ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေး လုပ်ဆောင်နေမှုများနှင့် ပတ်သက်၍ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (ရ၊ က၊ လ၊ စ) မှ ထုတ်ပြန်ကြေငြာချက်

ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေး လုပ်ဆောင်နေမှုများနှင့် ပတ်သက်၍ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (ရ၊ က၊ လ၊ စ) မှ ထုတ်ပြန်ကြေငြာချက်
မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းစ ကာလတွင် စစ်အာဏာရှင် ဦးနေဝင်းအစိုးရ ဖျက်ဆီးဖြိုခွင်းခဲ့သော ကျောင်းသားသမဂ္ဂ အ ဆောက်အအုံကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သော အစိုးရလက်ထက်တွင် တရားဝင် တည်ဆောက်ခွင့် ပြုလိုက် ခြင်းအား မိမိတို့ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (ရ၊ က၊ လ၊ စ) မှ ဝမ်းသာအားရ ဖြစ်မိပါသည်။ ထို့အပြင် အဆောက်အအုံ ပြန်လည်တည်ဆောက်ရေး ပြင်ဆင်လုပ်ဆောင်သည့် ကာလတွင် အစိုးရတရပ်အနေဖြင့် ဝင်ရောက်စွက်ဖက်ခြင်း မပြု လုပ်ဆိုသည့်အချက်အပေါ်မှာလည်း ကောင်းသောအစဉ်အလာတရပ်အနေဖြင့် အသိအမှတ်ပြုပါသည်။
သမိုင်းခေတ်တလျှောက် ကျောင်းသား၊ လူငယ်များသည် စစ်အာဏာရှင်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးနှင့် ဒီမိုကရေစီအရေး တို့တွင် ကျရာအခန်းကဏ္ဍမှ အသက်၊ သွေး၊ ချွေများပေးဆပ်ခဲ့ကြပြီး ဖြစ်ပါသည်။ သို့သော်လည်း ခေတ်အဆက်ဆက် ကျောင်းသားထု တရပ်လုံး မျှော်မှန်းသည့် ပြည်တွင်းငြိမ်းချမ်းရေးကို ယနေ့အချိန်အထိ ခံစားရခြင်း မရှိသေးချေ။ ဆက်လက် တောင်းဆို၊ တိုက်ပွဲဝင်ရအုံး မည်ဟုလည်း မိမိတို့အနေဖြင့် လက်ခံထားပါသည်။
ယနေ့ကာလသည် မြန်မာနိုင်ငံရေးသမိုင်းတွင် အဟောင်းနှင့် အသစ်၊ ဓမ္မ နှင့် အဓမ္မ အားပြိုင်မှု အမြင့်ဆုံးအနေအထားသို့ ရောက်နေ သည့် အချိန်ကာလဖြစ်ပါသည်။ တိုင်းပြည် အာဏာအား မတော်မတရား ဆက်လက်ကိုင်စွဲထားလိုသည့် အုပ်စုများက ကျောင်းသားများ ၏ တိုးတက်သည့် အမြင်သဘောထားများ ပြည်သူလူအပေါ် စိမ့်ဝင်ပျံ့နှံ့မှုကို အစိုးရိမ်ကြီး စိုးရိမ်ကာ ကျောင်းသားထု၏ အခန်းကဏ္ဍကို ပုံဖျက်ဖုံးကွယ်ရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြပြီး ဖြစ်ပါသည်။ သို့သော် ယနေ့ ပွင့်လင်းလာသည့် အခိုက်အတန့်တွင် ကျောင်း သားထုတရပ်လုံး၏ အမှတ်သင်္ကေတဖြစ်သော သမဂ္ဂအဆောက်အအုံအား ပြန်လည်တည်ဆောက်ခွင့် ရလာခြင်းသည် မြန်မာြ ပည် တိုး တက်ကြီးပွါးရေးအတွက် လမ်းစတခုအဖြစ် မှတ်ယူပါသည်။
ထိုသို့ အခြေအနေအရပ်ရပ်အား ခြုံငုံသုံးသပ်ကာ မိမိတို့ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (ရ၊ က၊ လ၊ စ) အနေဖြင့် ကျောင်းသားသမဂ္ဂ အဆောက်အုံတည်ဆောက်ရေးနှင့် ပတ်သက်ပြီး အောက်ပါသဘောထားဆန္ဒအား တင်ပြအပ်ပါသည်။
(၁) ဖြိုဖျက်ခံလိုက်ရသည့် ကျောင်းသားသမဂ္ဂ အဆောက်အအုံဟောင်းမြေနေရာတွင် နောက်ထပ်အသစ်တခုအား မတည်ဆောက်ရန်။
(၂) ဖြိုဖျက်ခံလိုက်ရသည့်နေရာဟောင်းအား ကျောင်းသားလှုပ်ရှားမှု သမိုင်းဝင်နေရာအဖြစ် ကမ္ဗည်းကျောက်စာတိုင် စိုက်ထူရန်။
(၃) ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေးကော်မတီအနေဖြင့် မြန်မာနိုင်ငံတဝှန်းတွင် တက်ကြွလှုပ်ရှားနေ ကြသည့် ကျောင်းသားသမဂ္ဂများ၊ ကျောင်းသားလူငယ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျောင်းသားထုတရပ်လုံး၏ စုစည်းအားကို ဖော်ဆောင်ရန်။
(၄) ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ရည်တည်ခွင့်ရရေးနှင့် တိုင်းပြည်တည်ဆောက်ရေးတွင် ကျောင်းသားထုအခြေပြု ပေါ်လစီတ ရပ်အား အစိုးရအနေဖြင့် တစိုက်မတ်မတ် ဖော်ဆောင်ပေးရန်။

ထုတ်ပြန်ကြေညာချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia