ABSDF:ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး ၂၉ – မြောက် အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်

ဤနေ့ ဤရက်ဖြစ်သော ၈-၈-၂၀၁၇ နေ့သည် မြန်မာ့နိုင်ငံရေး သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်ခဲ့ည့်၊ ဒီမိုကရေစီရေးလှုပ်ရှားမှု လူထုအရေးတော်ပုံကြီး ၂၉ နှစ် ပြည့်မြောက်ခဲ့သည့် ဂုဏ်ရောင်ထွန်းပြောင်သော သမိုင်းဝင် နေ့ရက်ကြီး ဖြစ်ပေသည်။

ရှစ်လေးလုံး အရေးတော်ပုံကြီးအပါအဝင် သမိုင်းစဉ်ဆက် အမျိုးသားလွတ်မြောက်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေး လှုပ်ရှားမှုများတွင် အသက် သွေး ချွေး ပေးဆပ်ခဲ့ကြသော မျိုးဆက် အဆက်ဆက် ရဟန်းရှင်လူ ပြည်သူအပေါင်းနှင့် အာဇာနည်သူရဲကောင်းအပေါင်းအား မိမိတို့ မကဒတ ရဲဘော်များက ဦးညွှတ်အလေးပြုအပ်ပါသည်။

ဤ ၂၉နှစ်ကာလအတွင်း နဝတ၊ နအဖ အပါအဝင် စစ်အာဏာရှင်အဆက်ဆက်ကို တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံးသည် တိုက်ပွဲနည်းလမ်းစုံဖြင့် ဆင်နွဲခဲ့ကြသည်။ ယနေ့ အာဏာရ NLD အစိုးရသည်ပင်လျှင် ရှစ်လေးလုံးစိတ်ဓါတ်ဖြင့် ပြည်သူလူထုက ရွေးချယ်တင်မြှောင့်နိုင်ခဲ့ပြီး ရှစ်လေးလုံးအရေးတော်ပုံကြီး၏ အသီးအပွင့် ရလဒ်တစ်ခုအဖြစ် ရှု့မြင်နိုင်သည်။

သို့ရာတွင် ယနေ့ကာလ အခြေအနေမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တနေသည့် ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖြစ်ထွန်းတိုးတက်မှု နှောင့်နှေးတွန့်ဆုတ်နေသကဲ့သို့ လက်နက်ကိုင် စစ်မက်ပဋိပက္ခများ ဆက်လက်တည်ရှိနေခြင်း၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော မိမိတို့ မကဒတ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ – အစိုးရ – တပ်မတော်တို့အကြား အပြန်အလှန် လေးစားယုံကြည့်မှု တည်ဆောက်ရေးနှင့် လုပ်ငန်းအကောင်အထည်ဖော်မှုများတွင်လည်း အားနည်နေလျှက်ရှိနေသေးသည်ဟု မကဒတအနေဖြင့် ရှု့မြင်သုံးသပ်သည်။ အထူးသဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့တွင် လက်နက်ကိုင် တော်လှန်ရေးအင်အားစုအားလုံး မပါဝင်လာနိုင်သေးခြင်းတို့သည်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်လျှက်ရှိပြီး – အင်အားစုအားလုံးပါင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ မဖော်ဆောင်နိုင်သည့်အနေအထားမှာ နိုင်ငံရေးအကြပ်အတည်း ထည်ရှိမှုကို ဖော်ပြနေခြင်းပင်ဖြစ်သည်။

ဤအခင်းအကျင်းအောက်မှာပင် တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို ထိခိုက်ပျက်ပြားစေသည့် တည်ဆဲဥပဒေများ ဘာသာရေး အမျိုးသားရေး အစွန်းလက္ခဏာများ နိုင်ငံတော်၏ ဒီမိုကရက်တစ်စံနှုန်းများအား ကန့်သတ်ထိန်းချုပ်ထားရာ အကြောင်းအရင်းခံဖြစ်သည့် ၂၀၀၈ ဖွဲစည်းပုံ အခြေခံဥပဒေ၏ အဟန့်အတား၊ အကန့်အသတ်ဘောင်မှ မကျော်လွန်နိုင်သေးသမျှ ကျနုပ်တို့၏ အန္တိမ အမြင့်ဆုံးရည်မှန်းချက်ပန်းတိုင်ဖြစ်သော ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုသစ် ပေါ်ထွန်းရေးအနာဂါတ်မှာ မှေးမှိန်မှုန်ဝါးလျှက်ပင် ရှိနေဦးသာဖြစ်သည်။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ငြိမ်းချမ်းရေး ဒီမိုကရေစီရေးနှင့် ဖွဲ့ဖြိုးတိုးတက်ရေးတို့မှာ တဆက်တစပ်တည်း အရေးအရာများ ဖြစ်နေပေသည်။

မကဒတသည် ပြည်တောင်စုအစိုးရနှင့် ၂၀၁၃ခုနှစ် သြဂုတ်လ ၅ရက်နှင့် ၁၀ ရက်နေ့တို့တွင် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိခဲ့ပြီး ၂၀၁၅ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့တွင် တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို တိုင်းရင်းသား လက်နက်ကိုင်အင်အားစု ၇ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၁၆ခုနှစ် ဇန်နဝါရီလတွင် ကျင်းပသော ငြိမ်းချမ်းရေးညီလာခံ၊ ၂၀၁၆ခုနှစ် သြဂုတ်နှင့် ၂၀၁၇ခု မေလတို့တွင် ကျင်းပသော ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ပထမ နှင့် ဒုတိယ အစည်းအဝေးများကို တက်ရောက်ခဲ့ပြီး အားလုံးပါဝင်နိုင်သော နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်ရေးအတွက် မိမိတို့၏ နိုင်ငံရေးဦးတည်ချက် ၄ ရပ်အား ခိုင်ခိုင်မာမာကိုင်စွဲကာ သက်ဆိုင်ရာ ပြည်တွင်းပြည်ပရှိ အင်အားစုများနှင့် ဆွေးနွေးအဖြေရှာမှုများကို ယနေ့တိုင် ရပ်တည်ကြိုးပမ်း ဆေင်ရွက်လျှက်ရှိသည်။

ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးမှ မွေးဖွားသန့်စင်ပေးခဲ့သော မကဒတသည် ရှစ်လေးလုံးစိတ်ဓါတ်ကို ကိုင်စွဲချီတက်၇င်း မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းမှုများနှင့်အညီ တတိုင်းပြည်လုံး၏ လိုအပ်ချက်ဖြစ်သော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ယုံကြည်လေးနက် ရိုးသားစွာ ပါဝင်လျှက် မိမိတို့၏ နိုင်ငံရေးဦးတည်ချက်များ ရည်မှန်းချက်များ မပြည့်ဝမချင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစု အသီးသီးနှင့်အတူ ပြည်သူလူထုဆန္ဒနှင့်အညီ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အလေးအနက်ထား ဖော်ပြလိုက်ပါသည်။

၈လေးလုံးစိတ်ဓါတ် အဓွန့်ရှည်ပါစေ။

ဗဟိုကော်မတီ

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ)

 

မူရင်း ထုတ်ပြန်ကြေညာချက်ကို ဤနေရာတွင် ရယူနိုင်သည်။

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia