မြန်မာနိုင်၏ လူသားချင်းစာနာ‌ထောက်ထားမှုဆိုင်ရာ အကူအညီနှင့်ပတ်သက်၍ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို ကျော်လွန်၍ အဖြေရှာခြင်း

မြန်မာနိုင်၏ လူသားချင်းစာနာ‌ထောက်ထားမှုဆိုင်ရာ အကူအညီနှင့်ပတ်သက်၍ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို ကျော်လွန်၍ အဖြေရှာခြင်း

နေ့ရက်  ။          ။ ၂၀၂၂ ခုနှစ် မေလ ၅ ရက်နေ့ (ကြာသပတေးနေ့)
အချိန်    ။          ။ ညနေ ၃း၀၀ – ၄း၃၀ အထိ (ထိုင်းစံတော်ချိန်)
တိုက်ရိုက်ထုတ်လွှင့်မှု – FORUM-ASIA မှ Zoom, Facebook, Twitter  တို့မှတစ်ဆင့်  တိုက်ရိုက်ထုတ်လွှင့်ပေး သွားမည်။
ဘာသာပြန်ဆိုမှု – ဆွေးနွးပွဲကို အင်္ဂလိပ်ဘာသာဖြင့် အဓိကဆွေးနွေးမည်ဖြစ်ပြီး Zoom မှတစ်ဆင့်     ပါဝင်တက်ရောက်သူများအတွက် မြန်မာဘာသာပြန်ဆိုမှု စီစဉ်ထားပါသည်။
စာရင်းပေးသွင်းရန် –  https://us06web.zoom.us/webinar/register/WN_sk3AXyL1QT2r-7WtqVYExw

မြန်မာနိုင်ငံအခြေအနေဆိုင်ရာ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို ချမှတ်ခဲ့သည်မှာ တစ်နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်သော်လည်း အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)နှင့် ၎င်း၏ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအတွင်း ဆိုးရွားလှသော နိုင်ငံရေးအခြေအနေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို ကိုင်တွယ်ဖြေရှင်းရေးနှင့် ပတ်သက်၍ တိုးတက်မှု တစ်စုံတရာ မတွေ့ရသေးပေ။

ယခု တစ်နှစ်တာပြည့်သွားသည့် အချိန်တွင် အရပ်ဘက်လူထုအဖွဲ့အစည်းများက အာဆီယံအနေဖြင့် ၎င်း၏ ဘုံသဘောတူညီချက်များကို ကျော်လွန်၍ အဖြေရှာဆောင်ရွက်ရန် တောင်းဆိုထားပြီး အာဆီယံ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ဖြစ်သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုအကူအညီများအတွက် အာဆီယံ၏ ပူးပေါင်းဆောင်ရွက်ရေး စင်တာ (AHA Centre) မှ ယင်းဘုံသဘောတူညီချက်အောက်တွင် ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်အတိုင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးပို့ဆောင်ရွက်ရေး၏ သင့်လျော်မှုအခြေအနေ နှင့်ပတ်သက်၍လည်း အလွန်အမင်းစိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်သည်။

AHA Center တွင် ပဋိပက္ခဖြစ်ပွားသည့် အခင်းအကျင်းအောက်ရှိ အကူအညီ လိုအပ်နေသူများအား အကူအညီပေးရန် ယန္တရားမရှိနေသည့်အပြင် မြန်မာနိုင်ငံတွင် အကူအညီများ ပေးအပ်ဆောင်ရွက်ရန် ၎င်း၏ အဓိကမိတ်ဖက်မှာ ပြည်သူများအား တိုက်ခိုက်သူနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖန်တီးကျူးလွန်နေသူ ဖြစ်နေသည်။

မေလ ၆ ရက်နေ့တွင် ကျင်းပမည့် မြန်မာနိုင်ငံအတွက် အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ အတိုင်ပင်ခံအစည်းအဝေးကို အာဆီယံ၏ လက်ရှိဥက္ကဌဖြစ်သော ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည်ဖြစ်သောကြောင့် ယင်းစိုးရိမ်ပူပန်မှုများကို ပို၍ပင် ဆိုးရွားစေသည်။ စစ်အုပ်စုသည် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးပို့မှုများကို ပိတ်ဆို့ခြင်းအပြင် အကူအညီများ ပေးအပ်ပံ့ပိုးဆောင်ရွက်နေသည့် ဒေသခံလုပ်သားများကို တိုက်ခိုက်ခြင်းနှင့် ဖမ်းဆီးခြင်းများလည်း ဆက်လက်လုပ်ဆောင်နေသည်။

ယခု Webinar အစီအစဉ်တွင် မြန်မာနိုင်ငံအတွင်းရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီနှင့်ပတ်သက်၍ အာဆီယံ၏ ချဥ်းကပ်မှုအပေါ် မျှော်မှန်းချက်များနှင့် စိန်ခေါ်မှုများကို ဒေသတွင်းနှင့် ပြည်တွင်း ကျွမ်းကျင်ပညာရှင်များမှ ဆွေးနွေးဖလှယ်ပေးသွားမည်ဖြစ်သောကြောင့် ဤဆွေးနွေးပွဲအစီအစဉ်ကို တက်ရောက်ပေးပါရန် ရှေ့ပြေးအသံအဖွဲ့၊ FORUM-ASIA နှင့် CIVICUS: World Alliance for Citizen Participation တို့မှ လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ပါဝင်ဆွေးနွေးမည့်သူများ

  • Adelina Kamal, ISEAS ၏ တွဲဖက်အကြီးတန်းအသင်းဝင် နှင့် AHA Center ၏ အမှုဆောင်ဒါရိုက်တာဟောင်း
  • Kasit Piromya၊ ASEAN Parliamentarians for Human Rights (APHR) ၏ ဘုတ်အဖွဲ့ဝင် နှင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း
  • Salai Za Uk၊ လက်ထောက်အမှုဆောင်ဒါရိုက်တာ၊ ချင်းလူ့အခွင့်အရေးအဖွဲ့
  • နော်ထူးထူး၊ ပရိုဂရမ်ဒါရိုက်တာ၊ ကရင်လူ့အခွင့်အရေးအဖွဲ့

Moderator – Marzuki Darusman၊ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီအဖွဲ့ဝင် နှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင် (IIFFMM) ၏ ဥက္ကဌဟောင်း

မီဒီယာများ ဆက်သွယ်ရန်

ဤအစီအစဉ်နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက သို့မဟုတ် ပါဝင်ဆွေးနွေးသူတစ်ဦးဦးနှင့် အင်တာဗျူးအတွက် ဆက်သွယ်မေးမြန်းလိုပါက FORUM-ASIA အား communication@forum-asia.org မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။


PDF ဖိုင်ဖြင့်ရယူရန်။

English version.

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia