1 April 2026

၂၀၂၆ ခုနှစ်၊ ဧပြီလ (၁) ရက်
အေအေပီပီက ကောက်ယူစုဆောင်းထားသည့် အချက်အလက်များအရ စစ်အုပ်စု၏ နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူများအနက် လက်ရှိအချိန်အထိ ထိန်းသိမ်းခံနေရဆဲစာရင်းမှာ စုစုပေါင်း (၂၂,၂၇၅) ဦးဝန်းကျင် ရှိကြောင်း ကနဦးအဆင့်အဖြစ် အချက်အလက်ရရှိထားသည်။ အဆိုပါစာရင်းထဲတွင် ပါဝင်သည့် နိုင်ငံရေး အကျဉ်းသားများမှာ စစ်အုပ်စု၏ စစ်ကြောရေးစခန်းများ၊ ရဲစခန်းများနှင့် အကျဉ်းထောင်များကဲ့သို့သော တရားဝင်ထိန်းသိမ်းရေး စခန်းများတွင် ဆက်လက်ထိန်းသိမ်းခံနေရခြင်းရှိ၊မရှိကို အတည်ပြုနိုင်ရန် အေအေပီပီအနေဖြင့် စိစစ်လျက်ရှိ သည်။
လက်ရှိအခြေအနေ၌ အဆိုပါစာရင်းမှ ခန့်မှန်းအားဖြင့် (၁၄,၃၀၀) ဝန်းကျင်မှာ ထိန်းသိမ်းခံနေရဆဲဖြစ်သည် ဟု အတည်ပြုနိုင်ပြီးဖြစ်သည်။ သို့ရာတွင် ကိုယ်ရေးကိုယ်တာအချက်အလက်များ တိုက်ဆိုင်စစ်ဆေးရန် ကျန်ရှိနေသူများအပါအဝင်၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) နှင့် လက်နက်ဥပဒေများအရ တရားစွဲဆိုခံထားရသူများနှင့် အမိန့်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်း သား (၇,၈၈၃) ဦးကို “ထိန်းသိမ်းခံနေရခြင်း ရှိ/မရှိ အတည်ပြုရန်လိုအပ်ဆဲစာရင်း” အဖြစ် လတ်တလော သတ်မှတ်ထားသည်။
အေအေပီပီအနေဖြင့် အဆိုပါ “အတည်ပြုရန်လိုအပ်ဆဲစာရင်း” ကို ဆက်လက်စိစစ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း အတည်ပြုနိုင်ပါက သက်ဆိုင်ရာ အတည်ပြုစာရင်းတွင် ပြောင်းရွှေ့ထည့်သွင်းခြင်း၊ လွတ်မြောက်သွားကြောင်း အတည်ပြုနိုင်ပါက လွတ်မြောက်စာရင်းတွင် ထည့်သွင်းမှတ်တမ်းတင်ခြင်းကဲ့သို့ ၎င်းတို့၏ နောက်ဆုံးအခြေအနေအလိုက် အေအေပီပီ၏ အချက်အလက်သိမ်းဆည်းသည့် ဒေတာဘေ့စ်တွင် ပြင်ဆင်မွမ်းမံသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
PDF ဖိုင်ရယူရန် (မြန်မာဘာသာ ၊ English)

15 July 2026

15 July 2026