တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် သီပေါ၊ မိုးကုတ်၊ ကျောက်မဲနှင့် နောင်ချို့မြို့နယ်တို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၃ဦးသေဆုံးပြီး ၃၁ဦး ဒဏ်ရာရ

တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် သီပေါ၊ မိုးကုတ်၊ ကျောက်မဲနှင့် နောင်ချို့မြို့နယ်တို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၃ဦးသေဆုံးပြီး ၃၁ဦး ဒဏ်ရာရ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၄ရက်နေ့မှ ၁၄ရက်နေ့အတွင်း ၂၀၂၄ခုနှစ် မှစ၍ တအာင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသော ဒေသများဖြစ်သည့် သီပေါ၊ မိုးကုတ်၊ ကျောက်မဲနှင့် နောင်ချိုမြို့နယ်တို့တွင် စစ်ကောင်စီ၏ လေ ကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားသား ၁၃ဦး သေဆုံးပြီး အခြား၃၁ဦး ဒဏ်ရာရရှိကာ ဆေးရုံ ၁ ရုံနှင့် ကျောင်း ၂ ကျောင်း၊ ဆိုင် ၅ ဆိုင် နှင့် အပန်းဖြေစခန်း ၁ခု အပါအဝင် အဆောက်အဦး ၅၆ လုံးကျော် ထိခိုက်ပျက်စီးခဲ့သည်။

ဇူလိုင်လ ၄ ရက်နေ့ ည၁၀နာရီတွင် စစ်ကောင်စီတိုက်လေယာဉ်တစ်စီးသည် သီပေါမြို့ရှိ မြို့လေးရပ်ကွက်နှင့် တောင်းရပ် ကွက်ကို ဗုံးနှစ်လုံး ကြဲချခဲ့သည်။ ဗုံးတစ်လုံးသည် ပြည်သူ့ဆေးရုံကို ထိမှန်ခဲ့ပြီး နောက်တစ်လုံးသည် စိုက်ပျိုးရေးရုံးကို ထိမှန် ခဲ့ကာ နေအိမ် ၁၀လုံးကျော် ပျက်စီးခဲ့သည်။

ဇူလိုင်လ ၆ ရက်နေ့ ညသန်းခေါင်ဝန်းကျင်တွင် စစ်ကောင်စီသည် ကျောက်မဲမြို့ရေဦး ရပ်ကွက်ကို ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲခဲ့သဖြင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။

ဇူလိုင်လ ၈ ရက်နေ့ နံနက် ၉:၁၀ နာရီတွင် စစ်ကောင်စီသည် မိုးကုတ်မြို့၊ ခေါင်းဦးဘာ ရပ်ကွက်ကို ဂျက်ဖိုက်တာလေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး၂လုံးကြဲခဲ့သဖြင့် အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိကာ နေအိမ်၁၀လုံးနှင့် ကိုယ်ပိုင်ကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီးခဲ့သည်။

ဇူလိုင်လ ၈ ရက်နေ့ နံနက် ၉:၃၀ တွင် စစ်ကောင်စီသည် ကျောက် မဲမြို့ ငြိမ်းချမ်းရေးကုန်းနှင့် ရပ်ကွက် ၁ တို့ကို ဂျက်ဖိုက်တာ လေ ယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး၂လုံး ကြဲချခဲ့သဖြင့် အရပ်သား ၁ ဦး သေ ဆုံးကာ အခြား ၄ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၁၀လုံး ထိခိုက် ပျက်စီးခဲ့သည်။

ဇူလိုင်လ ၈ရက်နေ့တွင် စစ်ကောင်စီသည် နောင်ချိုမြို့ အရှေ့ တောင်ဖက် ၃ ကီလိုမီတာအကွာရှိ ရွှေပြည်ညွန့်ကျေးရွာကို ဂျက် ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲခဲ့သဖြင့် အသက် ၅၀ အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့သည်။

ဇူလိုင်လ ၉ ရက်နေ့ ညနေ ၈နာရီတွင် စစ်ကောင်စီသည် မိုးကုတ်မြို့ ပန်းမထိပ် ရွာကို ဂျက်ဖိုက်တာလေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့သဖြင့် ကလေး ၃ဦးအပါအဝင် အရပ်သား ၅ဦးသေဆုံးကာ ယောက်ျားလေး ၂ ဦးနှင့် မိန်းကလေး ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။

ဇူလိုင် ၁၁ ရက်နေ့ နံနက် ၃နာရီတွင် စစ်ကောင်စီသည် ကျောက်မဲမြို့ကို ဂျက်ဖိုက်တာလေယာဉ်ဖြင့် ပေါင်၅၀၀ ဗုံး၃လုံး ကြဲ ချခဲ့သည်။ ဗုံးတစ်လုံးသည် ရဲစခန်းကို ထိမှန်ခဲ့ပြီး နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့သည်။ နောက်ဗုံးတစ်လုံးသည် ကောလီ ဟိုတယ်ကို ထိမှန်ခဲ့ပြီး အရပ်သား ၁ဦးသေဆုံးပြီး အခြား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အခြားဗုံးတစ်လုံးသည် မြို့အနီးရှိ တောထဲသို့ ကျခဲ့သည်။

ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၃နာရီတွင် စစ်ကောင်စီသည် နောင်ချိုမြို့၊ စျေးရပ်ကွက်ပေါ်သို့ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ပေါင်၂၅၀ ဗုံး၂လုံး ကြဲချခဲ့သဖြင့် နေအိမ်၆လုံး ထိခိုက်ပျက်စီးခဲ့ပြီး နောင်ချိုမြို့အနောက်ဖက် ၅ကီလိုမီတာအကွာရှိ ကျောက် ကြမ်း ကျေးရွာကို ပေါင်၂၅၀ဗုံး ၂လုံး ကြဲချခဲ့သည်။

ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၆နာရီတွင် စစ်ကောင်စီသည် ကျောက်မဲမြို့ အနောက်ဖက်ကို ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံး ၆လုံး ကြဲချခဲ့သည်။ ဗုံး ၃ လုံးသည် ပိန္နဲကုန်းကျေးရွာသို့ ကျရောက်ခဲ့ပြီး နောက်ဗုံး၂လုံးသည် မန်နား နှင့် ကျောက်တောင် ကျေးရွာ ကြားရှိ အမက ၁၃ မူလတန်းကျောင်းကို ထိမှန်ခဲ့ကာ ကျန်ဗုံး၁လုံးသည် ဝါဆိုဘုန်းကြီးကျောင်းလမ်းပေါ်သို့ ကျရောက် ပေါက် ကွဲခဲ့သည်။ ထိုဗုံးကြဲမှုများကြောင့် အမျိုးသမီး ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။

ဇူလိုင်လ ၁၃ ရက်နေ့၊ ည ၁၀ နာရီခွဲတွင် မိုးကုတ်မြို့၊ ပန်းမထိပ်ရွာအနီးရှိ ဂေါရခါးကျေးရွာ သို့ စစ်ကောင်စီ တိုက်လေယာဉ် က ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချခဲ့ရာ ကလေးငယ် ၃ ဦး အပါအဝင် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း အရပ် သား ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၇ လုံး ပျက်စီးခဲ့သည်။

ဇူလိုင်လ ၁၄ ရက်နေ့ ညနေ ၆ နာရီတွင် စစ်ကောင်စီသည် သီပေါမြို့၊ တောင်မြို့ရပ်ကွက်ကို လေယာဉ်ဖြင့် ဗုံး၂လုံး ကြဲချ ခဲ့သည်။ ထိုဗုံးကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၃ လုံး၊ ဆိုင် ၅ဆိုင်နှင့် အပန်းဖြေစခန်း ၁ ခု ထိခိုက် ပျက်စီးခဲ့သည်။

ထိုအတောအတွင်းတွင် ပြင်ဦးလွင်နှင့် နောင်ချိုကြားတွင် တပ်ဖြန့်ထားသော စစ်ကောင်စီတပ်စစ်ကူများသည် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာများမှ ခိုးဝှက်လုယူမှုများစွာကို ပြုလုပ်ခဲ့သည်။ မေလ နောက် ဆုံးအပတ်တွင် စစ်ကောင်စီ ခြေမြန်တပ်ရင်း ၁၂ မှ တပ်သား ၃၀၀ ကျော်သည် နောင်ချိုမြို့ အနောက်တောင်ဖက် ၂၀ကီလိုမီတာအကွာရှိ ဘန့်ဘွေးကျေးရွာမှနေအိမ် အလုံး ၆၀ ခန့်နှင့် ကန့်ကောကျေးရွာမှ နေအိမ် အလုံး ၄၀ ရှိ အ ရပ်သားပိုင် ပစ္စည်းများကို ခိုးဝှက်လုယူခဲ့ကြသည်။ စစ်သားများသည် တံခါးများနှင့် ပြတင်းပေါက်များကို ချိုးဖျက် ပြီး အစားအသောက်များဖြစ်သည့် ဆန်၊ ဆီ များအပါအဝင် စောင်၊ TV နှင့် စက်ပစ္စည်းများကိုလည်း ခိုးယူခဲ့ ကြ သည်။ ထိုကဲ့သို့ ခိုးယူလာကြသော ပစ္စည်းများကို ပြင်ဦးလွင်သို့ ပို့ဆောင်ခဲ့ကြသည်။


pdf ဖိုင် ရယူရန် in English | Myanmar

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia