မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့များအား အကြမ်းဖက်အဖွဲ့အစည်း ဟု ခေါ်ဝေါ်သုံးနှုန်းခြင်း နှင့် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေမှုအပေါ် မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်၏ သဘောထားထုတ်ပြန်ကြေငြာချက်

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကြေငြာပြီးနောက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် အစိုးရကို မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ် အဖွဲ့၎ ဖွဲ့မှ တောင်းဆိုခဲ့ကြပါသည်။ သို့သော်လည်း အစိုးရမှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ခေါ်ဝေါ်သတ်မှတ်ရန် လွှတ်တော်တွင် တင်သွင်းပြီး မြန်မာ့တပ်မတော်မှလည်း အမြစ်ပြတ်တိုက်ခိုက်ခြေမှုန်းရေးလမ်းစဉ်ကို ဆက်လက် ကျင့်သုံးနေခြင်းများကြောင့် အဆိုပါ လုပ်ရပ်များအား မိမိတို့ကွန်ဂရက်မှ အပြင်းအထန်ရှုတ်ချကြောင်း အောက်ပါ သဘောထားနှင့်အတူ ထုတ်ပြန်ကြေငြာလိုက်သည်။

(၁) ဒီဇင်ဘာလ(၇)ရက်နေ့ ရှမ်းပြည်နယ်၊ ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့များ၏ လုပ်ဆောင်ချက်များကိုရှုတ်ချပြီး အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပေးရန် လားရှိုးမြို့နယ်၊ ကြံ့ခိုင်ဖွံ့ဖြိုး ရေးပါတီမှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူ၏ အဆိုတင်သွင်းချက်အား မဲခွဲဆုံးဖြတ်အတည်ပြုလိုက်ခြင်းအား မိမိတို့ ကွန်ဂရက်အနေဖြင့် လုံးဝကန့်ကွက်ပါသည်။

(၂) တိုင်းရင်းသားပြည်သူတို့၏ ရပိုင်ခွင့်ဖြစ်သော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုအခြေခံသည့် အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးများအတွက် တိုက်ပွဲဝင်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပေါ် ခွဲခြား ဆက်ဆံသည့် စကားလုံးသုံးနှုန်းလိုက်သည့်အတွက် စစ်မှန်သည့် ငြိမ်းချမ်းရေးမရရှိနိုင်သကဲ့သို့ တိုင်းရင်းသားအချင်းချင်းကြား သွေးစည်း ညီညွတ်ရေး ကို ပျက်ပြားစေနိုင်ပါသည်။

(၃) ပြည်တွင်းငြိမ်းချမ်းရေးကို အကောင်အထည်ဖေါ် လုပ်ဆောင်နေစဉ်အတွင်း ပြည်ထောင်စုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအပေါ် အကြမ်းဖက်အဖွဲ့အစည်းဟု ခေါ်ဝေါ်သုံးနှုန်းရန် သတ်မှတ်အတည်ပြုခြင်းများ လုံးဝမဖြစ်သင့်ပါ။

(၄) မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ အပြန်အလှန်ထိုးစစ်ဆင် တိုက်ခိုက်နေကြခြင်းအပေါ် အပစ်ရပ်စောင့် ကြည့်ရေးအဖွဲ့နှင့် လက်ရှိ အစိုးရမှ တာဝန်ယူဖြေရှင်းမပေးနိုင်ကြသည့်အတွက် စစ်ဘေးရှောင်ဒုက္ခသည်များ ပိုမိုများပြားလာစေပြီး ဆင်းရဲဒုက္ခ ရောက်နေရဆဲဖြစ်သည်။

(၅) လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေး ဖေါ်ဆောင်နေစဉ်ကာလအတွင်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာသင့်ပါသည်။

မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်(အက်စ်ဝိုင်စီဘီ)

ဆက်သွယ်ရန်- စောဂျက်ပစီ၊ အထွေထွေအတွင်းရေးမှူး (+95)9771371109 (+66)639364221 )

သဘောထားထုတ်ပြန်ကြေညာချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia