မီဒီယာဖိတ်ကြားလွှာ – မြန်မာအရပ်ဘက်လူထုအသိုင်းအဝိုင်းများ လုပ်ဆောင်နေသည့် ဒေသခံပြည်သူများ၏ကြံ့ခိုင်မှု ပိုမိုခိုင်မာအားကောင်းစေရေးနှင့်ပတ်သက်သော အစီရင်ခံစာမိတ်ဆက်ပွဲ

မီဒီယာဖိတ်ကြားလွှာ – မြန်မာအရပ်ဘက်လူထုအသိုင်းအဝိုင်းများ လုပ်ဆောင်နေသည့် ဒေသခံပြည်သူများ၏ကြံ့ခိုင်မှု ပိုမိုခိုင်မာအားကောင်းစေရေးနှင့်ပတ်သက်သော အစီရင်ခံစာမိတ်ဆက်ပွဲ

နေ့ရက်။          ။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် (အင်္ဂါနေ့)
အချိန်။             ။ ညနေ ၃း၀၀ – ၄း၀၀ နာရီ (ထိုင်းစံတော်ချိန်)
ဘာသာစကား။ ။ မြန်မာ – အင်္ဂလိပ် (တိုက်ရိုက်ဘာသာပြန်)
စာရင်းပေးသွင်းရန်။    ။ https://bit.ly/3HR90Xq

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် “မိမိတို့ မျှဝေထမ်းရွက်သောတာဝန် ဖက်ဒရယ်ဒီမိုကရေစီမြန်မာနိုင်ငံအတွက် ဒေသခံပြည်သူများ၏ကြံ့ခိုင်မှု ပိုမိုခိုင်မာအားကောင်းစေရေး အရပ်ဘက်လူထုအဖွဲ့များ၏ ဆောင်ရွက်မှုများ ဟု အမည်ပေးထားသော အစီရင်ခံစာကို မိမိတို့ အရပ်ဘက်လူထုအဖွဲ့အစည်း (၁၈) ဖွဲ့က ပူးတွဲထုတ်ပြန်မည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲ တစ်ခုကို ကျင်းပသွားမည်ဖြစ်သည်။

ဤအစီရင်ခံစာတွင် မြန်မာအရပ်ဘက်လူထုအစုအဖွဲ့များက ဒေသခံပြည်သူများ၏ ကြံ့ခိုင်မှု ပိုမိုခိုင်မာအားကောင်းစေရေး ဆောင်ရွက်နေသည့် စုံလင်ကွဲပြားသော စီစဥ်ဆောင်ရွက်မှု လုပ်ငန်းစဉ်များမှတစ်ဆင့် လက်ရှိဖြစ်ပွားနေသည့် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများမှသည် မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်ဆီသို့ မည်ကဲ့သို့ချိတ်ဆက်ဆောင်ရွက်ပေးနေပုံကို လေ့လာတင်ပြထားပါသည်။ အစီရင်ခံစာထဲတွင် စစ်အုပ်စု၏ တိုက်ခိုက်မှုဒဏ် ခံနေရသည့်ဒေသများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ လက်လှမ်းမီမှု မရှိသောဒေသများတွင် အရပ်ဘက်လူထုအစုအဖွဲ့များသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးပို့ခြင်း၊ မိမိကိုယ် မိမိ မှီခိုအားကိုးမှုနှင့် လူမှုရေးအရ ပေါင်းစည်းညီညွတ်မှုကို အားကောင်းစေသည့် ရေရှည်တည်တံ့သော စီစဥ်ဆောင်ရွက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်း၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် ခြင်းနှင့် အားလုံးပါဝင်သည့် အောက်ခြေမှအထက်သို့ဦးတည်သော ဖက်ဒရယ်စနစ်ကို အားပေးမြှင့်တင်ခြင်းတို့ကို မည်ကဲ့သို့ လုပ်ကိုင်ဆောင်ရွက်နေကြသည်ကို အလေးပေး ဖော်ပြထားသည်။

ဤအွန်လိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့်သူများက မြန်မာအရပ်ဘက်လူထု အစုအဖွဲ့များ၏ လူ့အသက်များကယ်တင်ရေး ဆန်းသစ်သောချဉ်းကပ်မှုများ၊ ဒေသခံပြည်သူများ ဦးဆောင်သည့် ရေရှည်တည်တံ့သော ဖြေရှင်းမှုများကို အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် ဒေသတွင်း ဒီမိုကရေစီနည်းကျအုပ်ချုပ်ရေးကို ပံ့ပိုးကူညီခြင်းအပါအဝင် အစီရင်ခံစာ၏ တွေ့ရှိချက်များကို ဆွေးနွေးတင်ပြသွားမည် ဖြစ်သည်။ ထို့အပြင် ပါဝင်ဆွေးနွေးမည့်သူများသည် အရပ်ဘက်လူထုအစုအဖွဲ့များအနေဖြင့် ၎င်းတို့၏ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် မြန်မာနိုင်ငံအတွင်းရှိ အထိခိုက်အလွယ်ဆုံးသော ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာတွင် ရင်ဆိုင်ကြုံတွေ့ရသည့် စိန်ခေါ်မှုများကိုလည်း ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်သည်။

ပါဝင်ဆွေးနွေးမည့်သူများ

  • နော်ချယ်ရီ၊ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်
  • နော်ဖိုးဒါး၊ မြန်မာ့အမျိုးသမီးသမဂ္ဂ
  • Rose၊ ရှေ့ပြေးအသံအဖွဲ့

တင်ဆက်ဆွေးနွေးသူ – ဒေါ်ခင်ဥမ္မာ၊ ရှေ့ပြေးအသံအဖွဲ့၏ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌ

သတင်းမီဒီယာများမှ အင်တာဗျူးလိုပါက – ဆွေးနွေးပွဲ မတိုင်မီနှင့် ဆွေးနွေးပွဲအပြီးတွင် ပါဝင်ဆွေးနွေးသူ များကို မြန်မာနှင့် အင်္ဂလိပ် နှစ်ဘာသာစလုံးဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အချက်အလက်များ ပိုမိုသိရှိလိုပါက နှင့်/သို့မဟုတ် ထုတ်ဝေမည့် အစီရင်ခံစာ၏ အနှစ်ချုပ်ကို ကြိုတင်ရယူလိုပါက info@progressive-voice.org သို့ဆက်သွယ်၍ ရယူနိုင်ပါသည်။

ဤအစီရင်ခံစာကို အမည်မဖော်လိုသော အရပ်ဘက်လူထုအဖွဲ့အစည်းနှစ်ဖွဲ့အပါအဝင် အောက်တွင် ဖော်ပြထားသော အရပ်ဘက်လူထုအဖွဲ့အစည်း စုစုပေါင်း (၁၈) ဖွဲ့က ပူးတွဲရေးသားထားပါသည်။
၁။ ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံ
၂။ ကယန်းလူမှုကယ်ဆယ်ရေးကော်မတီ
၃။ ကယန်းအမျိုးသမီးအစည်းအရုံး
၄။ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်
၅။ ကရင်နီအမျိုးသမီးအစည်းအရုံး
၆။ ကရင်အမျိုးသမီးအစည်းအရုံး
၇။ တွဲလက်များ
၈။ မျိုးဆက်လှိုင်း
၉။ မြန်မာ့အမျိုးသမီးသမဂ္ဂ
၁၀။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း
၁၁။ ရှေ့ပြေးအသံအဖွဲ့
၁၂။ LGBT Alliance Myanmar
၁၃။ The Ladies
၁၄။ Young Wings
၁၅။ Youth for Myanmar


See in English version.

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia