သတင်းထုတ်ပြန်ချက် – စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအပေါ် အာဆီယံ၏ရှုတ်ချမှုနှင့် တီမောလက်စတေနိုင်ငံကို အဖွဲ့ဝင်အဖြစ် လက်ခံမှုတို့သည် အခြေခံမူနှင့်ကိုက်ညီမှုရှိပြီး အရေးကြီးသော ခြေလှမ်းများဖြစ်သည်

သတင်းထုတ်ပြန်ချက် – စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအပေါ် အာဆီယံ၏ရှုတ်ချမှုနှင့် တီမောလက်စတေနိုင်ငံကို အဖွဲ့ဝင်အဖြစ် လက်ခံမှုတို့သည် အခြေခံမူနှင့်ကိုက်ညီမှုရှိပြီး အရေးကြီးသော ခြေလှမ်းများဖြစ်သည်

၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်

သတင်းထုတ်ပြန်ချက်။    ။စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအပေါ် အာဆီယံ၏ရှုတ်ချမှုနှင့် တီမောလက်စတေနိုင်ငံကို အဖွဲ့ဝင်အဖြစ် လက်ခံမှုတို့သည် အခြေခံမူနှင့်ကိုက်ညီမှုရှိပြီး အရေးကြီးသော ခြေလှမ်းများဖြစ်သည်

အာဆီယံက မြန်မာစစ်အုပ်စု၏ အမည်ခံရွေးကောက်ပွဲသည် “ဦးစားပေးကိစ္စ” မဟုတ်သကဲ့သို့ “မည်သည့်ပြဿနာကိုမျှ ဖြေရှင်းနိုင်မည်မဟုတ်ဘဲ အခြေအနေများကိုသာ ပိုမိုဆိုးရွားလာစေလိမ့်မည်” ဟု  ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ ကျင်းပမည့်အစီအစဥ်အပေါ် အာဆီယံ၏ ရှင်းလင်းပြတ်သားသော ရှုတ်ချမှုသည် မှန်ကန်သောလားရာကို လှမ်းသောခြေလှမ်းဖြစ်သည်ဟု အောက်တွင်လက်မှတ်ရေးထိုးထားသော မိမိတို့ မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဘက်လူထုအဖွဲ့အစည်း ၂၃၇ ဖွဲ့တို့မှ အသိအမှတ်ပြုသည်။ ယခုနှစ်အောက်တိုဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် တီမောလက်စတေနိုင်ငံကို အာဆီယံ၏ အဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင်လက်ခံမည့် ခိုင်မာပြတ်သားသော ထောက်ခံမှုက စစ်အုပ်စု၏ အနိုင်ကျင့်ခြယ်လှယ်ခြင်း နည်းလမ်းများနှင့် နိုင်ငံ့အာဏာပိုင်များအပေါ် မှားယွင်းသောစွတ်စွဲချက်များကို ပြတ်ပြတ်သားသား ပယ်ချလိုက်ခြင်းဖြစ်သည့်အတွက် မိမိတို့မှ ကြိုဆိုလိုက်သည်။

ယခုနှစ်အာဆီယံဥက္ကဌအဖြစ် တာဝန်ယူထားသည့် မလေးရှားနိုင်ငံက အချိန်ကြာလင့်နေပြီဖြစ်သည့်  စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအပေါ် ရှင်းလင်းပြတ်သားစွာ ရှုတ်ချမှုလုပ်ရပ်ကို လုပ်ဆောင်ခြင်းအားဖြင့် အခြေခံမူခိုင်မာပြီး အလွန်ပင်အရေးကြီးသည့် ခြေလှမ်းတစ်ရပ်ကို အာဆီယံကိုယ်စား လုပ်ဆောင်ခဲ့သည်။ ယခုလုပ်ရပ်သည် မြန်မာနိုင်ငံ၏အကျပ်အတည်းအပေါ် ပိုမိုခိုင်မာပြီး ပိုမို၍ တာဝန်ယူမှုရှိသည့် ချဥ်းကပ်မှုတစ်ရပ် ရှိလာစေရေးအတွက် အာဆီယံ၏ရပ်တည်ချက်တွင် အလွန်ပင် အရေးကြီးသော အပြောင်းအလဲတစ်ရပ် ဖြစ်သကဲ့သို့၊ လာမည့်အောက်တိုဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် မိမိတို့မျှော်လင့်နေသည့် ပိုမိုခိုင်မာပြတ်သားသော လုပ်ဆောင်မှုခြေလှမ်း များကို ဆက်လက်ဖော်ဆောင်သွားမည့်ဟုလည်း မျှော်လင့်သည်။

စစ်အုပ်စုတွင် ရွေးကောက်ပွဲတစ်ရပ်ကျင်းပရန် ဥပဒေအရဖြစ်စေ၊ နိုင်ငံရေးအရဖြစ်စေ တရားဝင်မှု ရှိမနေသည်မှာ လုံးဝငြင်း၍ မရသော အမှန်တရားပင်ဖြစ်သည်။ စစ်အုပ်စုသည် ထိုကဲ့သို့လုပ်ဆောင်နိုင်ရန် လိုအပ်သော ထိရောက်သည့်နယ်မြေထိန်းချုပ်မှုနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ ထိန်းချုပ်မှုတို့ ကင်းမဲ့နေသည့်အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG) နှင့် လူမျိုးစုဖက်ဒရယ်ယူနစ်များ အပါအဝင် ဒီမိုကရေစီလိုလားသော မြန်မာ့တော်လှန်ရေးအင်အားစုများက နိုင်ငံတစ်ဝန်းတွင် ထိရောက်သော ထိန်းချုပ်မှုများ ရှိနေပြီဖြစ်သည်။ စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်တပ်၏ ဖိနှိပ်မှုကို တရားဝင်သဖွယ် လုပ်ကြံဖန်တီးရန်နှင့် စစ်အုပ်စုကို အားဖြည့်ပေးရန် ကြိုးပမ်းမှုသက်သက်သာဖြစ်ပြီး၊ မြန်မာပြည်သူများ၏ ဒီမိုကရေစီမျှော်မှန်းချက်များကို ယုတ်လျော့စေကာ အကြမ်းဖက်မှုသံသရာကိုသာ ဆက်လက်ရှည်ကြာစေမည် ဖြစ်သည်။

အာဆီယံအနေဖြင့် စစ်အုပ်စုက ပြင်ဆင်နေသည့် အတုအယောင်ရွေးကောက်ပွဲကို လူသိရှင်ကြား ရှုတ်ချရန်နှင့် အကူအညီများအားလုံးကို အဆုံးသတ်ရန် မိမိတို့မှ ထပ်မံတလဲလဲတောင်းဆိုခဲ့ပြီး ဖြစ်ရာ အဆိုပါအမည်ခံ မဲပေးမှုအပေါ် အာဆီယံ၏ ခိုင်မာပြတ်သားသော ရှုတ်ချမှုကို မိမိတို့မှ အလေးအနက်ထား မှတ်သားလိုသည်။ ဆက်လက်၍  အာဆီယံအနေဖြင့် အောက်တိုဘာလတွင် ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် တည်ငြိမ်အေးချမ်းပြီး ရေရှည်တည်တံ့မှုရှိသည့် အနာဂတ်တစ်ခု ရရှိနိုင်ရေး မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို ခိုင်မာအားကောင်းပြီး အချိန်သတ်မှတ်ချက်ပါရှိသည့် လက်တွေ့ကျသော လုပ်ငန်းအစီအစဥ်များဖြင့်  လုပ်ဆောင်ပေးရန် မိမိတို့မှ တိုက်တွန်းတောင်းဆို လိုက်သည်။

ထို့အပြင် အာဆီယံသည် အရပ်သားများနှင့် အရပ်သားအခြေခံအဆောက်အအုံများအပေါ် စစ်အုပ်စု၏ အကြမ်းဖက်တိုက်ခိုက်မှုများကို မီးမောင်းထိုးဖော်ပြရာတွင် ခိုင်မာသော နိုင်ငံရေးစီရင်ချက်ကို ထုတ်ဖော်ပြသခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပိုမိုဆိုးရွားလာနေသော ဘက်ပေါင်းစုံအကျပ်အတည်း၏ အကြောင်းရင်းခံဖြစ်သည့် မြန်မာစစ်အုပ်စုကို ကိုင်တွယ်ဖြေရှင်းရာတွင် အခြေခံကျသောခြေလှမ်းတစ်ရပ်ဖြစ်သည့် မူဝါဒခိုင်မာသည့် ဤရပ်တည်ချက်ကို မိမိတို့မှ ကြိုဆိုသည်။

တီမောလက်စတေနိုင်ငံမှ အာဆီယံအဖွဲ့ဝင် အပြည့်အဝဖြစ်မလာစေရေး တရားမဝင်စစ်အုပ်စု၏ အနိုင်ကျင့်ခြယ်လှယ်သည့် နည်းဗျူဟာများကို သွေဖယ်ဆန့်ကျင်ပြီး တီမောလက်စတေနိုင်ငံ အဖွဲ့ဝင်ဖြစ်လာစေရေး အာဆီယံ၏ ထောက်ခံအားပေးမှုကို မိမိတို့မှ ကြိုဆိုသည်။ တီမောလက်စတေနိုင်ငံအား အဖွဲ့ဝင်အဖြစ်လက်ခံခြင်းကို လာမည့်အောက်တိုဘာလတွင် ဆောင်ရွက်ရန် အာဆီယံက ဆုံးဖြတ်ချက် ချလိုက်ခြင်းသည် တီမောလစတေနိုင်ငံအာဏာပိုင်များအပေါ် မြန်မာစစ်အုပ်စု၏တရားမဝင်စွတ်စွဲချက်ကို ရှင်းလင်းပြတ်သားစွာ ပယ်ချလိုက်ခြင်းပင် ဖြစ်သည်။ စစ်အုပ်စုသည် တီမောလက်စတေနိုင်ငံ အဖွဲ့ဝင်ဖြစ်မလာစေရေးအတွက် အကြိမ်ကြိမ်နှောက်ယှက်ခဲ့သည့်အပြင် မကြာသေးမီက မလေးရှားနိုင်ငံထံသို့ စာပေးပို့ပြီး အာဆီယံအတွင်းရေးမှူးအနေဖြင့် အဖွဲ့ဝင်အဖြစ်လက်ခံသည့်လုပ်ငန်းစဥ်အားလုံးကို ဆိုင်းငံ့ထားရန် တိုက်တွန်းခဲ့သည်။ ယင်းလုပ်ဆောင်မှုများသည် ၂၀၂၃ ခုနှစ်တွင် တီမောလက်စတေဝန်ကြီးချုပ် Xanana Gusmão ၏ စစ်အုပ်စုကို ရှုတ်ချသည့် မိန့်ခွန်း၊ သမ္မတ Ramos-Horta ၏ NUG နှင့် ထိတွေ့ဆက်ဆံမှု၊ နှင့် စစ်အုပ်စုက လက်တုံ့ပြန်သည့်အနေဖြင့် တီမောသံတမန်များကို မြန်မာနိုင်ငံအတွင်းမှ နှင်ထုတ်ခြင်းတို့အပါအဝင် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို ဆန့်ကျင်သည့် ၎င်း၏ မယိမ်းမယိုင်ရပ်တည်မှုများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အာဆီယံက စစ်အုပ်စု၏ အနိုင်ကျင့်ခြယ်လှယ်သည့် နည်းဗျူဟာများကို ပယ်ချခဲ့ခြင်းသည် တီမောလက်စတေနှင့် သွေးစည်းညီညွတ်စွာရပ်တည်ကြောင်း ကြိုဆိုဖော်ပြခြင်း ဖြစ်ရုံသာမက တရားမဝင်စစ်အုပ်စုကို မြန်မာနိုင်ငံ၏ တရားဝင်မှုရှိသော ကိုယ်စားလှယ်အဖြစ် အသိအမှတ် မပြုခြင်းကိုလည်း ဖော်ပြနေသည်။ မိမိတို့ မြန်မာပြည်သူများ၏ ဒီမိုကရေစီဖော်ဆောင်ရေး ကြိုးပမ်းအားထုတ်နေမှုများအပေါ် တက်ကြွပြီး အခြေခံမူများနှင့်ကိုက်ညီမှုရှိသည့် ထောက်ခံသူဖြစ်သော တီမောလက်စတေနိုင်ငံကို အာဆီယံ၏ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် အခိုင်အမာ သွေးစည်းညီညွတ်စွာ ထောက်ခံရပ်တည်သည်။

သို့သော် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ ပူးတွဲထုတ်ပြန်ကြေညာချက်အရ ၎င်း၏ ကျရှုံးနေသော ဘုံသဘောတူညီချက်ငါးရပ် (Five-Point Consensus – 5PC) က “မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာတွင် [အာဆီယံ၏] ပင်မရည်ညွှန်းချက်အဖြစ် ဆက်ရှိနေခြင်း” ကိုကြည့်ခြင်းအားဖြင့် အာဆီယံက 5PC အား ဆက်လက်မှီခိုနေမှုအပေါ် မိမိတို့မှ လွန်စွာစိတ်ပျက်မိပါသည်။ မူလကတည်းက အလုပ်မဖြစ်သည့် 5PC ကို စတင်ချမှတ်ချိန်ကတည်းက စစ်အုပ်စုသည် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ထပ်မံတလဲလဲ ကျူးလွန်နေခဲ့ကာ 5PC ကို လေးစားလိုက်နာမှုမရှိဘဲ ချိုးဖောက်နေခဲ့သည်ကို အာဆီယံအနေဖြင့် သတိချပ်ရမည် ဖြစ်သည်။ စစ်အုပ်စုသည် ငြိမ်းချမ်းရေးအတွက် စစ်မှန်သောစိတ်ဆန္ဒ မရှိသည့်အတွက် 5PC နှင့်ပတ်သက်၍ စစ်မှန်သောတိုးတက်ပြောင်းလဲမှု ရှိလာမည်မဟုတ်သကဲ့သို့ အပြည့်အဝ အကောင်အထည်ဖော်ဆောင်မှုမှာလည်း နည်းသထက်နည်းလာမည်သာ ဖြစ်သည်။

အာဆီယံအနေဖြင့် ကျရှုံးနေသော 5PC ကိုကျော်လွန်ပြီး ရက်စက်ကြမ်းကြုတ်သောစစ်အုပ်စုကို  ဖြိုချဖျက်ဆီးကာ အားလုံးပါဝင်မှုရှိသော ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်မည့် မြန်မာလူထု၏ ရည်မှန်းချက်များကို ပြတ်ပြတ်သားသားထောက်ခံရန် မိမိတို့မှ ထပ်မံတိုက်တွန်းလိုက်သည်။ ထိုသို့ ဆောင်ရွက်ရန်အတွက် အာဆီယံနှင့် ၎င်း၏ အဖွဲ့ဝင်နိုင်ငံများသည် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုနှင့် ပံ့ပိုးကူညီမှုများအားလုံးကို ရပ်တန့်ရမည် ဖြစ်သည်။ စစ်အုပ်စုနှင့် မည်သည့် ထိတွေ့ဆက်ဆံမှု သို့မဟုတ် ပံ့ပိုးကူညီမှုမျိုးမဆိုသည် စစ်အုပ်စု၏ အကြမ်းဖက်မှုကို ပိုမို အတင့်ရဲစေခြင်းနှင့် မြန်မာပြည်သူများအပေါ် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများတွင် အာဆီယံကို အလိုတူအလိုပါဖြစ်စေခြင်း သက်သက်သာ ဖြစ်သည်။ ယင်းအစား အာဆီယံသည် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့သော အနာဂတ်အတွက် မြန်မာပြည်သူများ၏ အောက်ခြေမှစ၍ ဒီမိုကရေစီတည်ဆောက်ရန် ကြီးမားသော၊ ဆက်လက်လုပ်ဆောင်နေ ဆဲဖြစ်သည့် ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံအားပေးရန်အတွက် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး ပါဝင်သက်ဆိုင်သူများနှင့် တရားဝင်မှုရှိသောကိုယ်စားလှယ်များကို တရားဝင်နှင့် အနှစ်သာရရှိရှိ ထိတွေ့ဆက်ဆံ ရမည်ဖြစ်သည်။

အာဆီယံမှ စစ်အုပ်စု၏ အနိုင်ကျင့်ခြယ်လှယ်သည့် နည်းဗျူဟာများကို လက်သင့်မခံဘဲ ၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို ရှုတ်ချခဲ့ခြင်းနှင့် တီမောလက်စတေနိုင်ငံကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံမည့်လုပ်ဆောင်မှုသည် လူသတ်စစ်အုပ်စု အပေါ် ပိုမိုခိုင်မာပြီး အခြေခံမူများနှင့်ကိုက်ညီသည့် ရပ်တည်ချက်ရှိရမည့် အာဆီယံ၏ ကတိကဝတ်ရှိမှုကို ထင်ထင်ရှားရှား ပြသလိုက်ခြင်းဖြစ်သည်ဟု မိမိတို့မှ မှတ်ယူသည်။ အာဆီယံသည် ယင်းကတိကဝတ်ကို မြဲမြဲဆုပ်ကိုင်ထားရမည်ဖြစ်သည်။ ယခုအချိန်သည် အာဆီယံက မြန်မာပြည်သူများနှင့်အတူ ခိုင်မာစွာ ရပ်တည်ပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် ၎င်းတို့၏ စုပေါင်းရည်မှန်းချက်နှင့် စိတ်ပိုင်းဖြတ်မှုကို ပံ့ပိုးကူညီပေးရန် ပြတ်သားပြီး အနှစ်သာရရှိသော လုပ်ဆောင်ချက်ကို လုပ်ဆောင်ရမည့်အချိန် ဖြစ်သည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

ယခုသတင်းထုတ်ပြန်ချက်ကို အမည်မဖော်ပြလိုသော အဖွဲ့အစည်း ၁၁ ဖွဲ့ အပါအဝင် အရပ်ဘက်လူထုအဖွဲ့အစည်း စုစုပေါင်း ၂၃၇ ဖွဲ့တို့က ထောက်ခံလက်မှတ်ရေးထိုးထားသည်။

  1. 5/ of Zaya State Strike
  2. 8888 Generation (New Zealand)
  3. A New Burma (ANB)
  4. Action Committee for Democracy Development (ACDD)
  5. Ah Nah Podcast – Conversations with Myanmar
  6. Aktion Myanmar
  7. All Burma Democratic Front in New Zealand
  8. Alliance on Independent Journalists (AIJ)
  9. ALTSEAN-Burma
  10. Anti-Junta Alliance Yangon – AJAY
  11. Anti-junta Forces Coordination Committee (AFCC-Mandalay)
  12. ASEAN SOGIE Caucus (ASC)
  13. Asia Democracy Network (ADN)
  14. Asia Human Rights and Labour Advocates (AHRLA)
  15. Asia Pacific Solidarity Coalition (APSOC)
  16. Asian Cultural Forum on Development (ACFOD)
  17. Asian Forum for Human Rights and Development (FORUM-ASIA)
  18. Asian Health Institute (AHI)
  19. Assistance Association for Political Prisoners (AAPP)
  20. Association of Human Rights Defenders and Promoters (HRDP)
  21. Association of Spring Rainbow (ASR)
  22. Association Suisse-Birmanie (ASB)
  23. Athan – Freedom of Expression Activist Organization
  24. Auckland Kachin Community (New Zealand)
  25. Auckland Zomi Community
  26. Aung San Suu Kyi Park Norway
  27. Ayeyarwaddy West Development Organisation (AWDO), Magway
  28. Ayeyarwaddy West Development Organisation (AWDO), Nagphe
  29. Back Pack Health Worker Team (BPHWT)
  30. Blood Money Campaign (BMC)
  31. Board of Education, Depeyin
  32. Board of Education, Kanbalu Township
  33. Burma Action Ireland
  34. Burma Advocacy Group
  35. Burma Campaign UK
  36. Burma Canadian Network
  37. Burma Medical Association (BMA)
  38. Burmese Community Group (Manawatu, NZ)
  39. Burmese Rohingya Organisation UK (BROUK)
  40. Burmese Rohingya Welfare Organisation, New Zealand
  41. Burmese Women’s Union (BWU)
  42. Campaign for a New Myanmar
  43. Chin Community in Norway
  44. Chin Community of Auckland
  45. Chin Human Rights Organization (CHRO)
  46. Civil Information Network (CIN)
  47. Civil Rights Defenders (CRD)
  48. Commission for the Disappeared and Victims of Violence (KontraS)
  49. Creative Home (CH)
  50. CRPH Funding Ireland
  51. CRPH Support Group, Norway and members organizations
  52. CRPH, NUG Support Team in Germany
  53. CRPH & NUG Supporters Ireland
  54. Defend Myanmar Democracy (DMD)
  55. Democracy for Ethnic Minorities Organization
  56. Democratic Party for a New Society, Norway
  57. Doh Atu – Ensemble pour le Myanmar
  58. Educational Initiatives Prague
  59. Equality Myanmar (EQMM)
  60. Federal Corner
  61. Federal Myanmar Benevolence Group (New Zealand)
  62. Free Burma Campaign (South Africa) (FBC(SA))
  63. Future Light Center (FLC)
  64. General Strike Collaboration Committee (GSCC)
  65. General Strike Committee of Basic and Higher Education (GSCBHE)
  66. General Strike Coordination Body (GSCB)
  67. Generation Wave (GW)
  68. Generations’ Solidarity Coalition of Nationalities (GSCN)
  69. German Solidarity Myanmar e.V.
  70. Global Myanmar Spring Revolution
  71. Greater Equitable Measures
  72. Imparsial
  73. India for Myanmar
  74. Indonesia Legal Aid Foundation (YLBHI)
  75. Indonesian Legal Aid and Human Rights Association (PBHI)
  76. Info Birmanie
  77. Initiatives for International Dialogue (IID)
  78. International Association, Myanmar-Switzerland (IAMS)
  79. International Campaign for the Rohingya
  80. Italia-Birmania.Insieme
  81. Justice & Equality Focus (JEF)
  82. K’cho Ethnic Association (Europe)
  83. Kachin Association Norway
  84. Kachin Human Rights Watch (KHRW)
  85. Kachin Women’s Association Thailand (KWAT)
  86. Kalyanamitra Indonesia
  87. Karen Human Rights Group (KHRG)
  88. Karen Peace Support Network (KPSN)
  89. Karen Swedish Community (KSC)
  90. Karen Women’s Organization (KWO)
  91. Karenni Civil Society Network (KCSN)
  92. Karenni Human Rights Group (KnHRG)
  93. Karenni National Women’s Organization (KNWO)
  94. Karenni Society, New Zealand
  95. Keng Tung Youth
  96. Korea Myanmar Solidarity
  97. Kyae Lak Myay
  98. Kyauktada Strike Committee (KSC)
  99. La Communauté Birmane de France
  100. Maesot Social Network
  101. Magway Region Human Right Network (MHRN)
  102. Mandalay Medical Family (MFM)
  103. Mandalay Strike Force (MSF)
  104. Mandiri
  105. Metta Campaign Mandalay
  106. Mon State Development Center (MSDC)
  107. Myanmar Accountability Project (MAP)
  108. Myanmar anti-military coup movement in New Zealand
  109. Myanmar Campaign Network (Australia)
  110. Myanmar Catholic Community In Norway
  111. Myanmar Community Group Christchurch New Zealand
  112. Myanmar Community Group Dunedin New Zealand
  113. Myanmar Community in Italy
  114. Myanmar Community in Norway
  115. Myanmar Emergency Fund – Canada
  116. Myanmar Engineers – New Zealand
  117. Myanmar FoRB Network
  118. Myanmar Gonye (New Zealand)
  119. Myanmar Hindu Union
  120. Myanmar Labor Alliance (MLA)
  121. Myanmar People Alliance (Shan State)
  122. Myanmar Students’ Union in New Zealand
  123. Myanmar Tourism Committee
  124. Myanmar Women Parliamentary Network
  125. MyaYar Knowledge Tree
  126. Nelson Myanmar Community Group New Zealand
  127. Network for Human Rights Documentation – Burma (ND-Burma)
  128. New Myanmar Foundation
  129. New Rehmonnya Federated Force (NRFF)
  130. New York City Burmese Community (NYCBC)
  131. New Zealand Campaign for Myanmar
  132. New Zealand Doctors for NUG
  133. New Zealand Karen Association
  134. New Zealand Zo Community Inc.
  135. NLD Organization Committee (International) Norway
  136. No Business With Genocide
  137. Norway Matu Community
  138. Norway Rvwang Community
  139. Nyan Lynn Thit Analytica
  140. Olive organization
  141. Overseas Mon Association, New Zealand
  142. Pa-O Women’s Union (PWU)
  143. Pakokku Youth Development Council
  144. Political Prisoners Network – Myanmar (PPNM)
  145. Progressive Muslim Youth Association – PMYA
  146. Progressive Voice (PV)
  147. Pwintphyu Development Organisation (PDO)
  148. Pyithu Gonye (New Zealand)
  149. Queers of Burma Alternative (QBA)
  150. Rohingya Community in Norway
  151. Rohingya Maìyafuìnor Collaborative Network (RMCN)
  152. Rvwang Community Association (New Zealand)
  153. Save Myanmar Fundraising Group (New Zealand)
  154. Sayar Khaing Ayadaw BOE
  155. Shan Community (New Zealand)
  156. Shan MATA
  157. Sitt Nyein Pann Foundation
  158. Southeast Asia Freedom of Expression Network (SAFEnet)
  159. Southern Initiatives
  160. Southern Youth Development Organization
  161. Spring Bridge Foundation
  162. Spring Revolution Myanmar Muslim Community – SRMMC
  163. Sujata Sisters Group (NZ)
  164. Sustainability and Participation through Education and Lifelong Learning (SPELL)
  165. Thai Action Committee for Democracy in Burma (TACDB)
  166. The Alliance on Independent Journalists (AJI)
  167. The Human Rights Foundation of Monland
  168. The Ladies Organization
  169. Think Centre, Singapore
  170. S. Campaign for Burma (USCB)
  171. Unitarian Universalist Service Committee (UUSC)
  172. Volunteers in Myanmar
  173. White Coat Society Yangon – WCSY
  174. Women Advocacy Coalition – Myanmar (WAC-M)
  175. Women Alliance Burma (WAB)
  176. Women for Justice (WJ)
  177. Women Lead Resource Center (WLRC)
  178. Women’s League of Burma (WLB)
  179. Women’s Organization Of Political Prisoners (WOPP)
  180. Women’s Peace Network
  181. Yangon Deaf Group
  182. Yangon Spring Platform
  183. Youth Empowerment (YE)
  184. Youth for Democratization of Myanmar (UDM)
  185. Zayar Alinn
  186. Zomi Christian Fellowship of Norway
  187. Zomi Community Norway
  188. ကနီမြို့နယ် သပိတ်အင်အားစု
  189. ကနီမြို့နယ်ပညာရေးဘုတ်
  190. ကန့်ဘလူမြို့နယ်ပညာရေးဘုတ်
  191. ကန့်ဘလူသပိတ်ကော်မတီ
  192. ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ
  193. ချောင်းဦးမြို့နယ်လူငယ်အင်အားစုသပိတ်ကော်မတီ
  194. ဂန့်ဂေါဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့။
  195. စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ CDM နိုင်ငံဝန်ထမ်းများကောင်စီ၊
  196. ဆေးတက္ကသိုလ်-မန္တလေး ကျောင်းသားသမဂ္ဂတော်လှန်ရေးတပ်ဦး (UMM-SURF)
  197. တကသကျောင်းသားဟောင်းများအင်အားစု
  198. တိုင်းရင်းသားလူငယ်များအထွေထွေသပိတ်ကော်မတီ (မန္တလေး)
  199. ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဒတကသ)
  200. ပြည်သူ့သပိတ်အင်အားစု
  201. ပုလဲလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ
  202. ဖားကန့် – မှော်လည့်သပိတ်စစ်ကြောင်း
  203. ဘုတလင်မြို့နယ် သပိတ်အင်အားစု
  204. မကွေးလူထုတိုက်ပွဲကော်မတီ
  205. မင်းဘူးတောင်သူများအစုအဖွဲ့။
  206. မင်းလှတောင်သူများအစုအဖွဲ့။
  207. မြင်းခြံသပိတ်ကော်မတီ
  208. မြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ
  209. မြောင်လူငယ်များကွန်ရက်
  210. မိုင်းပျဉ်းမြို့နယ် ပညာရေးဘုတ်အဖွဲ့
  211. မုံရွာ အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီ
  212. မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ
  213. မေမြို့ပင်မအထွေထွေသပိတ်အင်အားစု
  214. ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်
  215. ယိမ်းနွဲ့ပါး
  216. ယောလူထုတိုက်ပွဲကော်မတီ
  217. ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရ.တ.က.သ)
  218. ရွှေဘိုလူထုသပိတ်တိုက်ပွဲကော်မတီ
  219. လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစု
  220. လက်ပံတောင်းတောင်ပင်မသပိတ်
  221. လိင်စိတ်ခံယူမှုကွဲပြားသူများ ကွန်ရက်
  222. ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ
  223. သနပ္ပင်မြို့နယ်အခြေခံပညာဘုတ်
  224. သမိုင်းသယ်ဆောင်သူများ
  225. အညာပစ်တိုင်းထောင်လေးများ
  226. အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ

သတင်းထုတ်ပြန်ကြေညာချက်ကို PDF ဖြင့်ရယူရန် – မြန်မာဘာသာEnglish

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia