06 January 2021
ယနေ့ ဇန်နဝါရီလ ၆ ရက်၊ ၂၀၂၁ ခုနှစ်တွင် ဒွယ်လိုးမြို့နယ်၊ ဖာပွန် (မူတြော်) ခရိုင်၊ ကရင်ပြည်နယ်အတွင်း ဒေသခံပြည်သူ တစ် ထောင်ကျော်သည် နံနက် ၉ နာရီမှာ ၁၀ နာရီအထိ စုဝေးကာ ဆန္ဒထုတ်ဖေါ်ခြင်းလှုပ်ရှားမှု တစ်ခုကို ပြလုပ်ခဲ့ကာ ၎င်းတို့၏ တောင်းဆိုချက်များကို တောင်းဆိုခဲ့သည်။
လေးခေါ်ထီ၊ နါးကိုခီး၊ မယ်သူ နှင့်မယ်ဝေ ကျေးရွာအုပ်စုများမှ ဒေသခံရွာသူရွာသားများကိုယ်တိုင်က ယနေ့ ဆန္ဒထုတ်ဖေါ်မှုကို ကိုယ်တိုင်ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး မြန်မာစစ်တပ်ကြောင့် ၎င်းတို့ရင်ဆိုင်ကြုံတွေ့ရသည့် ဆင်းရဲဒုက္ခနှင့်နာကျင်ခံစားမှုမျာကို ကရင် အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ခေါင်းဆောင်များ၊ နိုင်ငံတကာအသိုင်းအဝန်းများ၊ နှင့် ကမ္ဘာ့ကုလသမ္မဂတို့မှ ဝိုင်းဝန်းကူညီဖြေ ရှင်းဆောင်ရွက်ပေးရန်အတွက် ယခုလို ဆန္ဒထုတ်ဖေါ်ခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ ရွာသူရွာသားထောင်နှင့်ချီကာ ဆန္ဒထုတ်ဖေါ်ရခြင်းမှာ
၁။ ရွာသူရွာသားများ၏ကျေးရွာနေရာများအတွင်းတွင် မြန်မာစစ်တပ်သည် စခန်းအများအပြားကို ချထားပြီး အချို့ သောစခန်းများ ကို ရွာအတွင်းအထိ တည်ဆောက်ချထားခြင်း၊
၂။ မြန်မာစစ်တပ်သည် ဒေသတွင်းကေအဲန်ယူသတ်မှတ်ထားသောနေရာထက် ကျော်လွန်ကာ လှုပ်ရှားသွားလာခြင်း၊
၃။ မြန်မာစစ်တပ်၏ ပုံမှန်တပ်အင်အားဖြည့်တင်းပို့ဆောင်ခြင်း၊
၄။ ကျေးရွာနှင့် ရွာသူရွာသားများလုပ်ကိုင်စားသောက်ရာနေရာများအတွင်း မြန်မာစစ်တပ်မှ လက်နက်ကြီးများ ပစ်ချခြင်း၊
၅။ Drone ကင်မရာများကိုအသုံးပြုကာ ပဋိပက္ခကိုဖြစ်စေနိုင်သည့် နယ်မြေထောက်လှမ်းမှုများပြုလုပ်ခြင်း၊
၆။ လျို့ဝှက်လူများလွတ်ပြီး ပဋိပက္ခကိုဖြစ်စေနိုင်သည့် မြန်မာစစ်တပ်၏နယ်မြေအခြေအနေထောက်လှမ်းမှုများ၊
၇။ မြန်မာစစ်တပ်မှ စစ်ဆင်ရေးလမ်းဖေါက်လုပ်ခြင်း၊
၈။ ရွာသူရွာသားများအား ကြောင်းမဲ့သတ်ဖြတ်ခြင်းနှင့် ဥစ္စာပစ္စည်းလုယူခြင်း၊
စသည့် အကြောင်းအရင်းများကြောင့်ဖြစ်သည်။
အထက်ပါအကြောင်းအရာများကြောင့် ရွာသူရွာသားများသည် မကြာခဏထွက်ပြေးတိမ်းရှောင်ရခြင်း၊ လုံခြုံစိတ်ချစွာ လုပ်ကိုင် စားသောက်နိုင်ခြင်းမရှိခြင်း၊ လုံခြုံစိတ်ချစွာ လှုပ်ရှားသွားလာနိုင်ခြင်းမရှိခြင်း၊ အိုးအိမ်နေရာနှင့် ဥစ္စာပစ္စည်းများပျက်စီးခြင်း၊ ကျန်း မာရေးအခက်အခဲများနှင့်ရင်ဆိုင်ရခြင်း၊ နှင့် ကြောင့်ရွံ့မှု အောက်၌ နေထိုင်အသက်ရှင်ရခြင်း၊ စသည့်အခက်အခဲများနှင့် အသက်ရှင် နေထိုင်နေရသည်။ ရွာသူရွာသားများ၊ အထူးသဖြင့် ကလေးသူငယ်၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများသည် အများဆုံး ထိခိုက်နစ်နာသူများ ဖြစ်သည်။
ဆန္ဒထုတ်ဖေါ်စဥ်၌ ရွာသူရွာသားများက
ဟူ၍ ကြွေးကျော်တောင်းဆိုကာ ဆန္ဒထုတ်ဖေါ်ပြသခဲ့သည်။ နောက်ဆုံး၌ ရွာသူရွာသားများက အောက်ပါအချက်သုံးခုကို လုပ် ဆောင်ပေးရန် တောင်းဆိုခဲ့သည်။
ဟူ၍ တောင်းဆိုခဲ့သည်။
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.