02 June 2020
ဇွန် ၂ ရက်၊ ၂၀၂၀ ပြည့်နှစ်။ စအိုင်ဆူး
မြန်မာစစ်တပ်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီဦးဆောင်သည့် အစိုးရ၏ ထောက်ခံအားပေးမှု ဖြင့် နိုင်ငံရေး အကျိုးအမြတ်အတွက် လက်ရှိ ဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါကို လက်နက်သဖွယ် အသုံးချနေ ကြောင်း အရှေ့ပြေးအသံ(Progressive Voice) အဖွဲ့က ယနေ့ ဇွန်လ ၂ရက်နေ့တွင် အစီရင်ခံစာ ထုတ်ပြန်ပြော ဆိုလိုက်သည်။
“နောက်ကျကျန်ခဲ့သော တိုင်းပြည်- မြန်မာနိုင်ငံမှ COVID-19 ကို လက်နက်အဖြစ်အသုံးချခြင်း ” အမည်ဖြင့် ထုတ်ပြန်သည့် ၎င်းအစီရင်ခံစာတွင် မြန်မာစစ်တပ်နှင့် အစိုးရတို့သည် တိုင်းရင်းသားလူထုအသိုင်းအဝိုင်းများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် သတင်းမီဒီယာသမား များအပေါ် ဖိနှိပ်မှုများ တိုးမြှင့်လုပ် ဆောင်ရန်နှင့် နိုင်ငံရေး အကျိုးအမြတ်အတွက် ကပ်ရောဂါကို လက်နက်သဖွယ် အသုံးပြုနေကြောင်း ဖော်ပြ ထားသည်။
ရှေ့ပြေး အသံအဖွဲ့၏ အကြံပေး ဘုတ်အဖွဲ့ ဥက္ကဋ္ဌ ခင်ဥမ္မာက “အစိုးရရဲ့ “မည်သူမျှ ဖယ်ချန်မထားရေး” ဆိုတဲ့ မူကို မြန်မာစစ်တပ်က ပျက်ရယ်ပြုလိုက်တာပဲဖြစ်တယ်။ သူတို့က တိုင်းရင်းသား ဒေသတွေမှာ ရာနဲ့ချီပြီး နှိပ်စက်သတ်ဖြတ်တာကို ခံနေရတဲ့ ရခိုင်ပြည်နယ်က လူထုတွေအပေး ဆက်လက်ကျူးလွန်းနေတဲ့ စစ်ရာ ဇဝတ်မှုနဲ့ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် COVID-19 ကို အကာ အကွယ်အနေနဲ့ သုံးနေတယ် ”ဟု အစီရင်ခံစာ၏ သတင်းထုတ်ပြန်ချက်၌ ပြောဆိုထားသည်။
အဆိုပါ အစီရင်ခံစာသည် သတင်းမီဒီယာများ၏ သတင်းတင်ပြမှုများ၊ မတ်လ ၂၃ရက်နေ့မှ မေလ ၁၀ရက် အထိ အစိုးရ၊ အရပ်ဖက်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(EAOs)စသည့် အဖွဲ့အစည်းများ ထုတ်ပြန်ချက်များအပေါ် အခြေခံ၍ ပြန်လည်ဆန်းစစ်သုံးသပ်ပြီး ကပ်ရောဂါ ကာလတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း မီးမောင်းထိုးပြသည့် အစီရင်ခံစားဖြစ်သည်ဟု အဆိုပါ အဖွဲ့က ဆိုသည်။
ထိုအစီရင်ခံစာ၌ ကပ်ရောဂါ ကာလအတွင်း ရခိုင်နှင့်ချင်းပြည်နယ်တို့တွင် မြန်မာစစ်တပ်၏ ထိုးစစ်ဆင်မှုများ ပိုမိုလုပ်ဆောင်လာခြင်းနှင့်အတူ အစိုးရ၏ အင်တာနက် ဖြတ်တောက်မှုကို အခွင့်ကောင်းယူ၍ အကြမ်းဖက် လုပ်ဆောင်မှုများကို တိုးမြှင့်လုပ်ဆောင်နေခြင်းကြောင့် ဒေသခံအရပ်သားပြည်သူများမှာ ၎င်းအကြမ်းဖက်မှု ကို အဓိက ခံစားနေရကြောင်း ဖော်ပြထားသည်။
ထို့အပြင် COVID-19 ကပ်ရောဂါအပေါ် အစိုးရ နှင့် EAOs အဖွဲ့များ၏ တုန့်ပြန်ဆောင်ရွက်မှုအပေါ် သုံးသပ် ထားသလို မြန်မာစစ်တပ်မှ အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး-KNU၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကော်စီ-RCSS တို့လို အဖွဲ့အစည်းများ၏ ကပ်ရောဂါ တုန့်ပြန်တား ဆီးဆောင်ရွက်မှုအပေါ် မြန်မာ စစ်တပ်၏ နှောင့်ယှက်ဟန့်တားမှုများကိုပါ ဖော်ပြထားပြီး တိုင်းရင်းသား ပြည်သူများအား ကပ်ရောဂါ ကူးစက်မှုဖြစ်ပွားမည့်အပေါ် မြန်မာစစ်တပ်အနေဖြင့် ဂရုမစိုက်ကြောင်းပြသနေ သည်ဟု ဆန်းစစ်ဝေဖန်ထားသည်။
အစီရင်ခံစာပါ ဖော်ပြချက်အရ လက်ရှိ အစိုးရ၏ ကျန်းမာရေးနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးရေးတွင် ဗဟိုချုပ်ကိုင်မှု မြင့်မားနေခြင်းကြောင့် လက်ရှိ ကပ်ရောဂါကာလ၌ ဝေးလံခေါင်ဖျားပြီး ပဋိပက္ခ ဒဏ် အများဆုံး ခံစားနေရသည့် တိုင်းရင်းသား ဒေသများမှာ အကူအညီများ ရရှိရေးအတွက် ဖယ်ကျဉ်ခံထား ရပြီး ၎င်းအတွက် တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းများနှင့် တိုင်းရင်းသား အရပ်ဖက် အဖွဲ့အစည်းများ အပေါ် အကူအညီများ တိုက်ရိုက်ပေးအပ်သွားရန် လိုအပ်ကြောင်းလည်း ဆိုထားသည်။
“NLD အစိုးရက ဗိုင်းရပ်စ်ပြန့်ပွားမှု ကာကွယ်ရေးအတွက် EAOတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ ပူးပေါင်း ဆောင် ရွက်ရေး ကော်မတီ တစ်ရပ် ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာခဲ့ပေမဲ့ လက်တွေ့မှာ တိုင်းရင်းသားကျန်းမာရေး ဝန်ဆောင်မှုတွေက ဖယ်ကျဉ်ခံထားရပြီး တမင်သက်သက် ဖျက်ဆီးတာကို ခံနေရတယ်။ ဒေသခံ ကျန်းမာရေး ဝန်ဆောင်မှု ပေးသူတွေအပေါ် ဘာကန့်သတ်ချက်မှ မထားဖို့နဲ့ သူတို့ဆီကို လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ တိုက်ရိုက်ရောက်ရှိဖို့က အရမ်းအရေးကြီးတယ်”ဟု ခင်ဥမ္မာက အစီရင်ခံစာ သတင်းထုတ်ပြန် ချက်၌ ပြောဆိုထားသည်။
ထို့အပြင် လက်ရှိ အာဏာရ အစိုးရ ပါတီ အပါအဝင် မြန်မာစစ်တပ်၏ မဟာမိတ် နိုင်ငံရေးပါတီများမှာ လာမည့် ရွေးကောက်ပွဲ အတွက် ရှေးရှု့၍ ပါတီ တံဆိပ်(Logo)များပါဝင်သည့် အကူအညီပစ္စည်းများကို ပေးလှူခြင်းဖြင့် ကပ်ရောဂါအပေါ် အခွင့်ကောင်းယူ အသုံးချနေကြောင်းလည်း အစီရင်ခံစာက ဆိုထားသည်။
အစီရင်ခံစာ၏ နောက်ဆုံးဖော်ပြချက်များတွင် အစိုးရ၊ စစ်တပ် အနေဖြင့် လူသားချင်း စာနာမှု အကူအညီပေး ရေးအပေါ် ကန့်သတ်ချက်များမထားရှိရန်၊ COVID-19တုန့်ပြန်မှု အကူအညီများ တိုင်းရင်းသား ဒေသများအား လုံးသို့ အဟန့်အတားမရှိ ရောက်ရှိစေရန်၊ EAOsများ၏ ကပ်ရောဂါကာကွယ်ရေး လုပ်ဆောင်မှုအပေါ် ခြိမ်း ခြောက် ဟန့်တားမှုများမပြုရန် တောင်းဆိုထားသည်။
၎င်းအပြင် နိုင်ငံတကာအလှူရှင်များနှင့် နိုင်ငံတကာ ငွေကြေး ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများနှင့် ပဋိပက္ခသက်ရောက်မှုဒဏ်ခံနေရသည့် အခြားဒေသများသို့ ကပ်ရောဂါ တုန့်ပြန်ရေး အတွက် ဝန်ဆောင်မှု ပေးနေသည့် တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်း များဆီသို့ တိုက်ရိုက် နယ်စပ်ဖြတ်ကျော် အကူအညီများပေးအပ်သွားရန်လည်း ရှေ့ပြေးအသံအဖွဲ့က တိုက်တွန်းထားသည်။
ရှေ့ပြေး အသံ (Progressive Voice) သည် မြန်မာနိုင်ငံ လူ့အခွင့်အရေး နှင့် ဒီမိုကရေစီအရေးအတွက် စည်းရုံး လှုံ့ဆော်ရေး လုပ်ဆောင်နေသည့် အာရှ-ပစိဖိတ်ဒေသတွင်းမှ အဖွဲ့များဖြင့် ၂၀၀၆ ခုနှစ်တွင် ကွန်ရက်အဖြစ် ချိတ်ဆက် ဖွဲ့စည်းခဲ့သည့် မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့ (Burma Partnership) မှ အခြေခံ ပေါက်ဖွားလာသည့် အဖွဲ့အစည်းဖြစ်သည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.