein Pann Foundation
  76. Southern Initiatives (SI)
  77. Spring Friends
  78. Ta’ang Women’s Organization (TWO)
  79. The Ladies Organization
  80. Volunteers in Myanmar
  81. Women Lead Resource Center
  82. Yain Nweh Par (Rainbow Win The Storm – RIS)
  83. Yangon 4 Brothers
  84. Yangon Deaf Group
  85. Youth Empowerment (YE)
  86. Youth for democratization of Myanmar (UDM)
  87. Zomi Christian Fellowship of Norway
  88. Zomi Community Norway
  89. စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
  90. မဟာမိတ်တပ်ဦးကွန်ယက်
  91. လူထုသပိတ်
  92. သမိုင်းသယ်ဆောင်သူများ
  93. သုခရပ်ဝန်း( သတင်းရုပ်သံ)

“ပြည်သူ့လှုပ်ရှားမှုပလပ်ဖောင်း (မြန်မာ) မှ ဤထုတ်ပြန်ချက်ကို ဦးစီးဆောင်ရွက်ပါသည်”


PDF ဖိုင်ကိုရယူရန် in English I မြန်မာဘာသာ

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia