Statement 150 Views

မြန်မာစစ်အုပ်စု၏ အကြမ်းဖက်မှုစစ်ဆင်ရေးကို အဆုံးသတ်ရန်နှင့် မြန်မာနိုင်ငံရှိ အရပ်သားပြည်သူများကို အကာအကွယ်ပေးရန်အတွက် လျင်မြန်သော အရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်ရန် အရေးတကြီး တောင်းဆိုခြင်း

February 1st, 2024  •  Author:   462 Civil Society Organizations  •  10 minute read
Featured image

သို့

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများသို့

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်

အကြောင်းအရာ။            ။ မြန်မာစစ်အုပ်စု၏ အကြမ်းဖက်မှုစစ်ဆင်ရေးကို အဆုံးသတ်ရန်နှင့် မြန်မာနိုင်ငံရှိ အရပ်သားပြည်သူများကို အကာအကွယ်ပေးရန်အတွက် လျင်မြန်သော အရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်ရန် အရေးတကြီး တောင်းဆိုခြင်း။

လေးစားရပါသော ဂုဏ်သရေရှိလူကြီးမင်းများရှင့်/ခင်ဗျား

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာစစ်အုပ်စု၏ အာဏာသိမ်းရေးကြိုးပမ်းမှု သုံးနှစ်ပြည့်ချိန်တွင် မိမိတို့အရပ်ဘက်လူထုအဖွဲ့အစည်း ၄၆၂ ဖွဲ့တို့အနေဖြင့် မြန်မာပြည်သူများအပေါ် ကျူးလွန်နေသည့် စစ်အုပ်စု၏ အကြမ်းဖက်မှုစစ်ဆင်ရေးများကို  ကုလသမဂ္ဂလုံခြုံရေးကောင်စီ (United Nations Security Council – UNSC) မှ တုံ့ပြန်ရာတွင် ထိရောက်မှုမရှိနေခြင်းနှင့် အရေးယူဆောင်ရွက်မှု ကင်းမဲ့နေခြင်းအပေါ် အလွန်အမင်း စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ UNSC အနေဖြင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ၎င်း၏ လုပ်ပိုင်ခွင့်အာဏာနှင့်အညီ ဆောင်ရွက်ပြီး မြန်မာစစ်အုပ်စုအပေါ် ခိုင်မာသော အရေးယူဆောင်ရွက်မှုများ ချမှတ်ရန် မိမိတို့မှ အရေးတကြီး တိုက်တွန်းတောင်းဆိုလိုက်သည်။ အဆိုပါ ဆောင်ရွက်ချက်များသည် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုကြီးများ၏ ဆိုးရွားပြင်းထန်မှု အတိုင်းအတာအတွက် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးမှ UNSC အား မြန်မာနိုင်ငံ၏ အကျပ်အတည်းကို အရေးယူ ဆောင်ရွက်ရေး အစီအမံချက်များထဲမှ အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (International Criminal Court – ICC) သို့ လွှဲပြောင်းပေးရန် တောင်းဆိုချက်ကို ထင်ဟပ်ရမည် ဖြစ်သည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် တစ်နှစ်ပြည့်သွားခဲ့ပြီးဖြစ်သော UNSC က ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ သည် မြန်မာစစ်တပ်၏ ဆယ်စုနှစ်များစွာချီကြာ ရက်စက်ကြုမ်းကြုတ်မှုများ ကျူးလွန်ပြီး နောက်ပိုင်းတွင် ချမှတ်ခဲ့ခြင်းဖြစ်ပြီး ယင်းမှာ အချိန်အလွန်နှောင်းပြီးမှ ဖြစ်ပေါ်လာခြင်းဖြစ်ရုံသာမက ယင်းဆုံးဖြတ်ချက်ကို ချမှတ်ပြီးချိန်ကတည်းက ပိုမိုအရှိန်မြင့်လာနေသော စစ်အုပ်စု၏ လူမျိုးသုဥ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ နှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများကို ကာကွယ်တားဆီးရေးအတွက် ခိုင်မာသော တိုးတက်ဖြစ်ထွန်းမှု တစ်စုံတရာမျှ မရှိသည်ကို တွေ့ရှိရသည်။

၎င်း ဆုံးဖြတ်ချက်ကို ချမှတ်ပြီးချိန်မှစ၍ စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၉၀၉ ကြိမ် လုပ်ဆောင်ခဲ့ပြီး[1] ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူ ၃၆၄ ဦးကျော်ကို သေဆုံးစေခဲ့ပြီး နေအိမ်ပေါင်း အနည်းဆုံး ၈၀,၀၀၀ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ ပြီးခဲ့သောနှစ်အတွင်း စစ်အုပ်စုသည် ကျေးရွာများ၊ မြို့များ၊ စစ်ဘေးရှောင်စခန်းများ၊ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူများ ခိုလှုံနေသည့် သာသနိကနယ်မြေနှင့် အဆောက်အဦးများ၊ စာသင်ကျောင်းများနှင့် ဆေးရုံများအပေါ် ပေါ်ပေါ်ထင်ထင် တိုက်ခိုက်ခြင်းဖြင့် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများကို ပိုမိုပစ်မှတ်ထား လုပ်ဆောင်လာသည်မှာ ငြင်းနိုင်ဖွယ်ရာ မရှိပေ။ အာဏာသိမ်းရန်ကြိုးပမ်းချိန်မှစ၍ စစ်အုပ်စုသည် အနည်းဆုံး လူပေါင်း ၄,၄၅၀ ကို သတ်ဖြတ်ခဲ့ပြီး လူပေါင်း ၂၅,၉၀၀ ကျော်ကို ဖမ်းဆီးခဲ့ကာ ၎င်းတို့အနက် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပေါင်း ၁၉,၉၀၀ ကျော်ကို အကျဥ်းချထားဆဲ ဖြစ်သည်။ လူမဆန်သောအခြေအနေများ၊ လူ့ဂုဏ်သိက္ခာထိပါးသည့် ဆက်ဆံမှု၊ ညှဥ်းပန်း နှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာနှင့် လိင်စိတ်ခံယူမှုအခြေပြု အကြမ်းဖက်မှု၊ နှင့် တရားလက်လွတ်သတ် ဖြတ်မှုများမှာ စစ်အုပ်စုထိန်းချုပ်ထားသော ထောင်နှင့် အချုပ်အနှောင်စခန်းများတွင် နေရာမလပ် ဖြစ်ပွားနေဆဲ ဖြစ်သည်။

ထို့အပြင် UNSC က မြန်မာနိုင်ငံအတွင်းရှိ အခြေအနေများသည် ရိုဟင်ဂျာများအတွက် ဘေးကင်း လုံခြုံစွာဖြင့် မိမိဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေးအတွက် စိန်ခေါ်မှုများ ဖြစ်ပေါ်နေသည်ဟု ထုတ်ဖော်ပြာကြားနေသည့်တိုင် စစ်အုပ်စုသည် ရိုဟင်ဂျာများ နေရပ်ပြန်ရေး စမ်းသပ်စီမံကိန်းကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများ၏ အများသဘောတူညီမှုဖြင့် ချမှတ်ခဲ့သည့် UNSC ၏ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ သည် မြန်မာစစ်အုပ်စုအား ယင်းကဲ့သို့သော နေရပ်ပြန်ရေးစီမံချက်မျိုးကို  ဖော်ဆောင်နိုင်သည့် အစိုးရတစ်ရပ် သို့မဟုတ် နယ်မြေထိန်းချုပ်နိုင်သည့် (de facto) အာဏာပိုင်တစ်ရပ်အဖြစ် အသိအမှတ်ပြုထားခြင်း မရှိပေ။ ၂၀၁၄ ခုနှစ်မှစ၍ ပင်လယ်ပြင်ကို ဖြတ်ကျော်ထွက်ခွာကြသည့် ရိုဟင်ဂျာများ အတွက် ၂၀၂၃ ခုနှစ်သည် အသေအပျောက်အများဆုံးနှစ် အဖြစ်မှတ်တမ်းတင်ခံရမှုနှင့်အတူ  ရိုဟင်ဂျာများကို ကုန်လမ်းကြောင်းမှဖြစ်စေ၊ ပင်လယ်မှဖြစ်စေ အတင်းအဓမ္မ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရမှု ဖြစ်ပွား စေခဲ့သည့် အကြမ်းဖက်မှုလုပ်ရပ်များကို ရခိုင်ပြည်နည် အပါအဝင် နိုင်ငံတစ်ဝန်းတွင် တရားမဝင် မြန်မာစစ်အုပ်စုက ဆက်လက်လုပ်ဆောင်နေချိန်တွင် ရိုဟင်ဂျာများအတွက် ရေရှည်တည်တံ့ပြီး ဘေးကင်း လုံခြုံမှုရှိသော ဂုဏ်သိက္ခာရှိသည့် နေရပ်ပြန်နိုင်ရေးမှာ မဖြစ်နိုင်သောကိစ္စရပ်ပင် ဖြစ်သည်။

ဂုဏ်သရေရှိလူကြီးမင်းများရှင့်/ခင်ဗျား

UNSC သည် စစ်အုပ်စု၏ မကြုံစဖူး ပြည်သူများအပေါ် ပစ်မှတ်ထားကျူးလွန်နေသည့် အကြမ်းဖက်မှု များကို ကိုင်တွယ်ဖြေရှင်းရန် အဓိပ္ပာယ်ပြည့်ဝပြီး ထိရောက်မှုရှိသော အစီအမံများကို ဖော်ဆောင်ရမည့် ၎င်း၏ ဝတ္တရားကို ကျေပွန်စွာ ဆောင်ရွက်ရမည့်အစား အာဆီယံနှင့် ၎င်း၏ ကျရှုံးနေသော ဘုံသဘောတူညီချက်ငါးရပ် (Five-Point Consensus – 5PC) အပေါ် မှားယွင်းစွာ မှီခိုနေခဲ့သည်။ ယင်းချဥ်းကပ်မှုသည် မြန်မာပြည်သူများ အပေါ် ထိခိုက်နစ်နာမှုသာ ဖြစ်ပေါ်စေပြီး ထိရောက်မှုမရှိနေသည်ကို အရပ်ဘက်လူထုအသိုင်းအဝိုင်းက အကြိမ်ကြိမ် ထောက်ပြပြောဆိုနေခဲ့ပြီး ဖြစ်သည်။ အာဆီယံ၏ ထိရောက်မှုမရှိသော ဘုံသဘောတူညီချက် ငါးရပ်သည် စစ်အုပ်စုအတွက် အချိန်ဆွဲပေးနေခြင်းသာဖြစ်သည့်အပြင် ၎င်း၏ အကြမ်းဖက်မှုစစ်ဆင်ရေးအား ဆက်လက်လုပ်ဆောင်ခွင့်ကို ဖန်တီးပေးနေသည်သာမက ကမ္ဘာ့အသိုင်းအဝိုင်းမှ ခိုင်မာမှုရှိပြီး အဓိပ္ပါယ် ပြည့်ဝသော အရေးယူဆောင်ရွက်မှုများမှ ကင်းလွတ်ခွင့်ရစေရန် ခွင့်ပြုပေးနေသည်။ မြန်မာနိုင်ငံ၏ အကျပ်အတည်းသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအပေါ်  ဆက်လက်ခြိမ်းခြောက်နေသော်လည်း အာဆီယံသည် ၎င်းတွင် စစ်အုပ်စုကြောင့် မြန်မာနိုင်ငံအတွင်းရှိ မှန်းဆ၍ပင် မရနိုင်သည့် ကြီးမားသော ပျက်စီး ဆုံးရှုံးမှုများကို ကိုင်တွယ်ဖြေရှင်းလိုသည့် နိုင်ငံရေးစိတ်ဆန္ဒနှင့် အဖွဲ့အစည်းဆိုင်ရာစွမ်းဆောင်ရည် မရှိသည်ကို အကြိမ်ကြိမ်ဖော်ပြနေခဲ့သည်။ ယင်းဘုံသဘောတူညီချက်ငါးရပ်ကို ချမှတ်ခဲ့ပြီး နှစ်နှစ်ခွဲကျော်ကြာသည့်အထိ အဆိုပါချဥ်းကပ်မှုမှ အဓိပ္ပါယ်ပြည့်ဝသည့် မည်သည့်ရလဒ်မှ ထွက်ပေါ်လာခြင်းမရှိဘဲ ကျရှုံးခဲ့ကာ၊ ယင်း၏ နောက်ဆက်တွဲ သက်ရောက်မှုများကိုမူ မြန်မာပြည်သူများက ပေးဆပ်နေကြရသည်။ စစ်အုပ်စုက စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေသည့် အကြမ်းဖက်မှုနှင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို အဆုံးသတ်ရေးအတွက် UNSC နှင့် ပိုမိုကျယ်ပြန့်သည့် နိုင်ငံတကာအသိုင်းအဝိုင်းတို့အနေဖြင့် အာဆီယံအပေါ် ထပ်မံလွှဲချခြင်းမပြုဘဲ ဦးဆောင်မှုတာဝန်ကိုယူပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ချိန်တန်သည်မှာ အလွန်ပင် ကျော်လွန်ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။

ယနေ့ နိုင်ငံတစ်ဝှမ်းတွင် အလွန်အမင်းဆိုးရွားလှသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များသည် သိသိသာသာ ကြီးထွားလာနေပြီး လူပေါင်း ၂.၆ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင် နေကြရပြီး အဆိုပါအရေအတွက်မှာ အရပ်သားပြည်သူနှင့် စစ်ဘေးရှောင်ပြည်သူများထံ လက်လှမ်းမီ ရောက်ရှိနိုင်ရေးအပေါ် ကန့်သတ်မှုများ ရှိနေချိန်တွင် လျှော့ပေါ့တွက်ချက်ထားသော ကိန်းဂဏန်း တစ်ခု ဖြစ်နိုင်သည်။ အရပ်ဘက်လူထုအသိုင်းအဝိုင်းများသည် အာဆီယံ၊ ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းများအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ဆိုသည့် ခေါင်းစဥ်အောက်တွင် စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ရေး ကြိုးပမ်းမှုများကို ရပ်တန့်ရန် မိမိတို့မှ အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီဖြစ်သည်။ စစ်အုပ်စုနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းသည် စစ်အုပ်စု၏ တိုက်ခိုက်မှု ခံနေရသော ပြည်သူလူထုများထံ​ အကူအညီများ မရောက်ရှိရေးအတွက် စစ်အုပ်စုမှ ဆက်လက်ပိတ်ဆို့ တားဆီးခွင့် ရရှိစေပြီး လက်ရှိအကျပ်အတည်းကို ပိုမိုဆိုးရွားလာစေမည် ဖြစ်သည်။ ယင်းလုပ်ရပ်သည် စစ်အုပ်စု၏ နာမည်ဆိုးဖြင့်ကျော်ကြားသော အကူအညီများကို လက်နက်သဖွယ်အသုံးချမှုအား ပိုမိုအရှိန်မြှင့် ပေးသည့်တချိန်တည်းတွင် စစ်အုပ်စုနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းသည် ရှေ့တန်းမျက်နှာစာရှိ ဒေသခံ လူသားချင်း စာနာထောက်ထားမှုအရေး လုပ်ဆောင်နေသူများအပြင် မြေပြင်တွင် အသက်ကယ်ဆယ်ရေးအကူအညီများကို ပံ့ပိုးပေးနေသည့် အရပ်ဘက်လူထုအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ၏ ထိရောက်သော အကျိုးရှိသည့် လုပ်ကိုင်ဆောင်ရွက်မှုများအပေါ် ထိခိုက်မှုများ ဖြစ်ပေါ် စေသည်။

ဂုဏ်သရေရှိလူကြီးမင်းများရှင့်/ခင်ဗျား – စစ်အုပ်စုပါဝင်သည့် ဆွေးနွေးမှုများ ပြုလုပ်ရေး ကုလသမဂ္ဂ နှင့် အာဆီယံတို့၏ ဆက်လက်တွန်းအားပေးနေခြင်းက မြန်မာစစ်တပ်သည်  ယခုလက်ရှိ အကျပ်အတည်း၏ အဓိကအရင်းအမြစ်ဖြစ်ကြောင်းကို အသိအမှတ်ပြုရန် ပျက်ကွက်နေခြင်းဖြစ်သည့်အပြင် စစ်အုပ်စု၏ ရက်စက် ကြမ်းကြုတ်သော​ ရာဇဝတ်မှုများကို ပြစ်ဒဏ်ပေးအရေးယူခံရခြင်း ကင်းလွတ်စွာဖြင့် ဆက်လက်ကျူးလွန်စေရန် အားပေးနေသကဲ့သို့ ပြည်သူများအပေါ် စစ်အုပ်စု၏ ဖိနှိပ်မှုများကိုလည်း ပို၍သက်ဆိုးရှည်စေမည် ဖြစ်သည်။ ထို့အပြင် ပြည်သူများအပေါ် ကျူးလွန်နေသော စစ်အုပ်စု၏ အကြမ်းဖက်ရေးလှုပ်ရှားမှုကို ခွင့်ပြုပေးနေချိန်တွင် စစ်အုပ်စုနှင့် ဆွေးနွေးရန် နှိုးဆော်နေခြင်းသည် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီကို အောက်ခြေမှ တည်ဆောက်ရန် လုပ်ဆောင်နေကြသည့် မြန်မာပြည်သူများ၏ ယခင်က တစ်ခါမျှမရှိခဲ့ဖူးသည့် အနစ်နာခံမှုများ နှင့် ကြိုးပမ်အားထုတ်မှုများကို မျက်ကွယ်ပြုရာ ရောက်မည် ဖြစ်သည်။

ယနေ့ကဲ့သို့ မြန်မာစစ်အုပ်စု၏ အာဏာသိမ်းရန်ကြိုးပမ်းမှု သုံးနှစ်ပြည့်ချိန်တွင် တိုင်းရင်းသား ပြည်သူများအပေါ် ဆယ်စုနှစ်ပေါင်းများစွာ ကျူးလွန်နေခဲ့သည်သာမက ယနေ့အချိန်တွင် မြန်မာပြည်သူ တစ်ရပ်လုံးအပေါ် ပို၍ ပြင်းထန်စွာဖြင့် အရှိန်မြှင့်ကျူးလွန်နေသည့် စစ်အုပ်စု၏ လူမျိုးသုဥ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သောရာဇဝတ်မှုများကို ရပ်တန့်နိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းထံမှ ခိုင်မာပြီးအဓိပ္ပါယ်ပြည့်ဝသော အရေးယူဆောင်ရွက်မှု ကင်းမဲ့နေကြောင်းကို ထပ်မံအမှတ်ရ စေသည်။

ထို့ကြောင့် UNSC အနေဖြင့် ဆက်လက်တုံ့ဆိုင်းမနေဘဲ ကုလသမဂ္ဂပဋိညာဥ် အခန်း ၇ အရ ဆုံးဖြတ်ချက်အသစ်တစ်ရပ်ကို အရေးပေါ်ချမှတ်ခြင်းအားဖြင့် မြန်မာပြည်သူများကို အကာအကွယ်ပေးရေး အတွက် ၎င်း၏လုပ်ပိုင်ခွင့်အာဏာကို ကျင့်သုံးပြီး အခြေခံကျသော တာဝန်ကိုထမ်းဆောင်ရန် မိမိတို့မှ တောင်းဆိုလိုက်သည်။ ယင်းကဲ့သို့သော ဆုံးဖြတ်ချက်ချမှတ်ရာတွင် မြန်မာနိုင်ငံ၏အကျပ်အတည်းကို ICC သို့ လွှဲပြောင်းရန် သို့မဟုတ် ယာယီအထူးခုံရုံးတစ်ခု တည်ထောင်ရန်၊ လက်နက်၊ ခဲယမ်း၊ စစ်ဘက်-အရပ်ဘက်သုံး နည်းပညာနှင့် လေယာဥ်လောင်စာဆီများကို စစ်အုပ်စုမှ လက်လှမ်းမီမှု မရှိစေရန် တစ်ကမ္ဘာလုံးလွှမ်းခြုံမှုရှိသော လက်နက်တင်ပို့ရောင်းချမှု တားမြစ်ရေး၊ နှင့် စစ်အုပ်စု၊ ၎င်းနှင့် ဆက်နွှယ်သောအစုအဖွဲ့နှင့် ၎င်းကျူးလွန်နေသော ရာဇဝတ်မှုများအတွက် ဘဏ္ဍာငွေရှာဖွေပေးနေသည့် ငွေကြေးရင်းမြစ်များအပေါ် ပစ်မှတ်ထား စီးပွားရေးပိတ်ဆို့ အရေးယူမှုများကို ထည့်သွင်းလုပ်ဆောင်ရမည် ဖြစ်သည်။

ယင်းကဲ့သို့ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် နှောင့်နှေးကြန့်ကြာစေသည့် မည်သည့် အကြောင်းပြချက်မျှ မရှိသင့်တော့ပေ။ ဆုံးဖြတ်ချက် အမှတ် ၁၃၂၅၊​ ဆုံးဖြတ်ချက် အမှတ် ၂၁၄၇ နှင့် အခြားသော ဆုံးဖြတ်ချက်များ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ အရပ်သားပြည်သူများအား အကာအကွယ်ပေးရေးကို အလေးထားသည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည့် သမိုင်းမှတ်တမ်းအရ UNSC သည် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာကို ခိုင်မာသောခြေလှမ်းများ ချမှတ်လုပ်ဆောင်နိုင်သည်မှာ အသေအချာပင် ဖြစ်သည်။ ယင်းလုပ်ပိုင်ခွင့်အာဏာသည် မြန်မာပြည်သူများနှင့် ၎င်းတို့၏ စုံလင်ပါဝင်မှုရှိပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ရယူဖော်ဆောင်လိုမှုအပေါ် တူညီသောအဖြေနှင့် လုပ်ကိုင်ဆောင်ရွက်မှုများကို ချမှတ်ရမည် ဖြစ်သည်။

ထို့အပြင် UNSC ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို အများသဘောတူညီမှုဖြင့် အတည်ပြုလက်ခံခဲ့သော UNSC ၏ အမြဲတမ်းအဖွဲ့ဝင်နှစ်နိုင်ငံဖြစ်သော တရုတ်နှင့် ရုရှားတို့အနေဖြင့် မြန်မာစစ်အုပ်စု၏ ပြည်သူအပေါ် အကြမ်းဖက်စစ်ဆင်ရေးအတွက် နိုင်ငံရေး၊ နည်းပညာနှင့် ပစ္စည်းအထောက်အပံ့ ပံ့ပိုးပေးနေခြင်းကို ရပ်တန့်ပြီး ယင်းအစား ပြည်သူများ၏ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ တည်ထောင်ရေး ကြိုးပမ်အားထုတ်မှုကို အားပေးထောက်ခံရန် မိမိတို့မှ တိုက်တွန်းတောင်းဆိုသည်။

မြန်မာနိုင်ငံ၏ အနာဂတ်ကို မြန်မာပြည်သူများ၏ ဆန္ဒဖြင့်သာ ဆုံးဖြတ်ရမည်ဖြစ်ပြီး နိုင်ငံတကာအသိုင်း အဝိုင်း၏ လွဲမှားသော လုပ်ဆောင်မှုများဖြင့် ဆုံးဖြတ်၍ မရပါ။ မြန်မာပြည်သူများသည် စစ်အုပ်စု၏ ဆယ်စု နှစ်များစွာချီ ကြာမြင့်သည့်အကြမ်းဖက်မှုများကို အဆုံးသတ်ရန်နှင့် စုံလင်ကွဲပြားသော  နောက်ခံရှိကြသည့် မြန်မာပြည်သူများအနေဖြင့် အားလုံးပါဝင်မှုရှိသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်အောက်တွင် တန်းတူ အခွင့်အရေးရှိပြီး ဂုဏ်သိက္ခာရှိရှိ ငြိမ်းချမ်းစွာ အတူတကွယှဥ်တွဲနေထိုင်နိုင်မည့် ထာဝရငြိမ်းချမ်းရေး တစ်ရပ်ကို မြန်မာနိုင်ငံအတွင်း ဖော်ဆောင်နိုင်ရေးအတွက် ၎င်းတို့၏ စိတ်ဆန္ဒနှင့် ခိုင်မာသော ဆုံးဖြတ်ချက်များကို သတ္တိပြောင်မြောက်စွာဖြင့် ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြသခဲ့ကြပြီး ဖြစ်သည်။ ယခုအချိန်သည် နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် UNSC မှ မြန်ဆန်ပြီး အဓိပ္ပါယ်ပြည့်ဝသည့် လုပ်ကိုင်ဆောင်ရွက်မှုမှတစ်ဆင့် မြန်မာပြည်သူများနှင့် တစ်သားတည်းရှိရမည့်အချိန် ဖြစ်သည်။ ကုလသမဂ္ဂပဋိညာဥ် အခန်း ၇ အရ မြန်မာနိုင်ငံအပေါ် UNSC ဆုံးဖြတ်ချက်သစ်တစ်ရပ် ချမှတ်လုပ်ဆောင်ရန် မိမိတို့မှ လေးနက်စွာ ထပ်မံတောင်းဆိုလိုက်သည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

  • ဒေါ်ခင်ဥမ္မာ၊ ဥက္ကဌ၊ ရှေ့ပြေးအသံအဖွဲ့၊ [email protected]
  • အဲလီနာ ၊ လူမျိုးပေါင်းစုံ အထွေထွေသပိတ် ကော်မတီ၊ [email protected]
  • မြေလတ်ထွန်း၊ CDM Medical Network၊ [email protected]
  • မဝေဝေနု၊ Women’s Peace Network၊ [email protected]

ဤအိတ်ဖွင့်ပေးစာကို မြန်မာစစ်အုပ်စု၏ အကြမ်းဖက်မှုများကြောင့် အမည်မဖော်လိုသော အဖွဲ့ ၈၄ ဖွဲ့ အပါအဝင် အရပ်ဘက်လူထုအဖွဲ့အစည်း စုစုပေါင်း ၄၆၂ ဖွဲ့တို့မှ ထောက်ခံလက်မှတ်ရေးထိုးထားသည်။

  1. 5/ of Zaya State Strike
  2. Action Against Myanmar Military Coup (Sydney)
  3. Action Committee for Democracy Development (Coalition of 14 grassroots networks)
  4. Action Committee of Basic Education Students (ACBES)
  5. Active Youths Kalaymyo
  6. Ah Nah Podcast – Conversations with Myanmar
  7. All Aung Myay Thar San Schools Strike Force
  8. All Burma Student Democratic Front – Australia Branch
  9. All Young Burmese League (AYBL)
  10. Alliance of Students’ Union – Yangon (ASU-Yangon)
  11. ALTSEAN-Burma
  12. Anti-coup Forces Coordination Committee (ACFCC – Mandalay)
  13. Anti-Junta Alliance Yangon-AJAY
  14. Anti-Myanmar Dictatorship Movement
  15. Anti-Myanmar Military Dictatorship Network (AMMDN)
  16. Arakan Rohingya National Union (ARNU)
  17. Arakan Rohingya Society for Peace and Human Rights (ARSPH)
  18. ASEAN Parliamentarians for Human Rights (APHR)
  19. Asian Forum for Human Rights and Development (FORUM-ASIA)
  20. Asian Health Institute (AHI)
  21. Asia-Pacific Solidarity Coalition (APSOC)
  22. Assistance Association for Political Prisoners (AAPP)
  23. Association of Human Rights Defenders and Promoters
  24. Association of United Nationality in Japan (AUN)
  25. Association Suisse Birmanie (ASB)
  26. Associazione per l’Amicizia Italia Birmania “Giuseppe Malpeli”
  27. Athan – Freedom of Expression Activist Organization
  28. Aung San Suu Kyi Park, Norway
  29. Australia Burma Friendship Association, Northern Territory
  30. Australia Karen Organization WA Inc.
  31. Australia Myanmar Doctors, Nurses and Friends
  32. Australia Myanmar Youth Alliance (AMYA)
  33. Australian Burmese Muslim Organisation
  34. Australian Chin Community (Eastern Melbourne Inc)
  35. Australian Coalition for Democracy in Burma
  36. Australian Karen Organisation (AKO)
  37. A-Yar-Taw People Strike
  38. Ayeyarwaddy West Development Organisation – AWDO (Magway)
  39. Ayeyarwaddy West Development Organisation – AWDO (Nagphe)
  40. Arakan Youths Peace Network (AYPN)
  41. Bamar Community Tasmania
  42. Basic Education Students & Youths Association (BESYA)
  43. Bee House
  44. Beyond Borders (Malaysia)
  45. Blood Money Campaign (BMC)
  46. Boston Free Burma
  47. Burma Action Ireland
  48. Burma Campaign UK
  49. Burma Civil War Museum (BCM)
  50. Burma Human Rights Network (BHRN)
  51. Burma Lawyers’ Council (BLC)
  52. Burma Refugee Saving Association (B.R.S.A)
  53. Burma Support
  54. Burmese Community – South Australia
  55. Burmese Community Development Collaboration (BCDC)
  56. Burmese Community Support Group (BCSG)
  57. Burmese Friendship Association
  58. Burmese Medical Association Australia (BMAA)
  59. Burmese Relief Center Japan
  60. Burmese Rohingya Organisation UK
  61. Burmese Women’s Union (BWU)
  62. Campaign for a New Myanmar
  63. Canberra Karen Association
  64. CAN-Myanmar
  65. CDM Medical Network (CDMMN)
  66. Center for Action Point (Kyaukpadaung)
  67. Chaung Oo Township Youth Strike Committee
  68. Chin Community – South Australia
  69. Chin Community in Norway
  70. Chin Community of Japan (CCJ)
  71. Chin Community of Western Australia Inc.
  72. Chin Community Tasmania
  73. Chin Human Rights Organization
  74. Chin Youth Organization
  75. Chin Youth Organization of Japan (CYO-JP)
  76. CIVICUS: World Alliance for Citizen Participation
  77. Civil Information Network (CIN)
  78. Civil Rights Defenders
  79. Coalition Strike Committee – Dawei
  80. Colorful Spring (ရောင်စုံနွေဦး)
  81. CRPH & NUG Support Team Germany – Deutschland
  82. CRPH & NUG Supporters Ireland
  83. CRPH Funding Ireland
  84. CRPH Support Group, Norway
  85. CRPH/NUG Support Group Australia
  86. Dawei Youths in Japan (DYJ)
  87. Dawei Youths Revolutionary Movement Strike Committee
  88. Defend Myanmar Democracy (DMD)
  89. Democracy for Burma
  90. Democratic Youth Council
  91. Depayin Township Revolution Steering Committee
  92. Dhobama (2021 Generation)
  93. Doh Atu – Ensemble pour le Myanmar
  94. Dragon Dawn
  95. Education and Wisdom Development for Rohingya Women
  96. Education Garden of Rohingya (EGR)
  97. Educational Initiatives Prague
  98. Equality Myanmar (EQMM)
  99. Ethnic Youth General Strike Committee (Mandalay)
  100. Falam Community – South Australia
  101. Federation of Workers’ Union of the Burmese Citizens in Japan (FWUBC)
  102. Fortify Rights
  103. Free Burma Campaign (South Africa)
  104. Free Rohingya Coalition
  105. Freedom and Labor Action Group (FLAG)
  106. Friends of the Earth Japan (FoE Japan)
  107. Future Light Center
  108. Future Thanlwin
  109. Gender Equality Network (GEN)
  110. General Strike Collaboration Committee (GSCC)
  111. General Strike Committee of Basic and Higher Education (GSCBHE)
    • Basic Education General Strike Committee (BEGSC)
    • Basic Education Worker Unions – Steering Committee (BEWU-SC)
    • Representative Committee of University Teacher Associations (RC of UTAs)
  112. General Strike Committee of Nationalities (GSCN)
  113. Generation Wave
  114. GenY For Revolution Japan
  115. Global Myanmar Spring Revolution – Japan
  116. Global Myanmar Spring Revolution (GMSR)
  117. Grass-root People
  118. History Carriers (HC)
  119. Honesty Federal School
  120. Hope For Youth – Kyushu Japan
  121. Human Rights Educators Network
  122. Human Rights Foundation of Monland (HURFOM)
  123. Human Rights Now
  124. India 4 Myanmar
  125. Industrial Training Centre (ITC) Family Sydney
  126. Info Birmanie
  127. Initiatives for International Dialogue (IID)
  128. Institute for Asian Democracy
  129. Institute of Chin Affairs
  130. Integria, z.u. (Prague)
  131. Inter Pares
  132. International Association, Myanmar-Switzerland (IAMS)
  133. International Campaign for the Rohingya
  134. International Karen Organisation
  135. International Society of Myanmar Scholars and Professionals (Japan)
  136. Italia-Birmania.Insieme
  137. Japan Campaign to Ban Landmines (JCBL)
  138. Japan Myanmar Future Creative Association (JMFCA)
  139. Japan Myanmar Help Network (JMHN)
  140. Joint Action Committee for Democracy in Burma (JACDB)
  141. Justice 4 Myanmar – Hope & Development
  142. Justice For All
  143. Justice for Myanmar
  144. Kachin Affairs Organization – Japan (KAO (Japan)
  145. Kachin Association Norway
  146. Kachin Association of Australia WA Inc.
  147. Kachin State Civilian Movement (KSCM)
  148. Kachin Student Union
  149. Kachin Women Association Thailand (KWAT)
  150. Kalay Township Strike Committee
  151. Kansai Group Japan
  152. Karen Community – South Australia
  153. Karen Human Rights Group
  154. Karen National League Japan (KNL)
  155. Karen Peace Support Network
  156. Karen Swedish Community (KSC)
  157. Karenni Association – Norway
  158. Karenni Civil Society Network (KCSN)
  159. Karenni Community of Western Australia Inc.
  160. Karenni Federation of Australia
  161. Karenni Human Rights Group
  162. Karenni Humanitarian Aid Initiative
  163. Karenni National Society (KNS) Japan
  164. Kayan New Generation Youth
  165. Kayan Rescue Committee
  166. Kayan Women Organization
  167. Kayin Community Tasmania
  168. K’cho Ethnic Association
  169. Keng Tung Youth
  170. KnowUsMoreMyanmar (KUM)
  171. Kobe Myanmar Community (KMC)
  172. KontraS
  173. Kyae Lak Myay
  174. Kyain Seikgyi Spring Revolution Leading Committee
  175. Kyauktada Strike Committee
  176. Latpadaung Region Strike Committee
  177. League For Democracy in Burma (L.D.B Japan)
  178. LGBT Alliance
  • LGBT Alliance Myanmar (Kalay Region)
  • LGBT Alliance Myanmar (Kyaukse Region)
  • LGBT Community Yangon
  • LGBT Union – Mandalay
  • Monywa LGBT Strike
  1. Local Development Network
  2. Magway People’s Revolution Committee
  3. Magway Region Human Rights Network (MHRN)
  4. Mandalay Medical Family (MFM)
  5. Mandalay Regional Youth Association Revolution Core Group
  6. Mandalay Strike Force (MSF)
  • Chanmyatharzi Township People’s Strike
  • Co-operative University Mandalay Students’ Strike
  • Daung Sitthe Strike
  • Industries Strike
  • Maharaungmyay Township People’s Strike
  • Mandalay Alliance Coalition Strike
  • Mandalar University Students’ Strike
  • Mandalay Youth Strike
  • Mandalay-based People’s Strike
  • Multi-Religions Strike
  • Mya Taung Strike
  • Myanmar Institute of Information Technology Students’ Strike
  • 12 Basic Education Branch High School ( Maharaungmyay) Students’ Union
  • Samgha Sammaga-Mandalay
  • Seinpann Strike
  1. Mandalay-Based University Students’ Unions (MDY_SUs)
  2. Matu Burma Foundation
  3. Matu Chin Community – South Australia
  4. MayMyo Strike Force
  5. Mekong Watch
  6. Metta Campaign
  7. MilkTeaAlliance Calendar Team
  8. MilkTeaAlliance Friends of Myanmar
  9. Min Hla Farmers Group
  10. Minbu Farmers Group
  11. Mindat Chin Community NSW
  12. Mindat Community – South Australia
  13. Minority Affairs Institute (MAI Myanmar)
  14. Mizo Community – South Australia
  15. Mon Association – Norway
  16. Mon Families Group
  17. Mon National Council (MNC)
  18. Mon State Development Center (MSDC)
  19. Mon Youth For Federal Democracy (MYFD)
  20. Monywa People’s Strike Steering Committee
    • All Burma Federation of Student Unions (Monywa District)
    • Civil Society Organizations Coordination Committee (Monywa)
    • Former Political Prisoners and New Generation Group – Monywa
    • Network of University Student Unions – Monywa
    • The 88 Generation Peace and Open Society (Monywa)
    • Thakhin Kodaw Mhine Peace Network (Monywa)
  21. Monywa-Amyint Road Strike Leading Committee
  22. Muslim Youth Network
  23. Myanmar Accountability Project
  24. Myanmar Action Group Denmark
  25. Myanmar Baptist Churches in Norway
  26. Myanmar Buddhist Community of South Australia
  27. Myanmar Campaign Network
  28. Myanmar Catholic Community In Norway
  29. Myanmar Community Coffs Harbour (MCC)
  30. Myanmar Community in Italy
  31. Myanmar Community in Norway
  32. Myanmar Cultural Research Society (MCRS)
  33. Myanmar Democracy and Peace Committee (Australia)
  34. Myanmar Democratic Movement (MDM)
  35. Myanmar Development Support Group (MDSG)
  36. Myanmar Diaspora Group Finland
  37. Myanmar Engineering Association of Australia (MEAA)
  38. Myanmar Hindu Community – Norway
  39. Myanmar Labor Alliance (MLA)
  40. Myanmar Muslim Organization – Norway
  41. Myanmar Muslim Revolution Force (MMRF)
  42. Myanmar Nationalities’ Support Organization – JP (MNSO)
  43. Myanmar People Alliance (Shan State)
  44. Myanmar People Residing in Canberra
  45. Myanmar Policy Institute
  46. Myanmar Refugee Policy Group
  47. Myanmar Spring Revolution Japan (MSRJ)
  48. Myanmar Students’ Association Australia (MSAA)
  49. Myanmar Tozan Club (MTC)
  50. Myanmar Youth and Student Association, Japan (MYSA)
  51. Myanmar’s Youth Association Hokkaido (MYAH)
  52. Myaung Youth Network
  53. MyaYar Knowledge Tree
  54. Myingyan Civilian Movement Committee
  55. National Alliance Bangkok
  56. Netherlands-Myanmar Solidarity Platform
  57. Network for Human Rights Documentation – Burma (ND-Burma)
  58. New Myanmar Foundation
  59. New Power Generation
  60. New Rehmonnya Federated Force (NRFF)
  61. NLD Organization Committee (International) Norway
  62. NLD Solidarity Association (Australia)
  63. No Boundary Support Group
  64. No Business With Genocide
  65. Norway Falam Community
  66. Norway Matu Community
  67. Norway Rawang Community
  68. NPO Africa Japan Forum
  69. NSW Karenni (Kayah) Communities
  70. Nway Oo Guru Lay Myar
  71. Nyan Lynn Thit Analytica
  72. Okinawa Myanmar Association (OMA)
  73. Oway Institute
  74. Padauk Finland-Myanmar Association
  75. Pakokku Youth Development Council
  76. Palaung National Society Japan, PNS-Japan
  77. Palaw Supporting Group Japan
  78. Pale Township People’s Strike Steering Committee
  79. Parents, Families and Friends of LGBTIQA+ in Myanmar (PFLAG – Myanmar)
  80. Patriotic War Veterans of Burma (PWVB)
  81. People’s Hope Spring Revolution (PHSR)
  82. Perth Myanmar Youth Network
  83. Power of Rohingya Youth (PRY)
  84. Progressive Voice
  85. Punnyakari Mon National Society Japan, PMNS-Japan
  86. Pwintphyu Development Organisation
  87. Pyi Gyi Tagon Strike Force
  88. Pyit Taing Htaung Social Club
  89. Queensland Kachin Community (QKC)
  90. Queensland Myanmar Youth Collective (QMYC)
  91. Queensland Rohingya Community
  92. Rangoon Scout Network (RSN)
  93. Red Campaign Nirvana Exhortation Group
  94. Remonya Association of WA (Mon Community)
  95. Revolution Tokyo Myanmar (RTM)
  96. Rohingya Action Ireland (RAI)
  97. Rohingya Christian Youth Union (RCYN)
  98. Rohingya Community in Norway
  99. Rohingya Education Development Plan (REDP)
  100. Rohingya Progressive Network (RPN)
  101. Rohingya Southeast Asia Network (RAISA)
  102. Rohingya Student Union
  103. Rohingya Women Association for Education and Development (RWAED)
  104. Rohingya Women Empowerment and Advocacy Network
  105. Rohingya Women for Justice and Peace
  106. Rohingya Youth for Legal Action
  107. Rohingya Youth’s Rights (RYR)
  108. Save and Care Organization for Ethnic Women at Border Areas (SCOEWBA)
  109. SEA Junction
  110. Shan Community in Japan (SCJ)
  111. Shan MATA
  112. ShizuYouth For Myanmar
  113. Shwe Pan Kone People’s Strike Steering Committee
  114. Shwe Youth Democratic Alliance (SYDA)
  115. Sisters 2 Sisters
  116. Sitt Nyein Pann Foundation
  117. Social Garden
  118. Sone See Yar (Volunteer Group)
  119. Sone Yay Foundation
  120. Southcare Medical Centre
  121. Southern Dragon Myanmar
  122. Southern Monitor
  123. Spring Revolution Restaurant (SRR)
  124. Spring Sprouts
  125. Spring Traveller
  126. Support for Myanmar
  127. Support Group for Democracy in Myanmar (Netherlands)
  128. Swedish Burma Committee
  129. Sydney Friends for Myanmar Unity
  130. Synergy – Social Harmony Organization
  131. Ta’ang Women’s Organization
  132. Tai Youths Network Japan (TYNJ)
  133. Tamar Institute of Development
  134. Taze Strike Committee
  135. Thailand 4 Burma
  136. The European Rohingya Council (ERC)
  137. The Institution of Professional Engineers Myanmar (IPEM)
  138. The Ladies
  139. Try Together At Japan (TTAJ)
  140. Twitter Team for Revolution (TTFR)
  141. S. Campaign for Burma
  142. Union of Myanmar Citizen Association – Japan
  143. United Myanmar Community of South Australia
  144. University Students’ Unions Alumni Force
  145. Victorian Burmese Care Community (VBCC)
  146. Victorian Myanmar Youth (VMY)
  147. Voice For Justice
  148. Volunteers in Myanmar
  149. We Are One Saga MOSA
  150. We for All
  151. We Pledge CDM (Australia)
  152. We Support
  153. Western Australia Myanmar Community (WAMC)
  154. Western Australia Myanmar Democratic Network (WAMDN)
  155. Wetlet Revolution Leading Committee
  156. White Coat Society Yangon (WCSY)
  157. Women Action Committee – Myanmar
  158. Women Activists Myanmar (WAM)
  159. Women Advocacy Coalition – Myanmar (WAC-M)
  160. Women Alliance Burma (WAB)
  • Chindwin (West) Villages Women Strike
  • Dawei (Ashaetaw) Women Strike
  • Depayin Women Strike
  • Gangaw Women Strike
  • Kalay Women Strike
  • Mandalay Women Strike
  • Monywa Women Strike
  • Monywa-Amyint Road Women Strike
  • Taze Women Strike
  • Thayat Chaung Women Strike
  • Wetlet Twonship Women Strike
  • Yangon Women Strike
  1. Women Lead Resource Center (WLRC)
  2. Women’s Peace Network
  3. Yadanabon University Students’ Union (YDNBUSU)
  4. Yadanar Foundation
  5. Yasakyo Township People’s Strike Steering Committee
  6. Yaw Funding Japan
  7. Yinmarpin and Salingyi All Villages Strike Committee
  8. Yokohama Pamphlet Campaign – Myanmar
  9. Youth Empowerment (YE)
  10. Youth for Democratization of Myanmar (UDM)
  11. Youth Heart Beams
  12. Youths for Rohingya Development (YRD)
  13. Zo Community – South Australia
  14. Zomi Association Australia Inc.
  15. Zomi Christian Fellowship of Norway
  16. Zomi Community – South Australia
  17. Zomi Community Norway
  18. Zomi Community Queensland
  19. ကော့သောင်းခရိုင်နိုင်ငံရေးအင်အားစု
  20. ဂျပန်ပြည်မှတွဲလက်များ
  21. တွဲလက်ညီ
  22. ဒို့မြေကွန်ရက် – LIOH
  23. ပွင့်ဖြူလယ်ယာမြေကွန်ရက်
  24. မြန်မာမွတ်စလင်အစည်းအရုံး (BMA)
  25. မြိတ်ခရိုင်နိုင်ငံရေးအင်အားစု
  26. မဟာမြေပြင်ထောက်ပို့တော်လှန်ရေးအားမာန်
  27. မေတ္တာညီကိုပရဟိတအသင်း
  28. ရပ်ဝန်းသစ် (YWT)
  29. ရောင်နီသစ်ဆီတက်လှမ်ချီ
  30. လမ်းပြကြယ်ထောက်ပို့
  31. လီဆူအမျိုးသမီးများအဖွဲရှမ်းပြည်နယ်
  32. လူသားချင်းစာနာထောက်ပံ့ရေး
  33. အနာဂတ်သစ်ပန်းတိုင်ဆီသို့
  34. အနာဂတ်အလင်းရောင်
  35. အမှာင်ကိုခွင်းအလင်းရောင်ရှိ

 

[1]      ယခု လေကြောင်းတိုက်ခိုက်မှုများအရေအတွက်သည် UNSC ၏ ဆုံးဖြတ်ချက် ချမှတ်ခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ မှစ၍ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၇ အကြား ဖြစ်ပွားခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများကို စောင့်ကြည့်လေ့လာမှု ပြုထားသည့် Nyan Lynn Thit Analytica ၏ အချက်အလက်များအပေါ် အခြေခံ၍ တွက်ချက်တင်ပြထားခြင်း ဖြစ်သည်။


အိတ်ဖွင့်ပေးစာကို ရယူရန် – မြန်မာဘာသာ | အင်္ဂလိပ်ဘာသာ

Read in English