ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ တပ်မတော် စီးပွားရေးလုပ်ငန်းများအပေါ် ပိတ်ဆို့အရေးယူမှုများပြုလုပ်ရန် တောင်းဆိုမှု – အစီရင်ခံစာအပေါ် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်မှ ကြိုဆိုခြင်း

8 August 2019

10 views

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ တပ်မတော် စီးပွားရေးလုပ်ငန်းများအပေါ် ပိတ်ဆို့အရေးယူမှုများပြုလုပ်ရန် တောင်းဆိုမှု – အစီရင်ခံစာအပေါ် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်မှ ကြိုဆိုခြင်း

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်မှ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်၏ သြဂုတ်လ ၅ ရက်နေ့ ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်သည့် မြန်မာနိုင်ငံအပေါ်အစီရင်ခံစာဖြစ်သော “မြန်မာတပ်မတော်၏ စီပွားရေးအကျိုးစီပွားများ” အစီရင်ခံစာအား ကြိုဆိုလိုက်ပါသည်။

အချက်အလက်ရှာဖွေရေးမစ်ရှင်ကို ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ်များတွင် နိုင်ငံတကာဥပဒေချိုးထောက်မှုများအပေါ် တာဝန်ရှိသူများကို ဖော်ထုတ်ရန်နှင့် တရားမျှတမှုနှင့် တာဝန်ခံမှုများ သေချာစေရန်အတွက် အကြံပြုချက်များပေးရန် ဖွဲ့စည်းခဲ့ပါသည်။

တပ်မတော်မှ စစ်ရာဇ၀တ်မှုများ၊ လူသားဖြစ်မှုကို ဆန့်ကျင်သော ရာဇ၀တ်မှုများ နှင့် လူမျိုးတုန်းသတ်ဖြတ်မှုများကို ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရပါသည်။

တာဝန်ခံမှုများပိုမိုခိုင်မာလာစေရန် ကြိုးပမ်းအားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် စစ်တပ်ပိုင်ဆိုင်သည့် ကုမ္ပဏီများအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူရန် အချက်အလက်ရှာဖွေရေးမစ်ရှင်မှ အကြံပြုထားသည်။ အဆိုပါ ကုမ္ပဏီများမှ ၀င်ငွေများသည် မြန်မာစစ်တပ်အား ၄င်းတို့၏စစ် ဆင်ရေးအသုံးစရိတ်များနှင့် နိုင်ငံခြားမှ လက်နက်များ ၀ယ်ယူရန်အတွက် အထောက်အပံများ ဖြစ်နေသည်ကို ထောက်ပြထားသည်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်သည် အချက်အလက်ရှာဖွေရေးမစ်ရှင် ၏တွေ့ရှိချက်များနှင့် အကြံပြုချက်များကို ထောက်ခံသည်။ နိုင်ငံတာကာ အသိုင်းအ၀ိုင်းများအနေဖြင့် အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အကြံပြုချက်များဖြစ်သည့် စစ်တပ်ပိုင်ကုမ္ပဏီများအား အရေးယူပိတ်ဆို့မှုများပြုလုပ်ရန်နှင့် မြန်မာနိုင်ငံအား လက်နက်ရောင်းချ မှုပိတ်ဆို့ အရေးယူမှုပြုရန် တောင်းဆိုချက်များကို လိုက်နာအကောင်အထည်ဖော်ရန် တိုက်တွန်း လိုက်သည်။

စစ်တပ်ထိုးစစ်ဆင်မှုများ၊ ဖိနှိပ်မှုများကို ဆယ်စုနှစ်ပေါင်းများစွာ ခံစားလာခဲ့ရသော ကရင်လူမျိုးများအနေဖြင့် တပ်မတော်၏ လက်နက်ရရှိနိုင်မှုအား လျှော့ချနိုင်သည့် မည့်သည့်လုပ်ရပ်မဆို ငြိမ်းချမ်းရေးသို့ ဦးတည်ကြောင်း ယုံကြည်သည်။ ဤကဲ့သို့ လုပ်ဆောင်ခြင်းသည် စစ်တပ်၏ ပြည်သူလူထုများအပေါ် စစ်ပိုင်းဆိုင်ရာ ကျူးလွန်နိုင်ခြင်းကို ကန့်သတ်မှုများဖြစ်စေသလို နိုင်ငံရေးအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှု ကိုဖြစ်စေမည် ဖြစ်သည်။

မြန်မာတပ်မတော်သည် အိမ်နီးချင်းနိုင်ငံများနှင့် လုံခြုံရေးဆိုင်ရာ ချိန်းခြောက်မှုများ ရှိမနေသော်လည်း ဒေါ်လာသန်းပေါင်းများစွာအသုံးပြုပြီး စစ်ပိုင်းဆိုင်ရာလက်နက်သစ်များ နှစ်စဉ် ၀ယ်ယူလျက်ရှိနေသည်။ လက်နက်သစ်များဝယ်ယူခြင်း၏ တစ်ခုတည်းသောရည်ရွယ်ချက်မှာ ပြည်တွင်းရေး အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုများအပေါ်တိုက်ခိုက်ရန်သာ ဖြစ်သည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အထောက်အပံ့ပေးရန် လိုလားသော နိုင်ငံများအနေဖြင့် စစ်တပ်ပိုင် ကုမ္ပဏီများအား ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုများပြုလုပ်ရန်နှင့် လက်နက် ရောင်းချမှုများကို ပိတ်ဆို့အရေးယူမှုများ ပြုလုပ်သင့်ကြောင့် ထောက်ပြလိုက်သည်။

ဆက်သွယ်ရန်

နော်ဝါးခူရှီး +၆၆ ၈၆ ၁၁၈ ၂၂၆၁ ( ကရင်၊ အင်္ဂလိပ်)

စောအဲလက်(စ်) +၆၆ ၉၆ ၇၆၅ ၆၆၁၅ ( ကရင်၊ အင်္ဂလိပ်၊ မြန်မာ)

ထုတ်ပြန်ချက် မြန်မာဘာသာ PDF။

ထုတ်ပြန်ချက် အင်္ဂလိပ်ဘာသာ PDF။

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia