25 January 2024
40 views
![[မီဒီယာဖိတ်ကြားလွှာ] ကျရှုံးနေသည့် စစ်အုပ်စု၏ အာဏာသိမ်းရေးကြိုးပမ်းမှု သုံးနှစ်ပြည့်နှစ်ပတ်လည်တွင် မြန်မာနိုင်ငံအတွက် သွေးစည်းညီညွတ်မှုပြ စကားဝိုင်းဆွေးနွေးပွဲ](/_ipx/f_webp&q_80&s_800x243/https://wp.progressivevoicemyanmar.org/wp-content/uploads/2023/05/MediaAdvisory_WebBanner-800x243.png)

မီဒီယာဖိတ်ကြားလွှာ
ကျရှုံးနေသည့် စစ်အုပ်စု၏ အာဏာသိမ်းရေးကြိုးပမ်းမှု သုံးနှစ်ပြည့်နှစ်ပတ်လည်တွင် မြန်မာနိုင်ငံအတွက် သွေးစည်းညီညွတ်မှုပြ စကားဝိုင်းဆွေးနွေးပွဲ
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် Alternative ASEAN Network on Burma (ALTSEAN-Burma)၊ Asia Justice and Rights၊ Asian Forum for Human Rights and Development (FORUM-ASIA)၊ Initiatives for International Dialogue၊ KontraS နှင့် ရှေ့ပြေးအသံအဖွဲ့တို့မှ ပူးပေါင်း၍ “ကျရှုံးနေသည့် စစ်အုပ်စု၏ အာဏာသိမ်းရေးကြိုးပမ်းမှု သုံးနှစ်ပြည့်နှစ်ပတ်လည်တွင် မြန်မာနိုင်ငံအတွက် သွေးစည်း ညီညွတ်မှုပြ စကားဝိုင်းဆွေးနွေးပွဲ” တစ်ရပ်ကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
ထိုစကားဝိုင်းဆွေးနွေးပွဲသည် လက်ရှိမြန်မာနိုင်ငံအခြေအနေ၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး အခြေခံ အုတ်မြစ်များ ချမှတ်နေသည့် ပြည်သူလူထု၏အားထုတ်ကြိုးပမ်းမှုများနှင့် အရှေ့တောင်အာရှဒေသတွင်းရှိ ရိုဟင်ဂျာ ဒုက္ခသည်အရေးတို့ကို မီးမောင်းထိုးဆွေးနွေးတင်ပြသွားမည် ဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏အရေး ဖြေရှင်းဆောင်ရွက်ရေးအတွက် အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများအား အကြံပြု တိုက်တွန်းချက်များလည်း ပြုလုပ်သွားမည် ဖြစ်သည်။
ဆွေးနွေးပွဲအား ပါဝင်တက်ရောက်သူများအနေဖြင့် အာဆီယံ၏ ဘုံသဘောတူညီချက် ငါးရပ်အစား အခြားရွေးစရာ မဟာဗျူဟာတစ်ရပ်နှင့်ပတ်သက်သည့် ရပ်တည်ချက်စာတမ်းတစ်စောင် အပါအဝင် မကြာမီ အချိန်တွင် လုပ်ဆောင်မည့် ပြည်တွင်းနှင့် ဒေသတွင်း အရပ်ဘက်လူထုအဖွဲ့အစည်းများ၏ စည်းရုံးလှုံ့ဆော်ရေး ကြိုးပမ်းအားထုတ်မှုများကိုလည်း လေ့လာနိုင်မည် ဖြစ်သည်။
ဆွေးနွေးပွဲကို အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး ဘာသာစကား နှစ်ခုစလုံးအတွက် တိုက်ရိုက်ဘာသာပြန် စီစဥ်ထားရှိပါသည်။
နေ့ရက်။ ။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ၊ ၂၉ ရက်နေ့ (တနင်္လာနေ့)
အချိန်။ ။ မွန်းလွဲ ၂း၀၀ နာရီမှ ၄း၀၀ နာရီအထိ (ထိုင်းစံတော်ချိန်)
နေရာ။ ။ ထိုင်းနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း (FCCT)၊ ဘန်ကောက်၊ ထိုင်းနိုင်ငံ
အွန်လိုင်းမှတစ်ဆင့် တက်ရောက်လိုသူများ စာရင်းပေးသွင်းရန် – http://tinyurl.com/3x9v7rst
ပါဝင်ဆွေးနွေးမည့်သူများ
တင်ပြဆွေးနွေးသူ (Moderator) – Laura Naw ၊ Forum-Asia
ယခုဆွေးနွေးပွဲကို Alternative ASEAN Network on Burma (ALTSEAN-Burma)၊ Asia Justice and Rights၊ Asian Forum for Human Rights and Development (FORUM-ASIA)၊ Initiatives for International Dialogue၊ KontraS နှင့် ရှေ့ပြေးအသံအဖွဲ့တို့မှ ပူးပေါင်းစီစဥ်သည်။

22 July 2026
123

18 July 2026
17