6 May 2026

ဤထုတ်ပြန်ချက်သည် မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း နှင့် လက်ရှိ ပြည်သူ့လွှတ်တော်အမတ် Dato’ Sri Saifuddin Abdullah ၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း Khun Kasit Piromya ၊ ဖိလစ်ပိုင်နိုင်ငံ တရားရေးဝန်ကြီးဟောင်း၊အထက်လွှတ်တော်အမတ်ဟောင်းနှင့် လက်ရှိ ပြည်သူ့လွှတ်တော်အမတ် Leila M. de Lima နှင့် မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့၏ တည်ထောင်သူများဖြစ်ကြသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကျွမ်းကျင်ပုဂ္ဂိုလ်ဟောင်း သုံးဦးကပူးတွဲထုတ်ပြန်သည့်ကြေညာချက်ဖြစ်ပါသည်။
၆ ရက်၊ မေလ၊ ၂၀၂၆ ခုနှစ်။ ။ ယခုရက်သတ္တပတ်အတွင်း စီဘူးတွင် ကျင်းပနေသော အရှေ့တောင်အာရှနိုင်ငံများ အသင်း (အာဆီယံ) ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသည် မြန်မာနိုင်ငံအတွက် အဆုံးအဖြတ်ပေးမည့် အခိုက်အတန့်တစ်ခုဖြစ်သည်။ လက်ရှိတွင် စစ်ရာဇဝတ်မှုကျူးလွန်သူအဖြစ် စွပ်စွဲခံထားရသော မင်းအောင်လှိုင်နှင့် ၎င်း၏စစ်အုပ်စုသည် အာဆီယံနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်နိုင်ရန် အသည်းအသန် ကြိုးစားနေသည်။
လွန်ခဲ့သော လအနည်းငယ်အတွင်း စစ်အုပ်စုသည် အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို နှစ်သိမ့်ရန် တင်းပြည့်ကျပ်ပြည့်မရှိသော လုပ်ဆောင်ချက်များ လုပ်ပြလာခဲ့သည်။ ဦးစွာ တရားမဝင်ရွေးကောက်ပွဲတစ်ခု ကျင်းပခဲ့သည်။ ထို့နောက် အတုအယောင် ‘သမ္မတ’ မင်းအောင်လှိုင် ဦးဆောင်သော အတုအယောင် လွှတ်တော်တစ်ခုကို ခေါ်ယူကျင်းပခဲ့သည်။ ထို့နောက် မကြာသေးမီက စစ်အုပ်စုသည် ညှင်းပန်းနှိပ်စက်မှု မြောက်နိုင်ခြေများသည့်ပုံစံမျိုးဖြင့် ၎င်းတို့က နှစ်ကာလကြာ တိုက်ပိတ်အဆက်အသွယ်ဖြတ် အကျဉ်းချခဲ့သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ကြောင်း အထောက်အထားမပြပဲ ထုတ်ပြန်ကြေညာခဲ့ပြန်သည်။
သို့သော် တဖက်တွင် စစ်အုပ်စုသည် မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ တိုးမြှင့် လုပ်ဆောင်လာခဲ့သည်။ မတ်လ၊၂၀၂၆ ခုနှစ်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း အရပ်သား သေဆုံးမှုအမြင့်ဆုံး လတစ်လအဖြစ် မှတ်တမ်းသစ်တင်ခဲ့ပြီး စစ်အုပ်စု၏ ရမ်းကားတိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၅၀၀ ကျော်အထိ ရှိခဲ့သည်။
အာဆီယံဘုံသဘောတူညီချက်ငါးရပ်အပေါ် မင်းအောင်လှိုင်၏ ကတိပျက်ကွက်မှုအပါအဝင် စစ်အုပ်စု၏ လုပ်ရပ်များကြောင့် ငါးနှစ်တိုင်တိုင် အရှက်တစ်ကွဲဖြစ်လာခဲ့ရသော အာဆီယံသည် စစ်အုပ်စုက ၎င်း၏ဗီဇကို ပြောင်းလဲမည်မဟုတ်ကြောင်း မဖြစ်မနေ လက်ခံရပါတော့မည်။ စစ်အုပ်စုက ရက်စက်ကြမ်းကြုတ်မှုများ မရပ်မနား ဆက်လက်ကျူးလွန်နေချိန်တွင် အာဆီယံက စစ်အုပ်စု၏ မစို့မပို့ လုပ်ဆောင်ပြသည့်အရာများကို စစ်မှန်သော အလျော့ပေးလိုက်လျောမှုများအဖြစ် အထင်မှား၍မရပါ။
အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံသည် စီဘူးထိပ်သီးအစည်းအဝေးတွင် ခိုင်မာသော သဘောထား ရပ်တည်ချက်တစ်ခုကို အခိုင်အမာစွဲကိုင်ကာ စစ်အုပ်စုက ပြည့်စုံလုံလောက်သော လုပ်ဆောင်ချက်များ ချမှတ်ဆောင်ရွက်လာအောင် တောင်းဆိုရမည်။ ထိုမှတဆင့် အာဆီယံသည် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အောက်ပါအချက်များပါဝင်သော ဆုံးဖြတ်ချက်အသစ်တစ်ခုကို ချမှတ်ရမည်။
နောက်ဆုံးအနေဖြင့် အာဆီယံသည် မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်ရာထူးကို လုပ်ပိုင်ခွင့်သက်တမ်း ပိုများသော အချိန်ပြည့်ရာထူးတစ်ခုအဖြစ် သတ်မှတ်ကာ ခန့်အပ်တာဝန်ပေးခြင်း၊ ပိုမိုအားကောင်းသော အထူးသံတမန်ရုံးတစ်ခုထားကာ ဝန်ထမ်းနှင့်အရင်းအမြစ် တိုးမြှင့်ပံ့ပိုးပေးခြင်း စသည့်နည်းလမ်းများဖြင့် မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်၏ အခန်းကဏ္ဍ ပိုမိုခိုင်မာအားကောင်းလာအောင် ဆောင်ရွက်ရမည်။
မြန်မာစစ်အုပ်စုက စခဲ့သည့်အကျပ်အတည်းများသည် ဒေသတွင်းတည်ငြိမ်မှုကို ပိုမိုခြိမ်းခြောက်လာနေပြီး ပိုမိုကိုင်တွယ်ရခက်ခဲလာနေလျက်ရှိရာ အာဆီယံ၏မပြတ်သားမှုများကြောင့် မည်သည့်ဆုံးရှုံးမှုများ ဖြစ်လာနိုင်ကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ဖိလစ်ပိုင်သည် ရှိနေသောအခွင့်အရေးကို အရယူကာ ကိုင်တွယ်ဆောင်ရွက်မှုများပြုလုပ်ရမည်။
Dato’ Sri Saifuddin Abdullah
Khun Kasit Piromya
Leila M. de Lima
Marzuki Darusman
Yanghee Lee
Chris Sidoti
ထုတ်ပြန်ချက်ကို PDF ဖြင့်ရယူရန် (မြန်မာဘာသာ ၊ English)
19 May 2026