26 August 2025

သို့
Director-General Lin Horng-En
National Immigration Agency, Ministry of Interior
Address: No. 15, Guangzhou Street, Zhongzheng District, Taipei City, Taiwan
Minister Lin Chia-lung
Ministry of Foreign Affairs
Address: No. 2, Ketagalan Boulevard, Zhongzheng District, Taipei City, Taiwan
၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့
မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရမည့် မြန်မာပြည်သူများ၏အရေးကိစ္စနှင့်ပတ်သက်၍ အောက်တွင် လက်မှတ်ရေးထိုးထားသော မိမိတို့ အရပ်ဘက်လူထုအဖွဲ့အစည်းများက အလွန်ပင်စိုးရိမ်ပူပန်ကြောင်း အသိပေးတင်ပြ အပ်ပါသည်။ ထိုသို့ ပြန်လည်ပို့ဆောင်ခြင်း ခံရသူများသည် တရားလက်လွတ်သတ်ဖြတ်ခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်းနှင့် အခြားသော ရက်စက်သည့်၊ လူမဆန်သည့် သို့မဟုတ် လူဂုဏ်သိက္ခာ ညှိုးနွမ်းစေသည့် ပြုမူဆက်ဆံမှုများကို ကြုံတွေ့ရနိုင်သည်။
မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသူများအတွက် နိုင်ငံတကာမှ အကာအကွယ်ပေးရန်လိုအပ်ချက် နှင့်စပ်လျဉ်း၍ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးက ထုတ်ဖော်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ လမ်းညွှန်မှတ်စုထဲတွင် အတင်းအဓမ္မ ပြန်လည်ပို့ဆောင်ခြင်း မပြုရေး (non-refoulement) ကို အနိမ့်ဆုံးအဆင့် ဆောင်ရွက်ရမည့်တာဝန်အဖြစ် လမ်းညွှန်ချက်ပေးထားသည့်ဖြစ်ရာ ထိုလမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်ရန် မိမိတို့မှ ထပ်လောင်းပြောကြားလိုက်သည်။ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်နိုင်သူများသည် လုံခြုံစွာဖြင့် ဂုဏ်သိက္ခာရှိစွာ ပြန်လည်ဝင်ရောက်နိုင်သည့် အခြေအနေတစ်ခု ဖြစ်ပေါ်လာပြီး မြန်မာနိုင်ငံ၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများ ခိုင်မာကောင်းမွန်ပြီး ရေရှည်တည်တံ့သော တိုးတက်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည့်အချိန်အထိ ထိုအကာအကွယ်ပေးမှုကို ဆက်လက်ထားရှိရန် လိုအပ်သည်။
မြန်မာစစ်အုပ်စုသည် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်အရေးပေါ် အခြေအနေကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သည့်တစ်ချိန်တည်းတွင် တော်လှန်ရေး အင်အားစုများ ထိန်းချုပ်ထားသည့် မြို့နယ် ၆၃ ခုကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့သောကြောင့် ထိုမြို့နယ်များသည် အရေးပေါ်အခြေအနေ ဖျက်သိမ်းမှုတွင် အကြုံးမဝင်သော နယ်မြေများ ဖြစ်သွားခဲ့သည်။ စစ်အုပ်စုသည် လွန်ခဲ့သော လေးနှစ်တာ ကာလအတွင်း အရပ်သားပြည်သူများနှင့် ပြည်သူပိုင် အဆောက်အုံများကို ပစ်မှတ်ထားလုပ်ဆောင်သည့် လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၅,၀၀၀ ကျော် ပြုလုပ်ခဲ့သည်။ အရေးပေါ်အခြေအနေ ဖျက်သိမ်းကြောင်း ကြေညာပြီးသည့်တိုင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကရင်နီ (ကယား) ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သော ရာဇဝတ်မှုမြောက်သည့် ကြီးမားလှသော ရက်စက်ကြမ်းကြုတ်မှုများကို ပြစ်ဒဏ်ပေးအရေးယူခံရခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။ စစ်အုပ်စုက ကျူးလွန်လာနေခဲ့သည့် အကြမ်းဖက်မှုများကြောင့် နိုင်ငံတစ်ဝှမ်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ ၃.၆ သန်းကျော်အထိ ရှိလာခဲ့ပြီးဖြစ်ကြောင်း တွေ့ရှိရသည်။
ဤအိတ်ဖွင့်ပေးစာ ရေးသားနေချိန်တွင် တရားလက်လွတ် ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသား ဦးရေ ၂၂,၀၀၀ ကျော်အထိ ဆက်ရှိနေသည်။ စစ်အုပ်စုသည် ဖမ်းဆီးထိန်းသိမ်းထားသူများကိုလည်း စနစ်တကျ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ အတင်းအဓမ္မ အလုပ်ခိုင်းစေခြင်း၊ အစာအငတ်ထားခြင်း၊ ဆေးဝါးကုသခွင့်ပိတ်ပင်ခြင်းများ ပြုလုပ်လာခဲ့ခြင်းကြောင့် သေဆုံးသူ အများအပြားရှိခဲ့ပြီး ဤအခြေအနေကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (Human Rights Council) က တည်ထောင်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (Independent Investigative Mechanism for Myanmar) ကလည်း ထုတ်ဖော်တင်ပြထားပြီး ဖြစ်သည်။
လက်နက်ကိုင်တပ်ဖွဲ့များသည် ကလေးသူငယ်များကို ၎င်းတို့၏မိဘများကိုယ်စား အစားထိုးခြင်းအပါအဝင် အရပ်သားပြည်သူများကို ပြန်ပေးဆွဲကာ ရှေ့တန်းစစ်မြေပြင်တွင် လူသားဒိုင်းအဖြစ် အသုံးပြုခြင်းကို စနစ်တကျ ကျူးလွန်လာခဲ့ပြီး ယနေ့အချိန်အထိ ထိုသို့သော ကျူးလွန်မှုများ အဆုံးသတ်သွားမည့် အရိပ်အယောင် မတွေ့ရသေးပေ။ စစ်အုပ်စုသည် ဖေဖော်ဝါရီလ ၂၀၂၄ ခုနှစ် မှစ၍ လူငယ် ၇၀,၀၀၀ ကျော်ကို တပ်သားသစ်အဖြစ် အဓမ္မစုဆောင်းခဲ့ပြီး ထိုသို့ စုဆောင်းခံရသူများထဲတွင် အသက် ၁၂ အရွယ်သာရှိသော ကလေးသူငယ်များလည်း ပါဝင်ခဲ့သည်။ စစ်ရေးအရ ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသော စစ်အုပ်စုသည် မြန်မာနိုင်ငံသို့ အတင်းအဓမ္မ ပြန်လည်ပို့ဆောင်ခံ ရသူများထဲမှ ရာပေါင်းများစွာသော လူငယ်များကိုလည်း တပ်သားသစ်များအဖြစ် အတင်းအဓမ္မစုဆောင်းကာ ရှေ့တန်းစစ်မြေပြင်တွင် လေ့ကျင့်မှုမရှိသည့် စတေးခံ တပ်သားများအဖြစ် အသုံးပြုလာခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရသူများသည် ညှဉ်းပန်းနှိပ်စက်မှုနှင့် အသက်ဆုံးရှုံးမှု ကြုံတွေ့နိုင်သကဲ့သို့ စစ်အုပ်စု၏ စစ်ရေးကြိုးပမ်းမှုများကိုလည်း အားဖြည့်ပေးသကဲ့သို့ ဖြစ်စေမည်ဖြစ်ကာ ပဋိပက္ခကို သက်ဆိုးရှည်စေကာ စစ်ရာဇဝတ်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုများ ဖြစ်ပေါ်နိုင်ခြေ ပိုမိုမြင့်တက်လာစေသည်။
လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ လက်ရှိ အာဆီယံဥက္ကဋ္ဌ၊ ဂျပန် နိုင်ငံခြားရေးဝန်ကြီးနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အပါအဝင် အစုအဖွဲ့အမျိုးမျိုးမှပါဝင်သက်ဆိုင်သူများသည် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲ ကျင်းပမည့်အစီအစဉ်နှင့် အရေးပေါ်ကာလအုပ်ချုပ်ရေး ဖျက်သိမ်းမှုကို ယုံကြည်မှုမရှိကြောင်း ထုတ်ဖော်ပြသခဲ့ပြီဖြစ်ပြီး ယင်းအစီအစဉ်များသည် စစ်အုပ်စုက တရားမဝင် ရယူထားသော အာဏာကို တရားဝင်သဖွယ် အသက်သွင်းရန် ကြိုးပမ်းသည့် လုပ်ရပ်များသာဖြစ်သည်ဟု ၎င်းတို့က ရှုမြင်ထားကြသည်။ စစ်အုပ်စုသည် ပြည်သူများကို စုပေါင်းဒဏ်ခတ်ပြစ်ဒဏ်ပေးသည့်အနေဖြင့် ဆုံးရှုံးမှုကြီးမားလှသော ငလျင်ကပ်ဘေးကာလအတွင်း၌ပင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်း၊ ငလျင်ဒဏ်သင့် ဒေသများသို့ ပေးပို့မည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့ပြီး ယင်းက ပြည်သူများ၏ အသက်အိုးအိမ်ကိုလည်းကောင်း၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများကိုလည်းကောင်း ပြောင်ပြောင်တင်းတင်း တိုက်ခိုက်သည့် လုပ်ရပ်များ ဖြစ်သည်။
ဤသို့သော အခြေအနေတွင် မြန်မာပြည်သူများကြုံတွေ့ရနိုင်သည့် အန္တရာယ်များကို အလေးမထားဘဲ ပြည်တွင်းသို့ အတင်းအဓမ္မပြန်လည်ပို့ဆောင်ရန် ဆောင်ရွက်သည့် မည်သည့်အစိုးရ၏ လုပ်ရပ်မဆိုသည် နိုင်ငံတကာဥပဒေ ချိုးဖောက်မှု မြောက်နိုင်သည်။ ထို့ကြောင့် ထိုင်ဝမ်အစိုးရ၊ အထူးသဖြင့် ထိုင်ဝမ် အမျိုးသားလူဝင်မှုကြီးကြပ်ရေးအေဂျင်စီ နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ညှဉ်းပန်းနှိပ်စက်မှုများမှ ထွက်ပြေးတိမ်းရှောင်လာသူများကို အကာအကွယ်ပေးရန် မိမိတို့မှ အလေးအနက်ထား တိုက်တွန်းတောင်းဆိုသည်။ ထိုင်ဝမ်သည် တရားလက်လွတ် သတ်ဖြတ်ခြင်း သို့မဟုတ် ညှင်းပန်းနှိပ်စက်ခြင်း ကြုံရနိုင်သည့် အန္တရာယ်အတွင်းသို့ ပြန်လည်ပို့ဆောင်ခြင်းကို ရှောင်ကြဉ်ရန် တရားဥပေဒအရ တာဝန်ရှိသည်ကို မိမိတို့မှ ထပ်မံပြောကြားလိုသည်။ ဤသို့သော အကာအကွယ် ရပိုင်ခွင့်သည် ကန့်သတ်၍မရသည့် ချွင်းချက်မဲ့ (non-derogable) အခွင့်အရေး တစ်ခုဖြစ်ကြောင်း နိုင်ငံတကာဥပဒေများတွင်လည်း အခိုင်အမာ ပြဋ္ဌာန်းထားသည်။
ထို့ကြောင့် အတင်းအဓမ္မ ပြန်လည်ပို့ဆောင်ခံရပါက မြန်မာပြည်သူများ ကြုံရနိုင်သည့် အန္တရာယ်များကို ထည့်သွင်းစဉ်းစားကာ မိမိတို့မှ အောက်ပါအချက်များကို တောင်းဆိုလိုက်သည်။
လေးစားစွာဖြင့်
Taiwan Association for Human Rights (Taiwan)
Progressive Voice(Myanmar)
ALTSEAN-Burma(Myanmar / Thailand)
လက်မှတ်ရေးထိုးထားသောအဖွဲ့အစည်းများ
အိတ်ဖွင့်ပေးစာကို PDF ဖြင့်ရယူရန် – မြန်မာဘာသာ ၊ English
19 May 2026

19 June 2026