ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲအပေါ် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာပြည်သူများ၏ အမြင်၊ သဘောထား၊ နားလည်မှု၊ စိုးရိမ်ချက်နှင့် မျှော်လင့်ချက်များကို လေ့လာပြုစုထားသည့် “မြန်မာကိုလေးစား” သုတေသနစစ်တမ်းမိတ်ဆက်ပွဲကို ယမန်နေ့ ဒီဇင်ဘာ ၁၆၊ ၁၇ ရက်နေ့တို့မှာ အွန်လိုင်းနှင့် လူတွေ့ ဆိုပြီး ပြုလုပ်ခဲ့ကာ လူတွေ့ကိုတော့ ထိုင်းနိုင်ငံ၊ မဲဆောက်အခြေစိုက် သတင်းမီဒီယာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် တော် လှန်ရေးအင်အားစုများအား ဖိတ်ကြားကာ မဲဆောက်မြို့၌ တွေ့ဆုံရှင်းလင်းတင်ပြမှု ပြုလုပ်ခဲ့ပါတယ်။
တွေ့ဆုံ ရှင်းလင်းတင်ပြမှုကတဆင့် BACS ရဲ့ ဒါရိုက်တာ ဖြစ်သူ ခရစ္စတင်းကတော့ “မြန်မာကိုလေးစား – သုတေသနစစ်တမ်းဟာ စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲကို မြန်မာ လူထုစိတ်ဝင်စားမှု အနိမ့်ဆုံးကို ရောက်ရှိနေတာကို ပြသနေပြီး ရွေးကောက်ပွဲဟာ အတုအယောင် ဆိုတာကို ပိုပြီး ရှင်းလင်းခိုင်မာတဲ့ သက်သေ အထောက်အထားဖြင့် ဖော်ပြနေတာ ဖြစ်တယ်” လို့ ပြောပါတယ်။