
၁။ NCA ကို လက်မှတ်ရေးထိုးထားကြသော မိမိတို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အရေးပေါ်အစည်းအဝေးကို ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုဌာနချုပ် လော်ခီးလာ (လေးဝါး) ၌ ၂၀၁၇ ခု ဇန်နဝါရီလ (၁၀/၁၁) ရက်နေ့များတွင် ကျင်းပခဲ့သည်။
၂။ ယင်း အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ၏ ၂၀၁၇ နှစ်သစ်ကူးမိန့်ခွန်း နှင့် လွတ်လပ် ရေးနေ့သဝဏ်လွှာကို အလေးအနက် ကြိုဆိုသည်။ ယနေ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလား တောင့်တလျှက်ရှိသော တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး အပါအဝင် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန် လည်သင့်မြတ်ရေးအတွက် အတူတကွ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ရမည့် အခါသမယ အဖြစ် မှတ်ယူသည်။
၃။ ထို့ပြင် မိမိတို့ EAO အဖွဲ့အစည်းများ ယနေ့ ရင်ဆိုင်နေရသည့် လတ်တလော အခက်အခဲများကို ညီညီ ညွတ်ညွတ် ဆက်လက် လက်တွဲဖြေရှင်းသွားနိုင်ရေးကို အမြန်ဆုံး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ် သည်။
၄။ ယင်းသို့ ဖြေရှင်းနိုင်ရေးအတွက် PPST တာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ၊ တပ်မတော် တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံဆွေးနွေး ဖြေရှင်းနိုင်ရေးကို အမြန်ဆုံးကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)
ဆက်သွယ်ရန် (၁) – ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဖုန်း – + ၆၆ (ဝ) ၈၁၉၅၀၂၁၅၈ (ထိုင်း) / + ၉၅ (ဝ) ၉၂၅၉၂၅၈၇၄၃ (မြန်မာ)
ဆက်သွယ်ရန် (၂) – ရဲဘော် သံခဲ ဖုန်း – + ၆၆ (ဝ) ၈၆၁၆၂၃၅၈၂ (ထိုင်း) / + ၉၅ (ဝ) ၉၄၂၀၃၃၀၄၆၀ (မြန်မာ)
ထုတ်ပြန်ချက်ကို ဤနေရာတွင် ရယူနိုင်သည်။

22 July 2026
122

18 July 2026
17