[အိတ်ဖွင့်ပေးစာ] UNHCR India ရုံး၏ မြန်မာဒုက္ခသည်များအပါအဝင် အိန္ဒိယနိုင်ငံတွင် ခိုလှုံသူများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုမဲ့သော လုပ်ရပ်များအား ဖြေရှင်း အရေးယူပေးရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သို့ မြန်မာပြည်သူလူထုနှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများက တောင်းဆိုအပ်သည်။

[အိတ်ဖွင့်ပေးစာ] UNHCR India ရုံး၏ မြန်မာဒုက္ခသည်များအပါအဝင် အိန္ဒိယနိုင်ငံတွင် ခိုလှုံသူများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုမဲ့သော လုပ်ရပ်များအား ဖြေရှင်း အရေးယူပေးရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သို့ မြန်မာပြည်သူလူထုနှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများက တောင်းဆိုအပ်သည်။

[အိတ်ဖွင့်ပေးစာ]

UNHCR India ရုံး၏ မြန်မာဒုက္ခသည်များအပါအဝင် အိန္ဒိယနိုင်ငံတွင် ခိုလှုံသူများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုမဲ့သော လုပ်ရပ်များအား ဖြေရှင်း အရေးယူပေးရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သို့ မြန်မာပြည်သူလူထုနှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများက တောင်းဆိုအပ်သည်။

 

သို့

Mr. Filippo Grandi
အဆင့်မြင့်မင်းကြီး
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)
UNHCR Headquarters
Case Postal 2500
CH-1211 Genève 2 Dépôt, Switzerland

ရက်စွဲ၊ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၄ ရက်

အကြောင်းအရာ။       UNHCR India ရုံး၏ မြန်မာဒုက္ခသည်များအပါအဝင် အိန္ဒိယနိုင်ငံတွင် ခိုလှုံသူများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုမဲ့သော လုပ်ရပ်များအား ဖြေရှင်း အရေး ယူပေးရန် တောင်းဆိုခြင်း

လေးစားအပ်ပါသော အဆင့်မြင့်မင်းကြီးခင်ဗျား/ရှင့်

၁။      ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုနောက်ပိုင်း အိန္ဒိယ နိုင်ငံတွင် ခိုလှုံရန် ရောက်ရှိလာခဲ့သော မြန်မာနိုင်ငံသား ၁၀၀၀၀ ကျော်သည် UNHCR India ရုံးတွင် ဒုက္ခသည်အဖြစ် မှတ်ပုံတင်ကာ အကာအကွယ် တောင်းခံခဲ့ကြပါသည်။[1] ၎င်းတို့တွင် မြန်မာစစ်ကောင်စီ၏ ပစ်မှတ်ထား ခြိမ်းခြောက်မှုခံနေရသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေး ကာကွယ်သူများနှင့် အခြားလုံခြုံရေး အထူးလိုအပ်သူများ အများအပြား ပါဝင်ပါ သည်။

၂။       သို့သော် အလွန်တရာ စိုးရိမ်ဖွယ်ကောင်းသည်မှာ UNHCR India ရုံးသည် ဒုက္ခသည်များ၏ လျှို့ဝှက်ရမည့် ကိုယ်ရေးအချက်အလက်များကို အိန္ဒိယအစိုးရထံသို့ လုံလောက်သော အကာ အကွယ်မရှိဘဲ လွှဲပြောင်းပေးခဲ့ခြင်း ပင်ဖြစ်ပါသည်။ ဤလုပ်ရပ်သည် ဒုက္ခသည်များ၏ အသက် အန္တရာယ်နှင့် လုံခြုံရေးကို ဆိုးရွားစွာ ထိခိုက်စေခဲ့ပြီး အောက်ပါအကျိုးဆက်များကို ဖြစ်ပေါ်စေခဲ့ပါသည် –

(က)    အိန္ဒိယအစိုးရသည် UNHCR ထံမှ ရရှိသော အချက်အလက်များကို အသုံးပြု၍ မြန်မာနိုင်ငံသား ၂၆၁ ဦးကျော်ကို နိုင်ငံခြားသားဥပဒေဖြင့် ဖမ်းဆီးခဲ့ပါသည်။ ၎င်းတို့အနက် အမျိုးသမီး ၆ ဦးမှာ အကျဉ်းထောင်အတွင်း၌ပင် ကလေးမွေးဖွား  ခဲ့ရပြီး အမျိုးသား ၂ ဦး အကျဉ်းထောင်အတွင်း သေဆုံးခဲ့ရသည်။ အဆိုးရွားဆုံးမှာ လူပေါင်း ၁၃၄ ဦးခန့်ကို အသက်အန္တရာယ်ကြားမှ မြန်မာစစ်ကောင်စီလက်သို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ဤသည်မှာ နိုင်ငံတကာဥပဒေပါ Non-refoulement Principle (မိခင်နိုင်ငံသို့ အတင်းအကျပ် ပြန်မပို့ရခြင်းမူ) ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းပင်ဖြစ်ပါသည်။ ထိုသို့ပြန်ပို့ခံရသူများ အနက် ၃၄ ဦး (အမျိုးသမီး ၂၀ နှင့် ကလေး ၇ ဦး အပါအဝင်) မှာ စစ်ကောင်စီ၏ ဆက်လက်ဖမ်းဆီးခြင်းကို ခံနေကြရပြီး ၁၂၅ ဦးမှာ ထောင်ဒဏ်ကျခံပြီး သော်လည်း လွတ်မြောက်ခြင်းမရှိဘဲ နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်းများတွင် ဆက်လက် ချုပ်နှောင်ခံထားရဆဲဖြစ်သည်။

(ခ)     ၂၀၂၅ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် ရိုဟင်ဂျာဒုက္ခသည် ၄၀ ဦးကို အိန္ဒိယအစိုးရမှ နေအိမ်များတွင် အတိအကျ ဝင်ရောက်ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့သည့် ဖြစ်စဉ်သည် UNHCR India ထံမှ အချက်အလက်များ လွှဲပြောင်းပေးမှုကြောင့် ဖြစ်ပါသည်။[2] ဤကဲ့သို့ စနစ်တကျ ပစ်မှတ်ထား ဖမ်းဆီးနိုင်ခြင်းကြောင့် ရိုဟင်ဂျာ ဒုက္ခသည်များအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ၎င်းတို့၏ နေအိမ် များတွင် မနေရဲတော့ဘဲ အိုးမဲ့အိမ်မဲ့ ရွှေ့ပြောင်းနေထိုင်နေကြရပါသည်။

(ဂ)     ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့မှစတင်၍ UNHCR India၏ အချက်အလက်များကို အခြေခံကာ အိန္ဒိယအာဏာပိုင်များသည် မြန်မာနိုင်ငံရေးတက်ကြွလှုပ်ရှားသူများ နေထိုင်ရာ နေအိမ်များသို့ အကြောင်းမဲ့ ဝင်ရောက်စစ်ဆေးခြင်း၊ နိုင်ငံခြားသား မှတ်ပုံတင်ရုံး (FRRO) သို့ မဖြစ်မနေ လာရောက်ရန် ဆင့်ခေါ်ခြင်း၊ နယူးဒေလီမြို့ ပြင်သို့ မထွက်ခွာရန်နှင့် နေအိမ်မပြောင်းရွှေ့ရန် တားမြစ်ကန့်သတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။ ဤလုပ်ရပ်များသည် မြန်မာနိုင်ငံတွင် လုံခြုံမှုမရှိ၍ UNHCR India ၏ အကာအကွယ်ကို ယုံကြည်စွာ တောင်းခံခဲ့သော တက်ကြွလှုပ်ရှားသူများ အတွက် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုဖြစ်စေပြီး ၎င်းတို့၏ လုံခြုံရေးကို အကြီးအကျယ် စိုးရိမ်နေရပါသည်။

(ဃ)   အထက်ပါ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသော ဒုက္ခသည်များက UNHCR India ရုံးနှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သော Socio-Legal Information Centre (SLIC) သို့ အီးမေးလ်များ၊ ဖုန်းခေါ်ဆိုမှုများဖြင့် အကြိမ်ကြိမ် အကူအညီ တောင်းခံခဲ့သော်လည်း မည်သည့်တုံ့ပြန်မှု၊ အကူအညီနှင့် အကာအကွယ်ကိုမျှ မရရှိခဲ့ပါ။ ဤသည်မှာ UNHCR India ရုံး၏ ဒုက္ခသည်များအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု လုံးဝကင်းမဲ့နေကြောင်း ထင်ရှားစေပါသည်။

၃။      ဤလုပ်ရပ်များသည် ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းများနှင့် UNHCR ၏ ကိုယ်ပိုင် ကျင့်ဝတ်စည်းမျဉ်းများဖြစ်သော လျှို့ဝှက်မှု (Confidentiality)၊ အကာအကွယ်ပေးရန် တာဝန် (Duty of Care)နှင့် Non-refoulement တို့ကို ဆိုးရွားစွာ ချိုးဖောက်နေခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့ ရှုမြင်ပါသည်။

၄။      သို့ဖြစ်ပါ၍ အဆင့်မြင့်မင်းကြီးအနေဖြင့် ဤအရေးကြီးသည့်ကိစ္စအား အလေးအနက် ထား၍ အောက်ပါအချက်များကို အမြန်ဆုံး အကောင်အထည်ဖော်ပေးပါရန် လေးစားစွာ တောင်းဆိုအပ်ပါသည် –

(က)    UNHCR India ရုံး၏ ဒုက္ခသည်များ၏ ကိုယ်ရေးအချက်အလက်များကို အကာ အကွယ်မဲ့စွာ လွှဲပြောင်းပေးနေခြင်းအား ချက်ချင်းရပ်တန့်ရန်နှင့် ဒုက္ခသည်များ၏ အချက်အလက် လုံခြုံရေးကို အပြည့်အဝ အာမခံရန်။

(ခ)     ဤကဲ့သို့ တာဝန်မဲ့သော လုပ်ရပ်များအတွက် UNHCR India မှ တာဝန်ရှိသူများကို အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး ထိရောက်စွာ အရေးယူပေးရန်။

(ဂ)     UNHCR India ရုံးတွင် ခိုလှုံခွင့်လျှောက်ထားသည့် မြန်မာနိုင်ငံရေးတက်ကြွ လှုပ်ရှားသူများနှင့် ဒုက္ခသည်များ၏ လုံခြုံရေးနှင့် စိန်ခေါ်မှုများကို အမြန်ဆုံး ဖြေရှင်းပေးရန်။

၅။      UNHCR သည် ဒုက္ခသည်များ၏ နောက်ဆုံးမျှော်လင့်ချက်နှင့် အားကိုးရာဖြစ်ပါသည်။ ထိုမျှော်လင့်ချက် ပျက်သုဉ်းမသွားစေရန်နှင့် ဒုက္ခသည်များ၏ အသက်အန္တရာယ်ကို ကာကွယ်ရန် အတွက် အဆင့်မြင့်မင်းကြီးအနေဖြင့် အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်ပေးမည်ဟု ကျွန်ုပ်တို့ အခိုင်အမာ မျှော်လင့်ပါကြောင်း တင်ပြအပ်ပါသည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန် –

  1. India for Myanmar – india4myanmar@protonmail.com
  2. Blood Money Campaign – bloodmoneycampaign21@gmail.com
  3. Sisters 2 Sisters – sisters2sisters@protonmail.com

ယခုအိတ်ဖွင့်ပေးစာကို အမည်မဖော်ပြလိုသည့် အရပ်ဘက်လူထုအဖွဲ့အစည်း (၅) ဖွဲ့ အပါအဝင် အရပ်ဘက်လူထုအဖွဲ့အစည်း စုစုပေါင်း (၁၄၁) ဖွဲ့တို့က ပူးတွဲပေးပို့အပ်သည်။

  1. 5/ of Zaya State Strike
  2. Action Committee for Democracy Development_ACDD
  3. Action Committee of Basic Education Students (ACBES)
  4. All Aung Myay Thar San Schools Strike Force
  5. All Burma Federation of Student Unions (Monywa District)
  6. Alliance of Students’ Union – Yangon (ASU-Yangon)
  7. Anti-Junta Alliance Yangon-AJAY
  8. Anti-junta Forces Coordination Committee (AFCC – Mandalay)
  9. ASR-ASSOCIATION of SPRING RAINBOW
  10. A-Yar-Taw People Strike
  11. AWDO ဧရာဝတီမြစ်အနောက်ဖက်ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု၊ မကွေတိုင်း။
  12. AWDO ငဖဲ။
  13. Basic Education General Strike Committee (BEGSC)
  14. Basic Education Worker Unions – Steering Committee (BEWU-SC)
  15. Blood Money Campaign
  16. CAN-Myanmar
  17. CDM Medical Network (CDMMN)
  18. Chanmyatharzi Township People’s Strike
  19. Chaung Oo Township Youth Strike Committee
  20. Chindwin (West) Villages Women Strike
  21. Civil Information Network (CIN)
  22. Civil Society Organizations Coordination Committee (Monywa)
  23. Coalition Strike Committee – Dawei
  24. Co-operative University Mandalay Students’ Strike
  25. Daung Sitthe Strike
  26. Dawei (Ashaetaw) Women Strike
  27. Dawei Youths Revolutionary Movement Strike Committee
  28. Defend Myanmar Democracy
  29. Depayin Township Revolution Steering Committee
  30. Depayin Women Strike
  31. D@D Network
  32. Ethnic Youth General Strike Committee (Mandalay)
  33. federal corner
  34. Free Rohingya Coalition (FRC)
  35. Gangaw Women Strike
  36. General Strike Collaboration Committee (GSCC)
  37. General Strike Committee of Basic and Higher Education (GSCBHE)
  38. General Strike Coordination Body (GSCB)
  39. Generations’ Solidarity Coalition of Nationalities – GSCN
  40. GGWDO ဂန့်ဂေါဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့။
  41. Human Rights Program (New Myanmar Foundation)
  42. Industries Strike
  43. India For Myanmar
  44. Interim University Council Mandalar University
  45. Justice and Equality Focus
  46. Justice For Myanmar
  47. Justice Movement for Community-Innlay
  48. Kachin Student Union
  49. Kalay Township Strike Force
  50. Kalay Women Strike
  51. Kayaw women association
  52. Kyain Seikgyi Spring Revolution Leading Committee
  53. Kyauktada Strike Committee (KSC)
  54. La Communauté Birmane de France
  55. Latpadaung Region Strike Committee
  56. Let’s Help Each Other (LHEO)
  57. LGBT Alliance
  58. LGBT Alliance Myanmar (Kalay Region)
  59. LGBT Alliance Myanmar (Kyaukse Region)
  60. LGBT Community Yangon
  61. LGBT Union – Mandalay
  62. MATA စစ်ကိုင်းတိုင်း
  63. Magway People’s Revolution Committee
  64. Magway Region Human Rights Network
  65. Magway Region Revolutionary Group’s Network (မကွေးဒေသ တော်လှန်ရေးအင်အားစုများ ကွန်ရက်)
  66. Mandalar University Students’ Strike
  67. Mandalay Alliance Coalition Strike
  68. Mandalay Medical Family (MFM)
  69. Mandalay Strike Force (MSF)
  70. Mandalay Women Strike
  71. Mandalay Youth Strike
  72. Mandalay-based People’s Strike
  73. Mandalay-Based University Students’ Unions (MDY_SUs)
  74. MayMyo Strike Force
  75. Monywa LGBT Strike
  76. Monywa People’s Strike Steering Committee
  77. Monywa Women Strike
  78. Monywa-Amyint Road Strike Leading Committee
  79. Monywa-Amyint Road Women Strike
  80. Mother’s Embrace Foundation
  81. Multi-Religions Strike
  82. Mya Taung Strike
  83. MyaYar Knowledge Tree
  84. Myaung Youth Network
  85. Myingyan Civillian Movement Committee
  86. Myanmar Institute of Information Technology Students’ Strike
  87. Myanmar Labor Alliance (MLA)
  88. National League for Democracy (Monywa Township)
  89. Network of University Student Unions – Monywa
  90. New Myanmar Foundation
  91. 12 Basic Education Branch High School (Maharaungmyay) Students’ Union
  92. PDO ပွင့်ဖြူဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ ပွင့်ဖြူ။
  93. Pale Township People’s Strike Steering Committee
  94. People’s Goal
  95. Progressive Muslim Youth Association
  96. Progressive Voice
  97. Purple Window Counselling
  98. Pyi Gyi Tagon Strike Force
  99. Representative Committee of University Teacher Associations (RC of UTAs)
  100. Sagaing Region Strike Force
  101. Samgha Sammaga-Mandalay
  102. Save Myanmar San Francisco, USA
  103. Seinpann Strike
  104. Shwe Pan Kone People`s Strike Steering Committee
  105. Sisters 2 Sisters
  106. Sitt Nyein Pann Foundation
  107. Southern Initiatives
  108. Southern youth Development Organization
  109. Spring Revolution Myanmar Muslim Community _SRMMC
  110. Support Group for Democracy in Myanmar (the Netherlands)
  111. Taze Strike Committee
  112. Taze Women Strike
  113. Thakhin Kodaw Mhine Peace Network (Monywa)
  114. Thayat Chaung Women Strike
  115. The 88 Generation Peace and Open Society (Monywa)
  116. The Ladies Organization
  117. Twitter Team for Revolution (TTFR)
  118. University Students’ Unions Alumni Force
  119. Union of Karenni State Youth – UKSY
  120. Volunteers in Myanmar
  121. Wetlet Revolution Leading Committee
  122. Wetlet Twonship Women Strike
  123. White Coat Society Yangon (WCSY)
  124. Women Alliance Burma (WAB)
  125. Women Lead Resource Center
  126. Yadanabon University Students’ Union (YDNBUSU)
  127. Yangon Women Strike
  128. Yasakyo Township People`s Strike Steering Committee
  129. Yinmarpin and Salingyi All Villages Strike Committee
  130. Youth Empowerment
  131. ယိမ်းနွဲ့ပါး
  132. သမိုင်းသယ်ဆောင်သူများ
  133. အညာလွင်ပြင်ရပ်ဝန်း
  134. မင်းလှတောင်သူများအစုအဖွဲ့။
  135. မင်းဘူးတောင်သူများအစုအဖွဲ့။
  136. မြန်မာဒီမိုကရေစီအင်အားစု (ဒိန်းမတ်)

PDF ဖိုင်ကိုရယူရန် မြန်မာဘာသာအင်္ဂလိပ်ဘာသာ


[1]  Myanmar Refugees Stranded in Delhi After US Bans Refugees | January 31, 2025 | BNI https://shorturl.at/WCDG0

[2] Indian authorities allegedly threw 40 Rohingya refugees, including children, into international waters near Myanmar| Makoob Media| May 17 2025  https://maktoobmedia.com/features/indian-authorities-allegedly-threw-43-rohingya-refugees-including-children-into-international-waters-near-myanmar/

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia