လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ (ND-Burma) မှ​ ထုတ်ပြန်ချက် – “လူ့အခွင့်အရေးအခြေပြု ပြုပြင် ပြောင်းလဲမှု: အာဆီယံ၏ ဘုံသဘောတူချက် ၅-ချက်ကို ငါးနှစ်အကြာတွင် ပြန်လည်သုံးသပ်ခြင်း” အကျဥ်းချုပ်စာတမ်း

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ (ND-Burma) မှ​ ထုတ်ပြန်ချက် – “လူ့အခွင့်အရေးအခြေပြု ပြုပြင် ပြောင်းလဲမှု: အာဆီယံ၏ ဘုံသဘောတူချက် ၅-ချက်ကို ငါးနှစ်အကြာတွင် ပြန်လည်သုံးသပ်ခြင်း” အကျဥ်းချုပ်စာတမ်း

၂၀၂၆ ခုနှစ် ဧပြီလ ၂၄ ရက်

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) မှ လူ့အခွင့်အရေးအခြေပြု ပြုပြင်ပြောင်းလဲမှု: အာဆီယံ၏ ဘုံသဘောတူချက် ၅-ချက်ကို ငါးနှစ်အကြာတွင် ပြန်လည်သုံးသပ် ခြင်း” ဆိုသည့် အကျဉ်းချုပ်စာတမ်းကို ယနေ့ ထုတ်ပြန်လိုက်သည်။ ယင်းစာတမ်းတွင် အာဆီယံ၏ လက်တွေ့ အရေးယူဆောင်ရွက်မှု မရှိသည့်အခြေအနေ အထူးသဖြင့် အားကိုးအားထိုက် ပြုစရာမရှိ သည့်အပြင် အလုပ်မဖြစ်သည့် “ဘုံသဘောတူချက် ၅-ချက်” မအောင်မြင်မှုကို ထောက်ပြထားသည်။

မြန်မာပြည်သူများက ဘုံသဘောတူချက် ၅-ချက် ကို လက်မခံကြောင်းနှင့် ပြုပြင်ပြောင်းလဲရန် အကြိမ် ကြိမ် တောင်းဆိုလာခဲ့ကြသည်။ အာဆီယံအနေဖြင့် စစ်အာဏာရှင်တို့သည် ဘုံသဘောတူချက် ၅ ချက်ကို မည်သည့်အချိန်တွင်မျှ လိုက်နာခြင်းမရှိသည့် ပကတိ အမှန်တရားကို လက်ခံရမည်ဖြစ်သည်။ နိုင်ငံ အတွင်း အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် ဒေသဆိုင်ရာအဖွဲ့အစည်း (ASEAN) အနေဖြင့် အရေးပေါ် အရေးယူဆောင်ရွက်မှုများနှင့် အာရုံစိုက်မှုများဆောင်ရွက်ရန် အလွန်နောက်ကျ နေပြီ ဖြစ်သည်။

ဘုံသဘောတူချက် ၅ ချက်တွင် “အကြမ်းဖက်မှုများ ရပ်တန့်ခြင်း၊ အင်အားစုအားလုံး ပါဝင်သော ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ အထူးကိုယ်စားလှယ်မှတဆင့် ညှိနှိုင်းခြင်းနှင့် လူသားချင်းစာနာ ထောက် ထားမှု အကူအညီများကို ကန့်သတ်ချက်မရှိ ဝင်ရောက်ခွင့်ပေးခြင်းတို့ ပါဝင်သည်။ ဘုံသဘောတူချက် ချမှတ်အပြီး ငါးနှစ်အကြာတွင်လည်း အရပ်ဖက်အဖွဲ့အစည်းများသည် စစ်အာဏာရှင်တို့အား အာဏာ၊

လုပ်ပိုင်ခွင့် သို့မဟုတ် မည်သည့်တရားဝင်မှုမျှ မပေးအပ်ရန်ဆိုသည့် အချက်များအပါအဝင် ပြည်သူ လူထု၏ ပြင်းပြသည့် ဆန္ဒသဘောထားများကို အသိအမှတ်ပြု တုန့်ပြန်၍ ဆက်လက် တောင်းဆိုနေကြ သည်။ စစ်အာဏာရှင်တို့၏ မရပ်မနား ဆက်လက် အကြမ်းဖက်မှုများနှင့် ဒီမိုကရေစီအင်အားစုများ အပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများကြောင့် ထိခိုက်လွယ်သူများအတွက် အကာအကွယ်ပေးနိုင် မှုကို လျော့ကျပျက်စီးစေပါသည်။ ထို့အပြင် လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကို ရပ်တန့်ရန် တောင်း ဆိုမှုများကို လိုက်နာရန် ငြင်းဆန်နေခြင်းကိုလည်း ပြသနေပါသည်။

စစ်အာဏာရှင်တို့သည် ၎င်းတို့၏ ကျူးလွန်မှုများအတွက် တာဝန်ယူ၊ တာဝန်ခံမှုမှ ဆက်လက် လွတ်ကင်း နေဆဲဖြစ်သည်။ နိုင်ငံတကာ၏ တုန့်ပြန်မှု မလုံလောက်ခြင်းက စစ်အာဏာရှင်တို့ ပြည်သူ များအပေါ် ဆက်လက် လူ့အခွင့်အရေးများ ချိုးဖောက်ရန် လှုံ့ဆော်ပေးခြင်းနှင့် ပြစ်ဒဏ် ကင်းလွတ်ခွင့် (impunity) သံသရာကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် အာဆီယံမှ နည်းလမ်းအသစ်တစ်ရပ်ကို အရေး ပေါ် ချမှတ် ဆောင်ရွက်ရန် လိုအပ်နေသည်။

ယခုထုတ်ပြန်သည့် အကျဉ်းချုပ်စာတမ်းတွင် ND-Burma အဖွဲ့ဝင်များက အာဆီယံအနေဖြင့် အကြမ်းဖက် စစ်အာဏာရှင်တို့နှင့် ဆက်နွယ်မှုအားလုံးကို ဖြတ်တောက်ရန်နှင့် အာဏာရှင်တို့ ဆက် လက် ချိုးဖောက်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူသားချင်းစာနာထောက်ထားမှု အကူ အညီများကို လက်နက်သဖွယ် အသုံးချနေမှုကြောင့် ထိခိုက်ခံစားနေသူအားလုံးကို ကာကွယ်ကူညီ ထောက်ပံ့ရန် အရပ်ဖက်အဖွဲ့အစည်းများ၏ ဆက်လက် တောင်းဆိုချက်များကို အလေးထား ဖော်ပြ ထားသည်။ ထို့အပြင် စာတမ်းတွင် အာဆီယံအနေဖြင့် စစ်အာဏာရှင်တို့ ကျူးလွန်နေသည့် စစ်ရာ ဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သည့် ပြစ်မှုများအတွက် ၎င်းတို့အား တာဝန်ခံစေ၍ တရားမျှ တမှု ဆောင်ကြဥ်းပေးရန်နှင့် နိုင်ငံတကာဥပဒေအောက်တွင် တရားမျှတမှုနှင့် တာဝန်ယူ၊ တာဝန်ခံမှုကို ဦးစားပေးဆောင် ရွက်ရန် တောင်းဆိုထားသည်။

ရှေ့ဆက်ဆောင်ရွက်ရာတွင် အာဆီယံအနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စစ်အာဏာ ရှင်တို့မှ ပြည်သူလူထုအပေါ် ဆက်လက် ကျူးလွန်နေသော တိုက်ခိုက်မှုများ ရပ်တန့်စေရန် ဖိအားပိုမိုပေးရမည် ဖြစ်သည်။ တချိန်တည်းတွင်ပင် ထိခိုက်လွယ်သူများကို ထောက်ပံ့ကူညီနေသော ဒေသခံ အရပ်ဖက်အဖွဲ့အစည်းများမှတဆင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ရောက်ရှိ နိုင်မှုကို လည်း ချဲ့ထွင်ရမည် ဖြစ်သည်။

ဘုံသဘောတူချက် ၅ ချက်ကို မဖြစ်မနေ ပြုပြင်ပြောင်းလဲရမည်ဖြစ်ပြီး စစ်အာဏာရှင်တို့အား တာဝန်ခံစေမည့် ကိရိယာတခုအနေဖြင့်သာ မဟုတ်ဘဲ ပြည်သူလူထုကို ကာကွယ်ရန်၊ နိုင်ငံရေး အကျဉ်း သားများ လွှတ်ပေးရန်နှင့် အသက်ရှင် ရပ်တည်ရေးအတွက် အရေးကြီးသော လူသားချင်း စာနာထောက် ထားမှု အကူအညီများကို နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတဆင့် ကန့်သတ်ချက်မရှိ ဒေသအား လုံးသို့ ရောက်ရှိနိုင်စေမည့် လက်တွေ့ကျသော လှုပ်ရှားမှုများနှင့်ပါ ထိရောက်စွာဆောင်ရွက်ရန် လိုအပ် သည်။

အာဆီယံအနေဖြင့် တည်ငြိမ်ရေးနှင့် ပတ်သက်၍ ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများကို ထုတ် ဖော်နေသည်။ ပြည်သူများကို လေကြောင်းမှ တိုက်ခိုက်နေပြီး ဝေဖန်သူများကို ဖမ်းဆီးထောင်ချနေ သော စစ်အာဏာရှင်တို့၏ လက်အောက်တွင် တည်ငြိမ်မှုကို ရရှိနိုင်မည်မဟုတ်ပါ။ အမှန်တကယ် တည်ငြိမ်ရေး ရရှိရန်မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ထောက်ပံ့ကူညီခြင်း၊ ၎င်းတို့၏ လိုအပ်ချက်များ ကို နားထောင်ခြင်းနှင့် စစ်မှန်သည့် နိုင်ငံရေးအရ ပါဝင်မှုကို ခွင့်ပြု၍ ပြည်သူလူထုကို ကာကွယ်ပေးနိုင် သည့် အခြေအနေများကို ချမှတ်ဆောင်ရွက်နိုင်မှသာ ရရှိမည်ဖြစ်သည်။

ဆက်သွယ်ရန်

အမည် – နိုင်အဲမွန်
Signal – +66 86 1679 741

အမည် – ဆန်ထွယ်
Signal – +66 657549336


မူရင်း original post.

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia