AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရွာသားတစ်ဦးရဲ့ရုပ်အလောင်းကို တလကျော်ကြာမှ သူ့မိသားစုဝင်တွေက ရှာဖွေတွေ့ရှိ

AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရွာသားတစ်ဦးရဲ့ရုပ်အလောင်းကို တလကျော်ကြာမှ သူ့မိသားစုဝင်တွေက ရှာဖွေတွေ့ရှိ

(ပလက်ဝမြို့ – ၂၉ ၀၇၊ ၂၀၂၀)

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် တုန်းမဝကျေးရွာမှ ရွာသားတစ်ဦးကို AA တွေက ဖမ်းဆီးခေါ်ဆောင် သွားခဲ့ရာ တလကျော်ကြာမှ သေဆုံးသူရဲ့ရုပ်အလောင်းကို မိသားစုဝင်တွေက ရှာဖွေတွေ့ရှိခဲ့ကြသည်ဟု KACC ခေါ် ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိုင်းနန်းဝေက ချင်းလူ့အခွင့်အရေးအဖွဲ့ကို ပြောကြားသွားပါသည်။

ပလက်ဝမြို့မှ (၂၀)မိုင်လောက်ကွာဝေးတဲ့ တုန်းမဝကျေးရွာနေ အသက်(၆၂)အရွယ် ဦးလှကျော်သည် ၀၅၊ ၀၆၊ ၂၀၂၀ ရက်နေ့ရက်တွင် တုန်းမဝကျေးရွာသားတွေအတွက် ဆန်ရှာဖွေရန် ပီးချောင်းဒေသ သေရိုင်းဖက်သို့ ထွက်သွားရင်းလမ်းမှာ အေအေအဖွဲ့(၂)ဦးက ဖမ်းဆီးခေါ်ဆောင်သွားရာမှ ၁၇၊ ၀၇၊ ၂၀၂၀ရက်နေ့တွင် မိသားစုဝင်တွေက သူရုပ်အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း ထိုသူကဆက်ဆိုသည်။

“ဦးလှကျော်ဟာ တုန်းမဝကျေးရွာသားတွေ ဝမ်းရေးအတွက် ဆန်ရှာဖွေရန် ဇွန်လ(၅)ရက်နေ့က ပီးချောင်းဒေသ သေရိုင်းဖက်သို့ထွက်သွားရင်းလမ်းမှာ အေအေစစ်သား(၂)ဦးက ဖမ်းဆီးခေါ်ဆောင်သွားတာကို မျက်မြင်သက်သေတွေ့ရှိသူ ဦးအိုက်စိုးဆီမှတဆင့် ဦးကျော်လှ မိသာစုဝင်တွေကသိခဲ့ရတယ်လို့ ကျမတို့လည်း ကြားသိရပါတယ်” ဟုသူမက ဆက်လက်ပြောဆိုပါသည်။

ဦးလှကျော်ရဲ့ရုပ်အလောင်းကို ရွာကနေ(၁၀)မိုင်ကျော်လောက်ကွာဝေးတဲ့ ငါးပျံချောင်းဝကမ်းနဘေးမှာ သူ့မိသားစုဝင်တွေက ရှာဖွေတွေ့ရှိခဲ့ရပြီး သူ့ရဲ့အဝတ်အစားကနေ သူ့ရဲ့ရုပ်အလောင်းဖြစ်ကြောင်းကို အတည်ပြုခဲ့ရကြောင်း၊ သူ့ခန္တာကိုယ်တွေက အားလုံးစုတ်ပျတ်သတ်သွားပြီး မှတ်မိရခက်နေပြီဟုလည်း ပလက်ဝမြို့နေ ဦးလှကျော်နှင့် ဆွေမျိုးတော်စပ်သူ  ဦးအောင်ကျော်က ပြောဆိုပါသည်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အစကတည်းက ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီမှ ဦးစီးဦးဆောင်ပြီး ပလက်ဝမြို့ရှိ အာဏာပိုင်များထံသို့တင်ပြပြီးမှ ဦးလှကျော်ဟာ အေအေအဖွဲ့လက်ထဲမှ ကျန်းမာစွာပြန်လည်လွတ်မြောက်နိုင်ရေးအတွက် ကြိုးစားခဲ့ရသော်လည်း ပြန်လည်ကယ်နိုင်ခြင်းမရှိဘဲ နောက်တလကျော်အကြာမှာ သူ့ရုပ်အလောင်အားဖြင့်သာ မိသာစုဝင်တွေက ရှာဖွေတွေ့ရှိရကြောင်း မိုင်းနန်းဝေက ဆက်ဆိုသည်။

ဦးလှကျော်၏ ရုပ်အလောင်းကို ၁၉.၇.၂၀၂၀ ရက်နေ့တွင် သူ့မိသားစုဝင်တွေက တုန်းမဝကျေးရွာ၌ ခရစ်ယာန်ဘာသာထုံးစံအတိုင်း မြေမြှုပ်င်္သဂြိုလ်ခဲ့ကြကြောင်း သိရပါသည်။

ဦးလှကျော်သည် တုန်းမဝကျေးရွာအတွက် ပရဟိတလုပ်ငန်းတွင် အဓိကလှုပ်ရှားပေးသူ တစ်ဦးဖြစ်ပြီး သားသမီး(၄)ယောက်၊ မြေး(၂)ယောက်နှင့် ဇနီးသည် တို့ကျန်ရစ်ခဲ့ပါသည်။

၂၀၁၅ခုနှစ်၊ မတ်လကတည်းက ချင်းပြည်နယ်တောင်ပိုင် ပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့အကြား တိုက်ပွဲတွေဖြစ်ပွားလျှက်ရှိရာ ယခုအအချိန်အထိ အပြစ်မဲ့ဒေသခံပြည်သူ စုစုပေါင်း(၄၅)ဦးသေဆုံးခဲ့ရပြီး ရွာသား(၁၂)ဦးက အစအနပျောက်ဆုံးနေလျှက်ရှိကြောင်း သတင်းရရှိပါသည်။

View the original.

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia