18 March 2025
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီဘိရှော့ ၏ လုပ်ပိုင်ခွင့်ကိုရုပ်သိမ်းပြီး ၎င်းစီးပွားရေးနှင့်ပတ်သက်သည့် အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခရှိ၊ မရှိ စုံစမ်းစစ်ဆေး၍ လူထုထံ အသိပေးရန် ကုလသမဂ္ဂအထွေထွေညီလာခံ-UNGA နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကို အရပ်ဖက်အဖွဲ့ ၂၉၀ ဖွဲ့က မတ်လ(၁၇)ရက်နေ့ ရက်စွဲဖြင့် တိုက်တွန်းတောင်းဆိုသည်။
ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN ပါဝင်သော ပြည်တွင်း၊ ပြည်ပရှိ အရပ်ဖက် လူထုအဖွဲ့အစည်း ၂၉၀ ဖွဲ့က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာ သူနိုင်ငံများသို့ လိပ်မူပြီး လက်မှတ်ရေးထိုးပေးပို့သော အိတ်ဖွင့်စာတွင် ဖော်ပြပါအချက် ၂ ချက်ကို အဓိကတောင်းဆိုလိုက်ခြင်းလည်းဖြစ်သည်။
ဂျူလီဘိရှော့၏ စီးပွားရေးလုပ်ငန်းများသည် မြန်မာနိုင်ငံအတွင်းလုပ်ကိုင်လျက်ရှိသော တရုတ်အစိုးရပိုင် စီးပွားရေးလုပ်ငန်းများ၊ သတ္တုတွင်းလုပ်ငန်းများနှင့် ဆက်နွယ်နေပြီး ယင်းသည် ဂျူလီဘိရှော့အနေဖြင့် တရုတ်နိုင်ငံနှင့်ထိတွေ့ဆက်ဆံရာ၌ အမှီခိုကင်းပြီး သမာသမတ်ကျမှုအပေါ် စိုးရိမ်စရာဖြစ်ကြောင်း တောင်းဆိုရသည့်ရည်ရွယ်ချက်အား အရပ်ဖက်အဖွဲ့များက ဖော်ပြသည်။
တရုတ်အစိုးရက မြန်မာစစ်ကောင်စီနှင့် နီးကပ်သောဆက်ဆံရေးရှိ၍ စစ်အုပ်စုအကျိုးစီးပွားကို ပံ့ပိုးပေး နေသောကြောင့် ၎င်းကျူးလွန်နေသော စစ်ရာဇဝတ်မှုများအပေါ် အားပေးရာလည်းရောက်နေပြီး ဂျူလီဘိရှော့၏အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခရှိခြင်းသည်လည်း မြန်မာပြည်သူတို့အပေါ် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်သည်ဟု ဆိုသည်။
တနည်းအားဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအကျိုးစီးပွားနှင့်ဆက်စပ်၍ မြန်မာပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်အပေါ် အန္တရာယ်ဖြစ်စေသောကြောင့် အထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်အာဏာကို UNGA အနေဖြင့် ရုပ်သိမ်းရန် လိုသလို အထွေထွေအတွင်းရေးမှူး ချုပ်အနေဖြင့်လည်း စုံစမ်းစစ်ဆေးမှုအပေါ် တွေ့ရှိချက်များကို လူထုထံချပြရှင်းလင်းရန် အရပ်ဖက်အဖွဲ့များက တောင်းဆိုတိုက်တွန်းထားသည်။
ထို့အပြင် စစ်အုပ်စုကျူးလွန်သည့်ရာဇဝတ်မှုများ အဆုံးသတ်ရန်၊ ပြစ်မှုကျူးလွန်သူများအား တာဝန်ယူတာဝန်ခံမှုရှိစေရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီအရေးကြိုးပမ်းနေသော မြန်မာပြည်သူများ၏ တော်လှန်ရေးကို ထောက်ခံအားပေးရာ၌ ဦးဆောင်ပေးရန်ကိုလည်း ထုတ်ပြန်ချက်၌ ဖြည့်စွက်ဖော်ပြသည်။
အိတ်ဖွင့်စာပေးပို့သည့် အရပ်ဖက်အဖွဲ့များတွင် စစ်အုပ်စုအကျိုးစီးပွား၊ စစ်ရာဇဝတ်မှုပပျောက်ရေး၊ စစ်အာဏာရှင်ပျက်သုဥ်းရေး လုပ်ဆောင်နေကြသည့် အဖွဲ့များအပါအဝင် နာမည်ဖော်ပြထားသော လူထုအဖွဲ့အစည်း (၂၄၉) ဖွဲ့နှင့် အခြားအမည်မဖော်လိုသည့် (၄၁)ဖွဲ့လည်း ပါဝင်လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်။
အလားတူ မြေရှားသတ္တုတူးဖော်ခြင်းနှင့် အခြားစီးပွားရေးလုပ်ငန်းများဖြင့် စစ်အုပ်စုအတွက် ဝင်ငွေ အမြောက်အများရရှိစေပြီး စစ်လက်နက်ရောင်းချပေးနေသော တရုတ်ကျောထောက်နောက်ခံပြု စီမံကိန်းများတွင် ဂျူလီဘိရှော့က အကြံပေးအဖြစ်လုပ်ကိုင်ခြင်းအပြင် ၎င်း၏အခြားလုပ်ငန်းများအပေါ် စိုးရိမ်ရသည်ဟုလည်း Justice for Myanmar က ယခင်လက ဖော်ပြဖူးသည်။
ယင်းတွင် UN အထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့် ဂျူလီဘိရှော့၏စီးပွားရေးလုပ်ငန်းများကို စုံစမ်းစစ်ဆေးရန် မြန်မာနိုင်ငံဆိုင်ရာ UN အထူးကိုယ်စားလှယ်တာဝန် ထမ်းဆောင်ရန် ရာထူးဖြင့် သင့်တော်ခြင်းရှိမရှိ ပြန်လည်စမ်းစစ်၊ တင်ပြရန်ကိုလည်း JFM က မေးခွန်းထုတ် တောင်းဆိုခဲ့သေးသည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.