(၂၉) နှစ်မြောက် ရှစ်လေးလုံးလူထုအရေးတော်ပုံနေ့အတွက် UNFC ၏ သ၀ဏ်လွှာ

၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့သည် (၂၉)နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံနေ့ ဖြစ်သည်။ မြန်မာ့သမိုင်းတွင် (၂၆)နှစ်သား (မဆလ) တစ်ပါတီအာဏာရှင်ကို ဖြုတ်ချနိုင်ခဲ့သော လူထုအရေးတော်ပုံ အောင်ပွဲနေ့လည်း ဖြစ်ပေသည်။

ဤနေ့တွင် မြန်မာပြည်ဒီမိုကရေစီရေးတိုက်ပွဲအတွင်း အသက်၊ သွေး၊ ချွေးတို့ ပေးဆပ်စွန့်လွှတ် အနစ်နာခံခဲ့ကြသော ဒီမိုကရေစီတိုက်ပွဲဝင် သူရဲကောင်း ရဲဘော်အပေါင်းတို့အား ဦးညွှတ်အလေးပြုလျက် ဤသ၀ဏ် လွှာအား ပေးပို့လိုက်ပါသည်။

ရှစ်လေးလုံးလူထုအရေးတော်ပုံသည် လူမျိုးဘာသာ အသားရောင် မခွဲခြားပဲ လူတန်းစားပေါင်းစုံပါဝင်သော လူထုညီညွတ်မှုအားကို အမြင့်မားဆုံး ပြသနိုင်ခဲ့သည့် သမိုင်းဝင်လူထုလှုပ်ရှားမှုကြီးလည်း ဖြစ်ပေသည်။ ထိုလှုပ်ရှားမှုဖြင့် (၈၈)မျိုးဆက်ဟူ၍ ပေါ်ပေါက်လာခဲ့ပြီး၊ ရှစ်လေးလုံးစိတ်ဓာတ်မှာလည်း မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲ နှင့်အတူ ယနေ့ထိတိုင် ခိုင်မာရှင်သန်နေဆဲဖြစ်ပါသည်။

၁၉၈၈ လူထုအရေးတော်ပုံမှ ပေါ်ပေါက်လာခဲ့သော လူထုခေါင်းဆောင်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတို့သည်လည်း ယနေ့တွင် တိုင်းပြည်၏အစိုးရနေရာတွင် ရောက်ရှိနေယူထားနိုင်ခဲ့ပါပြီ။ သို့ရာတွင် စစ်အာဏာရှင်မှ ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ပြည်သူလူထုလိုလားသည့် ဒီမိုကရေစီစနစ် ရုပ်လုံးဖော်နိုင်ခြင်း မရှိသေးပါ။

တိုင်းပြည်၏ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြဿနာကြောင့် ပြည်တွင်းစစ်မှာလည်း လွတ်လပ်ရေး ရပြီးကတည်းက ယနေ့ထိတိုင် ဆက်လက်ဖြစ်ပွားနေဆဲရှိပါသည်။ ပြည်တွင်းစစ်၏ အနိဌာရုံနှင့် ဆိုးကျိုးသံသရာ တို့ကြောင့် တိုင်းပြည်နှင့်လူထုမှာ ဆင်းရဲတွင်းနက်နေပြီး ကမ္ဘာ့အလယ်တွင် အောက်ကျနောက်ကျဘ၀သို့ ရောက်ရှိနေရပါသည်။

ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီရေးတို့မှာ တိုင်းရင်းသား များလိုလားသော အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ အပြည့်အ၀ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ေ ရးနှင့် ထပ်တူကျနေသည်ဖြစ်ရာ တိုင်းပြည်ဖွဲ့စည်းပုံအခြေခံဥပေဒ ပြုပြ င်ပြောင်းလဲရေးကို အင်အားစုအားလုံး၏ ဘုံလုပ်ငန်းစဉ်အဖြစ် အမြန်ဆုံး အကောင်ဖော်နိုင်ရန် ဦးစားပေးဆောင်ရွက်ကြဖို့ လိုအပ်ပါသည်။

ထို့ကြောင့် ရှစ်လေးလုံးစိတ်ဓာတ်ဖြင့် မပြီးပြတ်သေးသော ဖက်ဒရယ်ဒီမို ကရေစီပြည်ထောင်စု တည်ဆောက်ရေးသို့ မဆုတ်မနစ်သော ဇွဲလုံ့လ တို့ဖြင့် ဆက်လက်ချီတက် တိုက်ပွဲဝင်ကြပါစို့ဟု တိုက်တွန်းရင်း ဤသ၀ဏ် လွှာအား နိဂုံးချုပ်အပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)

သ၀ဏ်လွှာမြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia