8 June 2017
၁။ ၂၀၁၇-ခုနှစ်၊ မေလ(၂၄)ရက်နေ့မှ(၂၉)ရက်နေ့ထိ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁-ရာစုပင်လုံတွင် ရရှိသည့်ရလဒ်အား ပြည်ထောင်စုသဘောတူစာချုပ်အဖြစ် လက် မှတ်ရေးထိုးခဲ့သည်မှာ ရေရှည်တည်တံ့ခိုင်မြဲသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့်စစ်မှန်သောဖက်ဒ ရယ်ပြည်ထောင်စုတည်ဆောက်ရန် လွန်စွာစိုးရိမ်မိပါသည်။
၂။ ထိုလက်မှတ်ရေးထိုးခဲ့သည့် ပြည်ထောင်စုသဘောတူစာချူပ်သည် ပါဝင်ရမည့်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးပါဝင်ခွင့်မရှိခြင်း၊ တိုင်းရင်းသားနိုင်ငံရေးပါ တီများ၏သဘောတူညီမှုကို သေချာစွာရယူမှုမရှိခြင်း၊ ညီလာခံအတွင်း အပြန်အလှန်ညှိနှိုင်းဆွေး နွေး၍ သဘောတူညီမှုရယူခြင်းမဟုတ်ဘဲ အပေါ်စီးဖိအားပေး၍ ဆုံးဖြတ်ချက်များပြုလုပ်သည်ကို တွေ့ရသည်။
၃။ ထို့အတူ လက်မှတ်ထိုးခဲ့သည့် ပြည်ထောင်စုသဘောတူစာချုပ်အား အချို့အချက်များသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းသာ ဖြစ်နေသည်ကိုတွေ့ရပြီး ကျန်အချက်များမှာလည်း သဘောတရားဆန်သည့် ယေဘူယျအချက်များသာ ဖြစ်နေသည်။ ရှေ့ဆက်ငြိမ်းချမ်းရေးဆွေးနွေး ပွဲများ ဆက်လက်ဆောင်ရွက်ရန် လွန်စွာအခက်အခဲရှိလိမ့်မည်ဟု ယူဆပါသည်။
၎။ ထို့ကြောင့် စစ်မှန်သည့် ပြည်တွင်ငြိမ်းချမ်းရေးတည်ဆောက်သွားနိုင်ရန် ပါဝင်သင့်ပါဝင်ထိုက်သည့် အဖွဲ့အစည်းများအားလုံး ပါဝင်နိုင်သည့်လမ်းအားဖွင့်ပေးစေပြီး နိုင်ငံရေးဆွေးနွေးမှုမူဘောင်၊ လုပ်ငန်းကော်မတီအပါအဝင် UPDJC တို့၏လုပ်ငန်းလမ်းညွန်ချက်များနှင့်အတူ ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ခုလုံး (Peace Process)ကို ပြန်လည်သုံးသပ်ရန်လိုအပ်ပါကြောင်း သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးအား တိုက်တွန်းအပ်ပါသည်။
ဆက်သွယ်ရန်-
(+၆၆) ၆၁၃၄ ၈၀၀၆ ၇
(+၆၆) ၈၇၉ ၄ ၃၈၇၅ ဝ
ထုန်ပြန်ကြေညာချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
19 May 2026

10 June 2026

09 June 2026