လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)မှ ထုတ်ပြန်သည့် “ဖျက်ဆီးခံရခြင်းနှင့် ရွှေ့ ပြောင်းခံရခြင်း။ မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် လူထုဘဝလုံခြုံရေးအတွက် အာမခံမှုမရှိသည့် အန္တရာယ် အနေအထားတွင် ရောက်ရှိနေခြင်း“စာတန်းတွင် စစ်အာဏာရှင် များ၏ အကြမ်းဖက်လုပ်ရပ် ရပ်တန်းကရပ်ရန် ဖော်ပြထားသည်။

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)မှ ထုတ်ပြန်သည့် “ဖျက်ဆီးခံရခြင်းနှင့် ရွှေ့ ပြောင်းခံရခြင်း။ မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် လူထုဘဝလုံခြုံရေးအတွက် အာမခံမှုမရှိသည့် အန္တရာယ် အနေအထားတွင် ရောက်ရှိနေခြင်း“စာတန်းတွင် စစ်အာဏာရှင် များ၏ အကြမ်းဖက်လုပ်ရပ် ရပ်တန်းကရပ်ရန် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဇွန်လ ၂၁ ရက်

မြန်မာနိုင်ငံတွင် တိုက်ပွဲများကြောင့် ပြည်တွင်း ရွှေ့ပြောင်းနေထိုင်ရမှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည်။ ဖေဖော်ဝါရီ ၁ရက် စစ်တပ်မှ အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်တို့၏ အကြမ်းဖက် မှုမှ လွတ်မြောက်စေရန် တောရော မြို့ပါမကျန် ပြည်သူများသည် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရ သည်။ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ND-Burma မှ ထုတ်ပြန်သည့် ဖျက်ဆီးခံရ ခြင်းနှင့် ရွှေ့ပြောင်းခံရခြင်း။ မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် လူထုဘဝလုံခြုံရေး အတွက် အာမခံမှုမရှိသည့် အန္တရာယ် အနေအထားတွင် ရောက်ရှိနေခြင်း စာတန်းငယ်တွင် နယ်စပ်ဒေ သတလျှောက် တိုက်ပွဲများ ပြန်လည်ဆိုးရွားလာစေပြီး စစ်တပ်က လိုချင်တပ်မက်သည့် အာဏာနှင့် ချုပ်ကိုင်လိုမှုက တရားမျှတမှုနှင့် အဓိပ္ပါယ်ရှိသည့် ပြုပြင်ပြောင်းလဲမှုကို မမြင်တွေ့နိုင်တော့လောက် အောင် ၄င်းတို့အား ဖုံးကွယ်သွားစေသည့် အာဏာသိမ်းမှုကို ပြစ်တင်ရှုံ့ချထားသည်။ အာဏာသိမ်းပြီး ချိန်မှစ၍ တသန်း၏ လေးပုံတပုံကျော်သော လူဦးရမှာ အတင်းအကြပ် ထွက်ပြေး ရွှေ့ပြောင်းနေရ သည်။   မြန်မာနိုင်ငံတွင် စစ်တပ်အုပ်ချုပ်မှု ရပ်ဆိုင်းရန်နှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သည့် ပြစ်မှု ကျူးလွန်သူ စစ်အာဏာရှင် ခေါင်းဆောင်မျာအား ချက်ခြင်းအရေးယူရန် ကွန်ရက် အဖွဲ့ဝင် များက တောင်းဆိုထားသည်။

မြန်မာနိုင်ငံတွင် ပြည်သူများ မည်သည့်နေရာတွင် နေထိုင်စေကာမူ လုံခြုံမှုမရှိကြောင်း စာတန်း တွင် နိဂုံးချုပ်ထားသည်။ စစ်အာဏာရှင်တပ်များက လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန် ဥပဒေမဲ့ ကြမ်းတမ်းစွာ ဖြိုခွင်းပြကြသည်။ ထိန်းသိမ်းထားစဥ် ညှဥ်းပန်းနှိပ်စက်ခြင်းကြောင့် ထိပ်ပိုင်း ခေါင်းဆောင်တချို့ သေဆုံးကြရသည်။ အမျိုးသမီးနှင့် မိန်းမပျိုလေးများမှာလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံရသည်။ တိုက်ပွဲများက ကျေးလက်တောရွာနှင့် မြို့ကြီး ပြကြီး မကျန် ဖြစ်ပွားနေသည့်အတွက် နေရပ်စွန့်ခွာ ထွက်ပြေးရမှုများ အမြောက်အများ ဖြစ်နေသည်။ စစ်အာဏာရှင်များက လူသားချင်းစာနာ ထောက်ထားမှုမရှိစွာ ပြုကျင့်ကြသဖြင့် ဝေးလံခေါင်သီသည့် ဒေသများရှိ ပြည်သူများမှာ ငတ်မွတ်မှုနှင့် လိုအပ်သည့် အသက်ရှင် ရပ်တည် ရေး အကူအညီများမှာ ငြင်းပယ်ခံနေရသည်။

ပဋိပက္ခများ၏ အကျိုးဆက်များကို ရပ်ရွာအသိုင်းအဝိုင်းက အချိန်ကြာမြင့်စွာ ထမ်းပိုးထားရသည်။ လက်ရှိအခြေအနေအရ ပြည်သူများ၏ဘ၀ လုံခြုံရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အထူးသဖြင့် ယခုလို ကမ္ဘာ့ကပ်ရောဂါ ကာလအတွင်း ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ပေးရမည် ဖြစ်သည်။ အာဏာမသိမ်းမီနှင့် အာဏာသိမ်းပြီးနောက် ကျူးလွန်ခံရသည့် နစ်နာသူများသည် ၄င်းတို့အပေါ် ကျူးလွန်မှုများအတွက် တရားမျှတမှု ရရှိရန် လိုအပ်သည်။ ထိုသို့ဆောင်ရွက်ခြင်းမရှိ ပါက မြန်မာပြည်သူများသည် ၄င်းတို့ မလိုလားသည့် အနာဂတ်နှင့် အတင်းအကြပ် ပေါင်းစပ်ပေး ခြင်း ခံရမည်ဖြစ်သည်။ ပြည်သူများ၏ ဘဝလုံခြုံ စိတ်ချမှုကို အာမခံသည့် စည်ပင်ဖွံ့ဖြိုးသော အနာဂတ်ကို ပိုင်ဆိုင်ခွင့်ရှိသည်။

ထို့အပြင် စစ်အာဏာရှင်များ ချိုးဖောက်ကျူးလွန်မှုများအတွက် တရားမျှတမှု ယန္တရားများမှ တဆင့် တာဝန်ယူ တာဝန်ခံမှုရှိစေရေးအတွက် နိုင်ငံတကာ အသိုင်းအဝန်းမှ ဖိအားပေး ရမည်ဖြစ် သည်။ လူသားချင်းစာနာသည့် အကူအညီများပေးနေသော အဖွဲ့များအနေဖြင့် ၄င်းတို့၏ လူမှုအသိုင်းအ ဝိုင်းသို့ အကူအညီ အထောက်အပံ့များ တိုက်ရိုက် ပေးအပ်နိုင်ရမည်ဖြစ်သည်။

အကူအညီများပေးရန်အတွက် စစ်အာဏာရှင်တို့နှင့် ဆက်သွယ်ဆောင်ရွက်ခြင်းဖြင့် ၄င်းတို့အား တရားဝင်အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုရာရောက်သည့် လုပ်ဆောင်မှုများ မပြုလုပ်ရန်နှင့် လက်ရှိနှင့် အနာဂတ်မျိုးဆက်အတွက် မြန်မာနိုင်ငံတွင် အခြေခံလူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ထိန်းသိမ်းမြှင့်တင်ပေးရမည်။

ဆက်သွယ်ရန်

၁.  ကိုတိန်ဦး
aasyc.ghq@gmail.com 

၂.   မမွန်းနေလီ
moon.nayli@tutanota.com


 ND-Burma အကြောင်း

ND-Burma ၏ အဖွဲ့ဝင် ၁၃ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြား သူများအား ကိုယ်စားပြုသည်။ နစ်နာခဲ့သူများ၏ တရားမျှတမှု ရရှိရေးအတွက် လူ့အခွင့်အရေးချိုး ဖောက်မှုများကို ၂၀၀၄ ခုနှစ်မှစပြီး မှတ်တမ်းတင်နေသည့် အဖွဲ့အစည်းဖြစ်သည်။ ND-Burma တွင် အောက်ပါ အဖွဲ့ဝင် ၉ ဖွဲ့နှင့် ဆက်စပ်အဖွဲ့အစည်း ၄ ဖွဲ့ပါဝင်သည်။

 

အဖွဲ့ဝင်အဖွဲ့အစည်းများ

 ၁။ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး

၂။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

၃။ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့

၄။ အနာဂါတ်အလင်းတန်းဆုံမှတ်

၅။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း

၆။ ကချင်အမျိုးသမီးများအစည်းအရုံး -ထိုင်းနိုင်ငံ

၇။ တအာင်းအမျိုးသမီးအဖွဲ့အစည်း

၈။ တအာင်းကျောင်းသားလူငယ်များ အဖွဲ့

၉။ ထားဝယ် အမျိုးသမီးသမဂ္ဂ

ဆက်စပ်အဖွဲ့ဝင်းများ

၁။ ချင်းလူ့အခွင့်အရေးအဖွဲ့

၂။ ပဲခူး အရှေ့ – ယခင် နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်

၃။ ပအိုဝ်းလူငယ်များအစည်းအရုံး

၄။ ရှေ့ပြေးအသံ

English version.


Download PDF in Burmese.

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia