၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့မှစတင်၍ ကချင်ပြည်နယ်ရှိ မြို့နယ်အားလုံး၌ ဖုန်းအင်တာနက်ကို ဖြတ်တောက်ခဲ့ရာ ယနေ့ (၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၁ ရက်) တွင် (၁) နှစ်ပြည့်ခဲ့ပါသည်။
တစ်နှစ်တာကြာအတွင်းတွင် ကချင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီမှ ပြည်သူများအပေါ် သတင်းအမှန်ရရှိရေးကို သတ်ပိတ်ဆို့ခဲ့ပြီး၊ သတင်းရရှိမှုနှင့် သတင်းထုတ်ဖော်ခွင့်လည်း လုံးဝတားမြစ်ခဲ့ပါသည်။
သတင်းအမှောင်ချမှုတစ်နှစ်အပြီးတွင် ကချင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုအများဆုံးဖြစ်ပွားသည့် နှစ်ဖြစ်လာခဲ့ပါသည်။ စစ်ကောင်စီသည် ပြည်သူလူထုအပေါ် လက်နက်ဖြင့် သတ်ဖြတ်ခြင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုများအပြင် စစ်တပ်သားများက ပြည်သူပိုင်ပစ္စည်းများကို ခြိမ်းခြောက်ရှိုက်နက်ခြင်းဖြင့် ယူဆောင်မှုများကို ဖားကန့်မြို့နယ်၊ ဝိုင်းဖော်မြို့နယ်နှင့် ဗန်းမော်မြို့နယ်များတွင် အထူးသဖြင့်အများဆုံး ပြုလုပ်နေပါသည်။
စစ်ကောင်စီ၏ လုပ်ရပ်များသည် ပြည်သူများ၏ အခြေခံလူ့အခွင့်အရေးများကို ပြင်းပြင်းထန်ထန်ချိုးဖောက်နေကြောင်း ဖော်ပြနေပါသည်။ ထို့ကြောင့် ၎င်းလုပ်ရပ်များကို မိမိတို့အဖွဲ့အစည်းမှ ပြင်းထန်စွာ ကန့်ကွက်ပါသည်။ မိမိတုိ့အဖွဲ့အစည်းမှ ဆက်လက်ပြီး ပြည်သူများအတွက် လူ့အခြေခံအခွင့်အရေးများ ရရှိလာစေရန်အတွက် ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။