[မီဒီယာဖိတ်ကြားလွှာ] အတုအယောင်ရွေးကောက်ပွဲ ခြေရာခံလုပ်ငန်း စတင်ခြင်း – စစ်အုပ်စု၏ တရားမ၀င် ရွေးကောက်ပွဲနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား စောင့်ကြည့်အကဲဖြတ်ခြင်း

[မီဒီယာဖိတ်ကြားလွှာ] အတုအယောင်ရွေးကောက်ပွဲ ခြေရာခံလုပ်ငန်း စတင်ခြင်း – စစ်အုပ်စု၏ တရားမ၀င် ရွေးကောက်ပွဲနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား စောင့်ကြည့်အကဲဖြတ်ခြင်း

ရက်စွဲ – ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက် (ဗုဒ္ဓဟူးနေ့)

အချိန် –  နံနက် ၁၁ နာရီ – နေ့လယ် ၁၂ နာရီ (ထိုင်းစံတော်ချိန်)၊ နံနက် ၁၀:၃၀ နာရီ – ၁၁:၃၀ နာရီ ( မြန်မာစံတော်ချိန်)

ကျင်းပမည့်နေရာ/ပုံစံ – FCCT Clubhouse ( လူတွေ့နှင့် အွန်လိုင်း)

 

အွန်လိုင်းမှ တဆင့်တက်ရောက်လိုသူများအနေဖြင့် ကြိုတင်စာရင်ပေးသွင်းရန်  https://shorturl.at/fVE6f

အွန်လိုင်းမှ တက်ရောက်လာသူများအတွက် အင်္ဂလိပ်နှင့် မြန်မာ ဘာသာပြန်ဆိုမှု ရှိပါမည်။

ဤအစီအစဉ်အား FCCT Facebook page မှလည်း တိုက်ရိုက်ထုတ်လွှင့်ပါမည် – https://www.facebook.com/FCCThailand

 

၂၀၂၁ ခုနှစ် တရားမဝင် စစ်အာဏာသိမ်းရန် ကြိုးပမ်းပြီးနောက် မြန်မာနိုင်ငံ ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများနှင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ဆက်တိုက်ကျူးလွန်နေချိန်တွင် မြန်မာစစ်အုပ်စုသည် ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲ ပထမအဆင့်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားပြီး၊ ဒုတိယနှင့် တတိယအဆင့်ကိုမူ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ဆက်လက်ကျင်းပသွားရန် စီစဉ်ထားသည်။

စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို စောင့်ကြည့်မှတ်တမ်းတင်ပြီး ၎င်း၏ ဆက်စပ်လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်သည့် ယုံကြည်စိတ်ချရသော သက်သေအထောက်အထားများအခြေခံသည့် ပလက်ဖောင်းတခုကို ချဉ်းကပ်အသုံးပြုခွင့်ရရန် အစိုးရများ၊ လွှတ်တော်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် မီဒီယာများ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အဓိက အကျိုးတူပါဝင်သူများအတွက် လိုအပ်သည်မှာ ထင်ရှားနေသည်။

ဤလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် စည်းရုံးလှုံ့ဆော်ရေး လုပ်ငန်းဆောင်တာများ အပါအဝင် အချိန်နှင့်တပြေးညီ အစီရင်ခံခြင်းနှင့် အချက်အလက်များကို ရုပ်လုံးပေါ်စေခြင်း စသည်တို့ကို ပေါင်းစပ်ထားသည့် ပွင့်လင်းမြင်သာပြီး အသုံးပြုရလွယ်ကူသော ပလက်ဖောင်းတခု ဖန်တီးရန်အတွက် စိတ်တူကိုယ်တူ မြန်မာလူငယ် တက်ကြွလှုပ်ရှားသူများသည် မြန်မာအရပ်ဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ “အတုအယောင်ရွေးကောက်ပွဲ ခြေရာခံလုပ်ငန်းအဖွဲ့ – Sham Election Tracker Working Group (SET WG)” ကို ဖွဲ့စည်းခဲ့သည်။

SET WG သည် ၎င်း၏ အတုအယောင်ရွေးကောက်ပွဲ ခြေရာခံပလက်ဖောင်းတခုကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များကလပ် (FCCT) ၌ ဒီဇင်ဘာလ ၁၀ ရက်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် စတင်မိတ်ဆက်ပေးမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) နှင့် လွတ်လပ်သော ရွေးကောက်ပွဲများအတွက် အာရှကွန်ရက် (ANFREL) မှ ကိုယ်စားလှယ်များသည်လည်း စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ၎င်းတို့၏ မကြာသေးမီက အစီရင်ခံစာများမှ တွေ့ရှိချက်များနှင့် အကြံပြုချက်များကို ဤမိတ်ဆက်ပွဲတွင် ပါဝင်ဆွေးနွေးသွားမည် ဖြစ်ပါသည်။

ပါဝင်ဆွေးနွေးမည့်သူများ

  • ခင်ဥမ္မာ၊ အတုအယောင်ရွေးကောက်ပွဲ ခြေရာခံလုပ်ငန်းအဖွဲ့ (SET WG)
  • ပိုင်၊ အတုအယောင်ရွေးကောက်ပွဲ ခြေရာခံလုပ်ငန်းအဖွဲ့ (SET WG)
  • ရန်ဟီးလီ၊ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးကိုယ်စားလှယ်ဟောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)
  • Amael Vier၊ မြန်မာနိုင်ငံဆိုင်ရာ ရွေးကောက်ပွဲလေ့လာသုံးသပ်သူ၊ လွတ်လပ်သောရွေးကောက်ပွဲများအတွက် အာရှကွန်ရက် (ANFREL)

တင်ဆက်ဆွေးနွေးသူ – Phil Robertson ၊ ဒါရိုက်တာ ၊ Asia Human Rights & Labour Advocates (AHRLA) နှင့် FCCT ၏ ဘုတ်အဖွဲ့ဝင်


မီဒီယာဖိတ်ကြားလွှာအား ဒေါင်းလုတ်ရယူရန် English | Myanmar

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia