23 September 2022

ကုလသမဂ္ဂနဲ့လက်အောက်ခံအဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံတာ တွေမလုပ်ကြဖို့ အရပ်ဘက်လူထုအဖွဲ့အစည်း ၆၃၈ က စက်တင်ဘာလ ၂၃ ရက်မှာ ကုလအတွင်းရေးမှူးချုပ်ဆီစာပို့တောင်းဆို ခဲ့ကြပါတယ်။
ရာထူးခန့်အပ်လွှာပေးအပ် တာတွေ သဘောတူစာချုပ်တွေနဲ့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး တာတွေကို အမျိုးသားညီညွတ် ရေးအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ လုပ် ဆောင် ကြ ဖို့တောင်းဆိုထားပါတယ်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဆီ လိပ်မူထားတဲ့စာမှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေဟာ စစ်အုပ်စု ကို တရားဝင်မှုရရှိစေရေး လုပ်ဆောင်နေမှုများကို ရပ်တန့်ရမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းပေးဖို့အတွက် အခြေခံမူတွေအပေါ် ရပ်တည်ပြီးညှိနှိုင်းပူးပေါင်းဆောင်ရွက်တဲ့ ကုလသမဂ္ဂရဲ့ တုံ့ပြန် ဆောင်ရွက်မှုကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကိုယ်တိုင် ကြားဝင်ဆောင်ရွက်ပေးဖို့ကို အရပ်ဘက်လူထုအဖွဲ့အစည်းတွေက တောင်းဆိုခဲ့တာဖြစ်ပါတယ်။
မကြာသေးခင်က ကုလသမဂ္ဂ အေဂျင်စီတွေ ၊ ရန်ပုံငွေအဖွဲ့တွေ ၊ အစီအစဉ်တွေနဲ့ မြန်မာနိုင်ငံအတွင်း လုပ်ကိုင်နေကြတဲ့ အခြားအစုအဖွဲ့ တွေဟာ မြန်မာစစ်အုပ်စုနဲ့ သဘောတူ စာချုပ်အသစ်များ ထပ်မံ ချုပ်ဆိုတာတွေ ခန့်အပ်လွှာပေးအပ်တာတွေကို လုပ်ဆောင်ခဲ့တဲ့အပေါ် အပြင်းထန်ဆုံး ရှုတ်ချတယ်လို့လည်း အတွင်းရေးမှူးချုပ်ထံပေးစာမှာဖော်ပြထားပါတယ်။

23 July 2026

08 July 2026