9 December 2025


ဤအစီရင်ခံစာသည် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ကော်သူးလေ (Kawthoolei) ဒေသတွင် ဖြစ်ပွားနေသော ပဋိပက္ခနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပြောင်းလဲမှုများကို ဆက်လက်ဆန်းစစ်လေ့လာမှု၏ အစိတ်အပိုင်းဖြစ်ပြီး ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (Karen Peace Support Network – KPSN) မှ ထုတ်ပြန်သည်။
စစ်အုပ်စု၏ နယ်မြေဆုံးရှုံးမှု သို့မဟုတ် ပြန်လည်ရရှိမှုများအပေါ် နိုင်ငံတကာ၏ အာရုံစိုက်မှုများရှိနေသော်လည်း၊ မြန်မာနိုင်ငံရှိ ဒေသများ စစ်အုပ်စု၏ သိမ်းပိုက်မှုမှ လွတ်မြောက်ပြီးနောက် မည်သည်တို့ ဆက်ဖြစ်နေသည်ကိုမူ နိုင်ငံတကာမှ အာရုံစိုက်မှု နည်းပါးနေပါသည်။
ကော်သူးလေတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) သည် ၎င်းထိန်းချုပ်ရာ ဒေသရှိပြည်သူများကို ကိုယ်စားပြုပြီး လူမျိုး၊ ဘာသာမခွဲခြားဘဲ ဒေသခံလူထုများအတွက် အုပ်ချုပ်ရေးနှင့် ဝန်ဆောင်မှုပေးရေး တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
အစီရင်ခံစာ အပြည့်အစုံကို ဆက်လက်ဖတ်ရှုရန် အောက်ပါလင့်တွင် Download ရယူပါ။
19 May 2026