10 September 2024
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်၊ ည (၉) နာရီ (၃၀) မိနစ်ခန့်အချိန်တွင် ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီ တပ်၏ လေကြောင်းမှ ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် နှစ်ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် မောင်တောမြို့၊ လေးမိုင် (နခခ-၂) စခန်း၌ ခေတ္တထိန်းသိမ်းထားသော စစ်သုံ့ပန်း၊ အရပ်သား အကျဉ်းသားများထဲမှ–
(၁) မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်သုံပန်းများ၊
(၂) ARSA ၊ RSO အကြမ်းဖက် မူဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊
(၃) ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသင်တန်းဆင်း မူဆလင်အကြမ်းဖက်လက်နက်ကိုင်များ၊
(၄) ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ လက်ကိုင်တုတ်များ၊
(၅) ၎င်းတို့လေ့ကျင့်ထားသော သတင်းပေးများ၊
(၆) ULA/AA အဖွဲ့အစည်း နှင့် ရက္ခိုင့်အမျိုးသားတော်လှန်ရေးကို အနှောင့်အယှက်ပေးပြီး ဖျက်ဆီးရန် ကြိုးစားအားထုတ်၍ ဖမ်းဆီးစစ်ဆေးနေသောသူများ၊
(၇) ALP နှင့် ဆက်စပ်နေသောသူများ
(၈) သံသယအမျိုးမျိုးဖြင့် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသောသူအချို့အပါအဝင်
စုစုပေါင်း အကျဉ်းသား (၅၀) ကျော်သည် အဆိုပါ အကျဉ်းစခန်းနေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ကာ မြောက်မြားစွာ ဒဏ်ရာရရှိခဲ့သည်။ ထိုအတူ ပြင်းထန်ဒဏ်ရာဖြင့် အသက်အန္တရာယ်စိုးရိမ်ရသူ များစွာတိုသည်လည်း ဆက်လက်ရှိနေဆဲ ဖြစ်သည်။
ထို့အပြင် အကြမ်းဖက် စစ်ကောင်စီသည် နခခ (၂) အား ပစ်ခတ်တိုက်ခိုက်မှုမတိုင်ခင် ည (၈) နာရီ (၂၀) မိနစ် နှင့် (၈) နာရီ (၂၃) မိနစ်တို့တွင်လည်း မောင်တောမြို့၊ (၃) မိုင် နှင့် ဝေသာလီ ရွာအတွင်းရှိ UN အဆောက်အအုံ တို့အား လေကြောင်းမှ ဂျက်လေယာဉ် (၁) စီးဖြင့် ဦးစွာလာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခဲ့သော စခန်းသည် ၎င်းတို့၏ စခန်းဟောင်းဖြစ်ပြီး အာရက္ခတပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့ တွင် အပြီးသတ်သိမ်းပိုက်ရရှိထားသော စခန်းတစ်ခု ဖြစ်သည်။
လက်ရှိအချိန်တွင် ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီသည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယခင်ကထက် ပိုမို ခပ်စိပ်စိပ်လုပ်ဆောင်လျက်ရှိသည်။ လူနေထူထပ်သော နေရာများ၊ ဆေးရုံ၊ စာသင်ကျောင်း၊ စျေး၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ လူနေအဆောက်အဦးကြီး၊ အစိုးရ အဆက်ဆက်လက်ထက် အသုံးပြုခဲ့သော ဌာနဆိုင်ရာ အဆောက်အအုံများ အပါအဝင် ၎င်းတို့ စွန့်လွှတ်ခဲ့ရသော စခန်းများပါမကျန် ဗုံးကြဲတိုက်ခိုက်လျက်ရှိသောကြောင့် အဆိုပါနေရာများတွင် သတိထားသွားလာကြရန်၊ လေကြောင်းအန္တရာယ်ကို ပိုမိုသတိထားကြရန် နှင့် မိုင်းအန္တရာယ်ကိုလည်း သတိထားကြပါရန် ထပ်မံ၍ သတိပေးလိုက်ပါသည်။
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
20 June 2025
Burmese Rohingya Organisation UK , Chin Human Rights Organization , Human Rights Foundation of Monland , Kachin Women’s Association Thailand , Karen Human Rights Group , Karen Peace Support Network , Karenni Civil Society Network , Karenni National Women’s Organization , Progressive Voice , RW Welfare Society
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.