27 May 2026

ကြေညာချက်အမှတ် (၉/ ၂၀၂၆)
၂၀၂၅-၂၆ ခုနှစ်၊ ရွေးကောက်ပွဲကာလအတွင်း မြန်မာ့မီဒီယာများအပေါ် ဒစ်ဂျစ်တယ်ပလက်ဖေါင်းများ၏ သက်ရောက်မှု အစီရင်ခံစာ ထုတ်ပြန်ခြင်း။
ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ မေလ (၂၇) ရက်။
မြန်မာမီဒီယာတိုက်များ၏ Digital Platforms ထုတ်လွှင့်မှုများအပေါ် Digital Platforms Owner များမှတရားမဲ့ပြုလုပ်မှုများကို သုတေသနစာတန်းပြုစုထားသည်။
၁။ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) နှင့် Human Rights in Myanmar- HRM တို့ ပူးပေါင်းပြီး မြန်မာစစ်အုပ်စု၏ ၂၀၂၅- ၂၀၂၆ ခုနှစ်များအတွင်း မြန်မာနိုင်ငံတွင် (၃) ကြိမ် ခွဲပြီး ကျင်းပခဲ့သော အတုအယောင် ရွေးကောက်ပွဲ (Sham Election) များတွင် လွတ်လပ်သော သတင်းမီဒီယာများမှ ထုတ်လွှင့်ခဲ့ကြသော သတင်းမှန်များကို ပြည်သူလူထု ဖတ်ရှု နားထောင် ကြည့်ရှုခွင့် မရအောင် ဒစ်ဂျစ်တယ် နည်းပညာများကို အသုံးပြု၍ ပိတ်ဆို့ ဖြတ်တောက်မှုများ ပြုလုပ်ခဲ့ကြပြီး လုပ်ကြံဖန်တီး ထားသော မှန်ကန်မှုမရှိသည့် သတင်းအချက်အလက်များကို ၎င်းတို့၏ လက်ဝေခံ မီဒီယာများမှ တဆင့် ထုတ်လုပ် ဖြန့်ဝေခဲ့ကြခြင်းများကို နိုင်ငံတကာနှင့် မြန်မာပြည်သူများ လေ့လာ သိရှိနိုင်ရန် အတွက် IPCM နှင့် HRM တို့မှ စနစ်တကျ စစ်တမ်းကောက်ယူပြီး လေ့လာခဲ့ပြီး အစီရင်ခံစာ (၃) စောင် ထုတ်ပြန်ရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ ပထမ အစီရင်ခံစာကို ၂၀၂၆ ခုနှစ်၊ မတ်လ(၁၆) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
၂။ အတုအယောင် ရွေးကောက်ပွဲကာလအတွင်း မီဒီယာ အကြောင်းအရာများကို ကာကွယ်ပေးသည့် နိုင်ငံတကာစံနှုန်းများနှင့် ဂတိကဝတ်များမှာ ကျယ်ပြန့်ပြီး လက်တွေ့ အကောင်အထည်ဖေါ်မှုများကို ကြပ်မတ်နိုင်မည့် ယန္တရားများ ကင်းမဲ့နေခြင်းကလည်းသတင်းမှန် ထုတ်လုပ်သူ မီဒီယာများအတွက် စိန်ခေါ်မှုများဖြစ်စေပြီး လက်တွေ့တွင် အနှစ်သာရမရှိပေ။
၃။ မြန်မာ့အတုအယောင် ရွေးကောက်ပွဲသည် ဒစ်ဂျစ်တယ် နယ်ပယ်အတွင်း ရန်လိုတိုက်ခိုက်မှုများ ပိုမိုဆိုးရွားစေပြီး ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ခြိမ်းခြောက်မှုများ ပိုမိုပြင်းထန်လာကြောင်း စစ်တမ်းဖြေဆိုသည့် မီဒီယာများ၏ ၆၉ ရာခိုင်နှုန်းက အစီရင်ခံခဲ့သည်။
၄။ ထိုကဲ့သို့ ဒစ်ဂျစ်တယ် ပလက် ဖေါင်းများမှ ထိန်းချုပ်စစ်ဆေးခြင်း မရှိသလောက်ဖြစ်နေခြင်းက အဆိုပါ ရန်လိုတိုက်ခိုက်မှု အကြောင်းအရာများမှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာမှုက နိုင်ငံသား အခွင့်အရေးနှင့်ဆိုင်သော အရေးကြီးသည့် အချိန်ကာလတွင် လွတ်လပ်သောမီဒီယာများကို ၎င်းတို့၏ ပရိတ်သတ် ပြည်သူများနှင့် ကင်းကွာ သွားစေခဲ့သည်။
၅။ မြန်မာစစ်အုပ်စု၏ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုမရှိသည့် လုပ်ဆောင်ချက်များ ကို အမှောင်ချ ထားခြင်း၊ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ပယ်ဖျက်မှုများက လွတ်လပ်သော သတင်း မီဒီယာ များကို ထိခိုက်နစ်နာစေသည်။
၆။ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) သည် Human Rights in Myanmar- HRM နှင့်ပူးပေါင်းပြီး အတုအယောင် ရွေးကောက်ပွဲ ကာလတလျှောက်လုံးတွင် ပြည်သူလူထု၏ သတင်းမှန် သိပိုင်ခွင့်ကို ဒစ်ဂျစ်တယ် နည်းပညာကို အသုံးပြုပြီး ပိတ်ဆို့ကန့်သတ်မှုများကို လက်နက်သဖွယ် အသုံးချခဲ့မှုများကို စနစ်တကျ လေ့လာပြီး ၂၀၂၅-၂၀၂၆ ခုနှစ် ရွေးကောက်ပွဲကာလများတွင် မြန်မာမီဒီယာများအပေါ် ဒစ်ဂျစ်တယ် ပလက်ဖေါင်းများ၏ သက်ရောက်မှု ခေါင်းစဉ်ဖြင့် အစီရင်ခံစာ ဒုတိယပိုင်း ကို မြန်မာ-အင်္ဂလိပ် ၂-ဘာသာဖြင့် ထုတ်ဝေလိုက်ပါသည်။
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM)
ဆက်သွယ်ရန် –
ကိုကိုဇော် (ဥက္ကဌ) – (Signal) +959255803262
တိုးဇော်လတ် (အတွင်းရေးမှူး) – (Signal) +66806834240
PDF ဖိုင်ကိုရယူရန် (မြန်မာဘာသာ)

15 July 2026

15 July 2026