မြန်မာနိုင်ငံ၏ ကိုဗစ်နိုင်တင်း ( COVID19) ကပ်ဘေးအပေါ်တုန့်ပြန်မှု ခွဲခြားဆက်ဆံသည့်စံနှုန်းများ ထင်ထင်ရှားရှားဖြစ်ပေါ်နေ

17 April 2020

18 views

မြန်မာနိုင်ငံ၏ ကိုဗစ်နိုင်တင်း ( COVID19) ကပ်ဘေးအပေါ်တုန့်ပြန်မှု ခွဲခြားဆက်ဆံသည့်စံနှုန်းများ ထင်ထင်ရှားရှားဖြစ်ပေါ်နေ

ဧပြီလ ၁၇ ရက် ၂၀၂၀

မြန်မာနိုင်ငံမှ ကိုဗစ်နိုင်တင်း ကာကွယ်တားဆီးမှုအပေါ်လုပ်ဆောင်သည့် ကမ်းပိန်းများတွင် “ မည်သူမျှ ချန်လပ်ခံရခြင်းမရှိစေရ” ဆိုသည့်ဆောင်ပုဒ်ဖြင့် မီဒီယာများမှတဆင့် တွင်တွင်ကျယ်ကျယ်ဖော်ပြနေသော်လည်း အစိုးရ နှင့် ၎င်းတို့၏ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အသက်အန္တရယ်ဒုက္ခပေးနိုင်သော ဗိုင်းရပ်(စ်)အား ကရင်လူမျိုး နှင့် အခြားသောတိုင်းရင်းသားလူမျိုးများအပေါ် ထိခိုက်နစ်နာမှုများ အကြီးအကျယ် မြင့်တက်လာအောင် လုပ်ဆောင်နေလျက်ရှိသည်။

  • အစိုးရမှ ကိုဗစ်နိုင်တင်း သက်ရောက်မှုဒဏ်ခံရသော မြန်မာနိုင်ငံ အလယ်ပိုင်း နှင့် မြို့ကြီးများတွင် နေထိုင်သူများအား အစားအသောက်များ အထောက်အပံ့ပေးရန် ကတိပြုထားသော်လည်း တပ်မတော်မှ ကရင်ရွာသားများ၏ စိုက်ခင်းများ နှင့် စပါးကျီများအား မီးရှုံ့ခြင်းများသည် ဖြစ်ပွားလျှက်ရှိသော ကိုဗစ်ဗိုင်းရပ်စ် ကပ်ဘေးမှ အသက်ရှင်လွတ်မြောက်နိုင်ရန် အခွင့်အရေးများ အကြီးအကျယ် လျော့နည်းစေနိုင်သည်။
  • တစ်ဦးနှင့်တစ်ဦး နီးကပ်စွာမနေပဲ သတ်မှတ်အကွာအဝေးဖြင့် နေထိုင်သွားလာခြင်း ( social distancing) အား ရန်ကုန်မြို့ နှင့် အခြားပြည်နယ်အတွင်းရှိ မြို့ကြီးများတွင် လုပ်ဆောင်ရန် အစိုးရမှ လှုံ့ဆော်နေလျက်ရှိသော်လည်း ကရင်ရွာသားများအတွက် လုံခြုံမှုပေးနိုင်မည့် အိမ်များအားမီးရှို့ခြင်းနှင့် လျှော်ဖွတ်၊ သောက်သုံးရန် ရေများအား သိုလှောင်ထားနိုင်ခြင်းမရှိအောင် တပ်မတော်မှ လိုက်လံ ဖျက်ဆီးလျှက်ရှိသည်။
  • တစ်ကမ္ဘာလုံးပစ်ခတ်တိုက်ခတ်မှုများရပ်တန့်ရန် ကမ္ဘာ့ကုလသမဂ္ဂ၊ အရပ်ဖက်အဖွဲ့အစည်း၊ နိုင်ငံရေးပါတီ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တိုက်တွန်းတောင်းဆိုသော်လည်း အဆိုပါ တောင်းဆိုချက်အား တပ်မတော်မှ လူသိရှိကြား ငြင်းပယ်ခဲ့ပြီး အပစ်ရပ်ထားသော နယ်မြေများအတွင်း၌ပင် တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်ရေး သဘောတူညီချက်များအား တစ်ဖက်သတ် ကျူးလွန်ချိုးဖောက်လျှက်ရှိသည်။
  • ကိုဗစ်နိုင်တင်းနှင့် သက်ဆိုင်သော အကူအညီအား ဗဟိုအစိုးရသို့ နိုင်ငံတကာအလှူရှင်များမှ ထောက်ပံ့နေသော်လည်း တချိန်းတည်းတွင် အစိုးရ နှင့် တပ်မတော်မှ တိုင်းရင်းသားဒေသများတွင် အကူအညီများအား ပိတ်ဆို့ထားလျက်ရှိသည်။
  • ရခိုင် နှင့် ကရင်တိုင်းရင်းသားများ၏ သတင်းဌာနများအပါအဝင် တိုင်းရင်းသားသတင်းဌာနများ၏ သတင်းများအား အစိုးရမှ ပိတ်ဆို့လျက်ရှိသည်။
  • မြို့ပြများရှိ အစိုးရကျန်းမာရေးလုပ်သားများသည် တိုင်းရင်းသားများ၏ နယ်မြေများအတွင်း ရှေ့တန်းမှ အကူညီပေးနေသူများအဟုတ်ပဲ တိုင်းရင်းသားကျန်းမာရေးအဖွဲ့များကသာ ဆယ်စုနှစ်ပေါင်းများစွာ ကျန်းမာရေးစောင့်ရှောက်မှုများကို ၎င်းတို့၏ အသိုင်းအဝိုင်းအတွက် ပြည့်စုံသော ဝန်ဆောင်မှုများ ပေးခဲ့သည်။ မကြာသေးမီနှစ်များအတွင်း အဆိုပါ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့များအား ရုံပုံငွေထောက်ပံ့မှုများကို နိုင်ငံတကာအလှူရှင်များက အကြီးအကျယ် ဖြတ်တောက်ခဲ့သည်။ နိုင်ငံတကာ အသိုင်းအဝန်းမှ ယခု ကပ်ဘေးမှ မြန်မာနိုင်ငံရှိ တိုင်းရင်းသားများအား လွတ်မြောက်စေလိုပါက တိုင်းရင်းသား ကျန်းမာရေးစောင့်ရှောက်ရေးအဖွ့ဲ့များ၏ လုပ်ဆောင်မှုများအား အသိအမှတ်ပြုကာ ထောက်ပံ့မှုများ ပြုလုပ်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံအစိုးရနှင့် ၎င်းတို့၏ လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် မြန်မာနိုင်ငံအတွင်း အချိန်နှောင်းမှသာစတင်လုပ်ဆောင်ခဲ့သော ကိုဗစ်နိုင်တင်း ကူစက်မှုထိန်းချုပ်ရေးအစီအမံများအား မကြာသေးမီကပင် လူသိရှိကြား ဝင့်ဝင့်ကြွားကြွား စတင်ခဲ့သည်။ ရန်ကုန်မြို့တွင် လူတစ်ဦးမှ တစ်ဦး ကူးစက်မှုမှ ကာကွယ်ရန် နှစ်ပတ်တာမျှ သွားလာခွင့်ပိတ်ဆို့မှုအား ကြေညာခဲ့သည်။ ကရင်ပြည်နယ်၏မြို့တော် ဖားအံအပါအဝင် ရှေ့တန်းနယ်မြေတွင် တာဝန်ယူပါဝင်နေလျက်ရှိသော အစိုးရကျန်းမာရေးလုပ်သားများအား အကာအကွယ်များဝတ်ဆင်ရန် တိုက်တွန်းထားသည်။

အစိုးရအနေဖြင့် မြန်မာဘာသာနှင့် ကျန်းမာရေးအသိပေး အစီအစဉ်များမှတဆင့် ပြည်သူများအား အကာအကွယ်ဖြစ်စေရန်အတွက် လက်ဆေးကြရန် တိုက်တွန်းလှုံ့ဆော်သည့်အပြင် အစားအသောက်အကူအညီလိုအပ်သူများအား ထောက်ပံ့ပေးရန် ကတိပြုထားသည်။

မြန်မာ့တပ်မတော်အနေဖြင့် ကူစက်ခံပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ရန်ကုန်မြို့တွင် အထူးပြန်လည်ထူထောင်ရေး ဆေးရုံကို ဖွင့်လှစ်ထားသည်။ သို့သော်လည်း အစိုးရနှင့် တပ်မတော်၏ လုပ်ဆောင်ချက်များသည် ကရင်ပြည်နယ်တွင် များစွာကွဲပြားလျှက်ရှိသည်။ ဗဟိုအစိုးရ နှင့် တပ်မတော်၏ ဦးဆောင်စီစဉ်မှုအောက်တွင် ကရင်အမျိုးသားအစည်းအရုံးမှ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးထားသော်လည်း မြန်မာလုံခြုံရေးတပ်ဖွဲ့များသည် ကေအဲန်ယူ ထိန်းချုပ်ရာ မူတြော်ဒေသတွင် ထိုးစစ်ဆင်မှုများကို ပြင်းပြင်းထန်ထန် လုပ်ဆောင်နေလျက်ရှိပြီး ကရင်ပြည်သူများအား နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် ကရင်ပြည်သူများအား ယင်းတို့၏ နေအိမ်နှင့် လယ်ယာမြေများမှ အတင်းအဓ္ဓမ ထွက်ခွာသွားရန် လုပ်ဆောင်နေလျက်ရှိသည်။

ဇန်နဝါရီလကုန်ပိုင်းမှစကာ မြန်မာနိုင်ငံ၌ ဗိုင်းရပ်စ်ကူးစပ်မှုနှင့်ပတ်သက်သော ခြိမ်းခြောက်ခြင်းဆိုင်ရာ ဗဟုသုတများပြန့်နှံ့နေသည့် အချိန်တွင် မူတြော်ဒေသရှိပြည်သူများအား တပ်မတော်က နေ့စဉ် လက်နတ်ကြီးဖြင့် ပစ်ခတ်မှုများရှိခဲ့သည်။ တပ်ရင်းအမှတ် ၁၃ မှ ၎င်းတို့၏ “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး” အစီအစဉ် တစ်စိတ်တစ်ပိုင်းအနေဖြင့် ကျေးရွာပေါင်း ၁၁ ရွာရှိ ကရင်ပြည်သူ ၁၇၀၀ ဦးအား ၆၀ မမနှင့် ၈၁ မမ မော်တာကျည်ဆံများဖြင့် ပစ်ခတ်သောကြောင့် အရပ်သားပြည်သူများ၏ လယ်ဧက ၅၀၀ ကျော် အားလောင်ကျွမ်းပျက်စီးစေခဲ့သည်။ ကျေးရွာပြင်ဖက်တွင် အစားအသောက်များ ရှာဖွေစားသောက်နေရသော ကရင်ပြည်သူများသည် တပ်မတော်၏ ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းနှင့်ညှင်းပမ်းနှိပ်စက်ခြင်းကို ခံကြရသည်။

မြန်မာအစိုးရ နှင့် တပ်မတော်အနေဖြင့် ကိုဗစ်နိုင်တင်းအား အခွင့်အလမ်းတစ်ရပ်အဖြစ် ယူဆထားပုံရသည်။ နိုင်ငံတကာမှ ကပ်ဘေးအပေါ်အာရုံစိုက်ထားချိန်တွင် အစိုးရမှ တိုင်းရင်းသားဒေသများအတွင်းရှိ အကူအညီနှင့် သတင်းများအချက်အလက်များကို ပိတ်ဆို့ထားပြီး စစ်တပ်မှ ပစ်ဒဏ်မှ ကင်းလွတ်ခွင့်လိုင်စင်ဖြင့် သတ်ဖြတ်မှု နှင့် ဗုံးကြဲမှုများအား ကျူးလွန်နေလျက်ရှိသည်။

အစိုးရ နှင့် တပ်မတော်မှလုပ်ဆောင်ချက်များအားလုံးသည် ထင်းရှားသော ခွဲခြားဆက်ဆံမှုကို ထင်ဟပ်စေပြီး ပြည်မနေပြည်သူများအနေဖြင့် ကပ်ရောဂါအတွင်း အကာအကွယ်ရပြီး တိုင်းရင်းဒေသရှိပြည်သူများအနေဖြင့် အကူအညီများ မရသည့်အပြင် ဗုံးများဖြင့် ပစ်ခတ်ခံရမှု၊ အသတ်ခံရမှု နှင့် ဆိုးရွားသော ကျန်းမာရေး အန္တရယ်ဖြင့် ကြုံရမည့်အခြေအနေသို့ တွန်းပို့ခံနေရသည့် အခြေအနေတွင်ရှိသည်။

ကျွန်ုပ်တို့ကရင်လူမျိုးတစ်စုတည်းမှ ဤကဲ့သို့ခွဲခြားခံရသော ခြေအနေနှင့် ကြုံတွေ့နေရခြင်းမဟုတ်ပေ။ ဤခါးသီးသော ကပ်ဆိုး စီရင်မှုကို ရခိုင်၊ ချင်း နှင့် ရှမ်းပြည်နယ်များရှိ ပြည်သူများသည်လည်း ကြုံတွေ့နေရလျက်ရှိသည်။

ထိုးစစ်ဆင် တိုက်ခိုက်မှုအတွက် တပ်မတော်မှ နေ့စဉ်အသုံးပြုနေသော သန်းပေါင်းများစွာသော အစိုးရ ရံပုံငွေသည် မြန်မာနိုင်ငံရှိ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီအတွက် ကပ်ရောဂါဘေးမှ ကာကွယ်ရာတွင် အသုံးပြုရမည့် ရံပုံငွေဖြစ်သည်။

ယခုအချိန်တွင် နိုင်ငံတကာအလှူရှင်များက အရေးပေါ်အကူအညီများပေးနေသည့်အချိန်တွင် အစိုးရအနေဖြင့် အဆိုပါ အကူအညီအား ပြည်သူလူထုအား ပစ်မှတ်ထား ထိုးစစ်ဆင် တိုက်ခိုက်မှုများအတွက် အသုံးပြုခြင်းမရှိစေရန် သေချာမှုှုရှိစေရေး လုပ်ဆောင်ရမည်ဖြစ်သည်။

နိုင်ငံတကာ အလှူရှင်များအနေဖြင့် တပ်မတော်၏ ရန်လိုတိုက်ခိုက်မှုများကြားမှ ၎င်းတို့၏ ပြည်သူများ ကျန်းမာရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးနေသော တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများအား တိုက်ရိုက် ပံ့ပိုးမှုများကို တိုးမြှင့်လုပ်ဆောင်ပေးရန် ကျွန်ုပ်တို့တောင်းဆိုလိုသည်။ အကူအညီအထောက်အပံ့များအား ဖြတ်တောက်လိုက်ခြင်းသည် ဒုက္ခသည်များ၊ နေရပ်စွန့်ခွာထွက်ပြေးရသူ စစ်ဘေးရှောင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု အခြေခံလိုအပ်သော အဟာရဖြစ်အစားအသောက်များအတွက် များစွာ ရုန်းကန်ရမည်ဖြစ်ပြီး ၎င်းတို့အဖို့ ဖျားနာနိုင်ခြေ မြင့်မားသော အခြေအနေသို့ရောက်ရှိစေသည်။

နိုင်ငံတကာအကူအညီသည် ကိုဗစ်နိုင်တင်းကြောင့် ပိုမို ထိခိုက်နစ်နာနိုင်သော အခြေအနေအောက်တွင် နေထိုင်ရလျှက်ရှိသော ဒုက္ခသည်နှင့် နေရပ်စွန့်ခွာထွက်ပြေးသူ စစ်ဘေးရှောင်တို့အား ဦးစားပေးကူညီရမည်ဖြစ်သည်။

ကျွန်ုပ်တို့မှ ထပ်မံပြီးတောင်းဆိုလိုသည်မှာ တိုင်းရင်းသားပြည်နယ်များတွင် ထိုးစစ်ဆင်စစ်ပွဲများကို တဖက်သတ်ရပ်တန့်ရန်နှင့် မြန်မာနိုင်ငံရှိ ပြည်သူများအားလုံးအပေါ်တွင် ညီတူညီမျှ ဆက်ဆံမှုများ ဖြစ်လာစေရန် နိုင်ငံတကာအသိုင်းအဝိုင်းမအနေဖြင့် အစိုးရ နှင့် တပ်မတော်အပေါ် ဖိအားပေးမှုများကိုလုပ်ဆောင်ပေးရန်ဖြစ်သည်။ အစိုးရနှင့် ၎င်း၏ လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးကို ပွင့်လင်းမြင်သာစွာ ဦးတည်ဆောင်ရွက်လာစေရန် နိုင်ငံတကာမှတောင်းဆိုပေးရမည်ဖြစ်သည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

စောနေထူး +၆၆ ၀၈၁ ၁၉၀ ၂၂၁၇ ( ကရင်၊ အင်္ဂလိပ်၊ ဗမာ)

နော်ဝါခူရှီး +၆၆ ၀၈၆ ၁၁၈ ၂၂၆၁ ( ကရင်၊ အင်္ဂလိပ်)

PDF ဖိုင်ဖြင့်ရယူရန်။ မြန်မာဘာသာအင်္ဂလိပ်ဘာသာ

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia