25 February 2017
မိမိတို့ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်သည် နယ်စပ်အခြေစိုက်ဖြစ်ပြီး တိုင်းရင်းသားကျောင်းသားလူငယ် အဖွဲ့ အစည်း(၁၁)ဖွဲ့ဖြင့် စုပေါင်းဖွဲ့စည်းကာ နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့်အခန်းကဏ္ဍများအပေါ် ဝေဖန် ထောက်ပြမှုတွေကို အခြားသော တိုင်းရင်းသားမဟာမိတ်များနှင့်ပူးပေါင်း လုပ်ဆောင်ခဲ့သော တပ်ပေါင်းစုဖြစ်ပါသည်။ခေတ်အဆက်ဆက် ဗမာပြည်၏ နယ်ချဲ့ဆန့်ကျင်ရေး၊ ကျောင်းသားလှုပ်ရှားမှုသမိုင်းနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သမိုင်းတို့ကို စတင်သန္ဓေတည်ရာ သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပြီး အသွင်ကူးပြောင်းရေးကာလ အစိုးရသစ်လက်ထက်မှာ ပြန် လည်တည်ဆောက်ဖို့အတွက် ကြိုးပမ်းလုပ်ဆောင်နေမှု အပေါ်မိမိတို့အနေဖြင့် ၀မ်းမြောက်စွာဖြင့်ကြိုဆိုထောက်ခံခဲ့ပြီး ဤ သဘောထားကို ထုတ်ပြန်တောင်းဆိုလိုက်ပါသည်။
၁။ သမိုင်းဝင်(တ.က.သ)အဆောက်အအုံပြန်လည်တည်ဆောက်ရေးကော်မတီအား ပါဝင်သင့်ပါဝင်ထိုက်သူများရဲ့ အမြင် သဘောထားများဖြင့် အစိုးရမှ လွတ်လပ်စွာ ဖွဲ့စည်းတည်ဆောက်ရွက်ခွင့်ပြုရန်။
၂။ ၇ရက် ၇လ ၆၂ခုနှစ် တွင်ကျဆုံးသွားသော ကျောင်းသားရဲဘော်များ၏ စာရင်းကို ထုတ်ပြန်ပေးပြီး ထိုအမည်စာရင်းအား ဖြိုဖျက်ခံရသော သမဂ္ဂအဆောက်အဦးနေရာတွင် ကမ္ဗည်းမှတ်တိုင်စိုက်ထူပေးရန်။
၃။ ခေတ်အဆက်ဆက်အစိုးရမှ ကျောင်းသားသမဂ္ဂအပေါ် ထိန်းချုပ်ကန့်သတ်ချုပ်ချယ်သည့် ပေါ်လစီ စည်းမျဉ်းစည်းကမ်း များကို ဖြေဖျောက်ပြီး ကျောင်းသားအခြပြုပေါ်လစီအား အစိုးရမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်။
၎။ ယင်းပေါ်လစီအပေါ်အခြေခံပြီး ကျောင်းသားသမဂ္ဂတရားဝင်ရပ်တည်ခွင့်၊ လှုပ်ရှားခွင့်ကို အစိုးရမှ တစိုက်မတ်မတ် အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်။
စည်းရုံးရေးနှင့်ပြန်ကြားရေးကော်မတီ
မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်(SYCB)
ထုတ်ပြန်ကြေညာချက်ကို ဤနေရာတွင် ရယူနိုင်သည်။

20 July 2026

19 July 2026