SYCB: (၂၉)နှစ်မြောက် (၈.၈.၈၈)ဒီမိုကရေစီ အရေးတော်ပုံနေ့ သဘောထား ထုတ်ပြန်ကြေညာချက်

၂ဝ၁၇ခုနှစ်၊ သြဂုတ်လ(၈)ရက်နေ့သည် ရဟန်းရှင်လူကျောင်းသားလူငယ်များနှင့် လူမျိုးပေါင်းစုံ ပြည်သူတရပ်လုံး၏ စွမ်းပကားဖြင့် တပါတီ အာဏာရှင်စနစ်ကို ဖျက်သိမ်း ပြီး ပါတီစုံဒီမိုကရေစီစနစ်ကို စတင်ခဲ့ဖို့အတွက် တိုက်ပွဲဝင်နေ့တနေ့ဖြစ်သည်။ ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံကာလမှ ယနေ့ထိတိုင် အသက်၊ သွေး၊ ချွေးတို့ပေး ဆပ်ကာ တိုက်ပွဲဝင်ရင်း ကျဆုံးသွားသော အာဇာနည် ရဟန်းရှင်လူ ကျောင်းသားလူငယ်၊ တိုင်းရင်းသားပြည်သူတရပ်လုံးနှင့် မတရားဖမ်းဆီးခံရသည့် အာဇာနည် သူရဲကောင်း အပေါင်းတို့ကို မိမိတို့ မြန်မာနိုင်ငံကျောင်းသား လူငယ်များ ကွန်ဂရက် (SYCB)မှ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။

၁၉၈၈ခုနှစ်တွင် ဖြစ်ပွားခဲ့သောရှစ်လေးလုံးလူထုအရေးတော်ပုံကြီးသည် ၁၉၆၂ ခုနှစ်၊ မတ်လ(၂)ရက်နေ့တွင် အာဏာသိမ်းအစိုးရရဲ့ နိုင်ငံရေး၊ စီးပွားရေးစနစ်ဆိုးကြီးရဲ့ ဒဏ်ကြောင့် မြန်မာနိုင်ငံဟာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးအားလုံး ဆုံးရှုံးခဲ့ရပြီး နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသော ဘက်ပေါင်းစုံမှ အထွေထွေ အကျပ်အတည်းကြီးနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသလို ကမ္ဘာတွင်လည်း အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် ဖြစ်ခဲ့ရပါသည်။ ထို့ကြောင့် ပြည်သူလူတရပ်လုံးက တစ်ပါတီ အာဏာရှင် စနစ်ကျင့်သုံးသော စစ်အုပ်စု၏ ဖိနှိပ်အုပ်ချုပ်မှုအပေါ် မကျေမနပ်မှုကြီးဖြစ်ပေါ်လာကာ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး ဖြစ်ပေါ်လာခဲ့သည်။ ထို့အတူ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးသည် မြန်မာနိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ရောက်အောင် တွန်းတင်ပေးခဲ့သော သမိုင်းဝင်လူထုလှုပ်ရှားမှုကြီးလည်းဖြစ်သလို ဒီမိုက ရေစီအရေး၊ လူ့အခွင့်အရေးနှင့် ပြည်သူလူထုဆန္ဒကို ကိုယ်စားပြုသော ပြည်သူ့အစိုးရတရပ်ပေါ်ပေါက်ရေးပင်ဖြစ်ပေသည်။

ယနေ့ကာလ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများဖြစ်သည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတို့သည် ယနေ့အချိန်ထိ အောင်ပွဲမဆင်နိုင် သေးပဲ လူမျိုးပေါင်းစုံ ပြည်သူတရပ်လုံးက နည်းမျိုးစုံဖြင့် ဆက်လက် တောင်းဆိုတိုက်ပွဲဝင်နေရဆဲ ဖြစ်ပါသည်။ ထို့အတူ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး၏ တိုက်ပွဲ ရလဒ်ဖြစ်သော ပါတီစုံဒီမိုကရေစီ နှင့် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်တို့ကို နအဖအစိုးရမှ အသိအမှတ်မပြုပဲ ၂ဝ၁ဝ ရွေးကောက်ပွဲဆိုသည်များဖြင့် အစားထိုးလိုက်ပြီး ကန့်သတ်ထိန်းချုပ်မှုများသည့် ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအောက်တွင် ပြည်သူလုထုထောက်ခံမှုဖြင့် ရွေးကောက်တင်မြှောက်လိုက်သော (NLD)အစိုးရမှာ ကဏ္ဍပေါင်းစုံမှတာဝန်များကို ကြိုးစားလုပ်ဆောာင်နေသော်လည်း တိုင်းရင်းသားပြည်သူများလိုလားသော နိုင်ငံရေးရလာဒ်ကောင်းများ ထွက်လာသည်ကိုမတွေ့ရပေ။

နိုင်ငံရေးပြဿနာများကိုနိုင်ငံရေးနည်းအရ တန်းတူရည်တူတွေ့ဆုံဆွေးနွေးအဖြေရှာရေး၊ စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေး၊ အဖမ်းဆီးခံနေရသည့် သတင်းသမားများ။ နိုင်ငံရေးအကျဉ်း သားများအား ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရေးတို့ကို ပြည်တွင်း၊ ပြည်ပနှင့်နိုင်ငံတကာမှ အစဉ်ဆက်မပြတ်တောင်းဆိုနေသော်လည်း အလုပ် သမားအရေး၊ လယ်သမားအရေး၊ ပြည်တွင်းစစ်ရပ်စဲရေးစသည့် ကဏ္ဍအသီးသီးမှ တက်ကြွစွာပါဝင်လှုပ်ရှားသူ လူငယ်များနှင့်ပြည်သူများမှာ ဆက်လက် အဖမ်းဆီးခံ နေရဆဲဖြစ်ပြီး ပြည်တွင်းစစ်များကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။

လူမျိုးပေါင်းစုံ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး လိုလားတောင်းဆိုနေသည့် ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ဖက်ဒရယ် ဒီိမိုကရက်တစ် ပြည်ထောင်စု ပေါ် ပေါက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ယနေ့ကာလတွင် တပ်မတော်၊ အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် အင်အားစုအသီးသီးများ အပေါ် တွင်များစွာ တာဝန်ရှိပါသည်။ ထို့ကြောင့် ရင်ဆိုင်နေရသည့် အထွေထွေ နိုင်ငံရေးပြဿနာများကို ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ စိတ်ဓါတ်ဖြစ်သော လူမျိုး ပေါင်းစုံပြည်သူအပေါင်းတို့၏ ရဲရင့်သည့် စုစည်းညီညွတ်မှုစွမ်းပကားဖြင့် လွတ်လပ်ငြိမ်းချမ်းသော စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုကြီး တည် ဆောက်ဖို့ ၀ိုင်းဝန်းကြိုးစားကြပါစို့ဟု (၂၉)နှစ်မြောက် ရှစ်လေးလုံ ဒီမိုကရေစီအရေးတော်ပုံနေ့မှာ မိမိတို့ မြန်မာနိုင်ငံကျောင်းသားလူငယ် များကွန်ဂရက်မှ ဤ ကြေညာ ချက်ကို ထုတ်ပြန်လိုက်ပါသည်။

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံအောင်ပွဲ စိတ်ဓါတ်ကို ကိုင်စွဲကြ
အာဏာရှင်စနစ်မှန်သမျှကို ဆန့်ကျင်ကြ

စည်းရုံးရေးနှင့်ပြန်ကြားရေးကော်မတီ

မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်(SYCB)

 

ထုတ်ပြန်ကြေညာချက်ကို ဤနေရာတွင် ရယူနိုင်သည်။

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia