SYCB: အစိုးရတပ်မတော်မှ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှုများအပေါ် ထုတ်ပြန်ချက်

ယနေ့ကာလသည် စုပေါင်းအားဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖေါ် ဆောင်ရွက်နေသည့် ကာလအတွင်း တိုင်းရင်းသားပြည်သူလူထုတရပ်လုံး ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အကြိမ် ကြိမ် မေတ္တာရပ်ခံတောင်းဆိုခဲ့သော်လည်း အစိုးရတပ်မတော်မှ နယ်မြေရှင်းလင်းရေး၊ ရိက္ခာသယ်ယူပို့ဆောင်ရေး အကြောင်းပြချက်အမျိုးမျိုးဖြင့် တိုင်းရင်းသားဒေသအသီးသီးတွင် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ရှုတ်ချကန့်ကွက် လိုက်သည်။

အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် စစ်ပွဲများကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူများဟာ နေ့စဉ်နှင့်အမျှ ဒုက္ခမျိုးစုံကိုခံစားနေကြရပြီး ဘ၀ကိုခက်ခက်ခဲခဲဖြင့် အသက်ရှင်သန် ဖြတ်သန်းနေကြရပါသည်။

ထိုကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်သမ္မတကြီးအား အောက်ပါ အချက်များကို တောင်းဆိုလိုက်ပါသည်။

– အစိုးရတပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များကြား ထိုးစစ်ဆင်တိုက်ခိုက်နေမှုများသည် ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ယုံကြည်မှုတည်ဆောက်နေသည့် လုပ်ငန်းစဉ်များအား ထိခိုက်စေသဖြင့် စစ်ပွဲများရပ်တန့်ပေးရန်။

– အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် စစ်ပွဲများကြောင့် ဒေသခံဋ္ဌာနေတိုင်းရင်းသား စစ်ဘေး ရှောင် ဒုက္ခသည်များအား ဘေးကင်းလုံခြုံစွာဖြင့် မိမိတို့ နေရပ်ပြန်နိုင်ရေးအတွက် အစိုးရတာဝန်ရှိသူများမှ တာဝန်ယူ ကူညီဆောင်ရွက်ပေးရန်။

– တတိယအကြိမ်မြောက် ၂၁ ပင်လုံညီလာခံ နီးကပ်လာသည်နှင့်အမျှ ယခုကဲ့သို့ ထိုးစစ်ဆင် တိုက်ခိုက်နေမှုများကို ရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေးသည့်နည်းလမ်းဖြင့် အဖြေရှာပေးရန်။

– တိုင်းရင်းသားလူငယ်များအား လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် အင်အားစု များနှင့် ငြိမ်းချမ်းရေးအရ ကူညီပံ့ပိုးဆောင်ရွက်မှုများကို လမ်းဖွင့်ပေးရန်။

မိမိတို့အနေဖြင့် ပြည်တွင်းစစ်၏ အရင်းအမြစ်ပြဿနာများကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာသည့် နည်း လမ်းဖြင့် အဖြေရှာသင့်ပါကြောင်း ဤ ကြေညာချက်ဖြင့် ထုတ်ပြန်တောင်းဆိုလိုက်ပါသည်။

ထုတ်ပြန်ကြေညာချက်ကို ဤနေရာတွင် ရယူနိုင်သည်။

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia