ဂြိုလ်တုဓာတ်ပုံများက UWSA မြောက်ပိုင်းဒေသ မိုင်းပေါက်တွင် မြေရှားသတ္တုတူးဖော်မှုများ တိုးချဲ့ လာသည် ကို ထုတ်ဖော်ပြသနေ

ဂြိုလ်တုဓာတ်ပုံများက UWSA မြောက်ပိုင်းဒေသ မိုင်းပေါက်တွင် မြေရှားသတ္တုတူးဖော်မှုများ တိုးချဲ့ လာသည် ကို ထုတ်ဖော်ပြသနေ

ဂြိုလ်တုဓာတ်ပုံများက ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာဒေသ မြောက်ပိုင်း ရှမ်း-တရုတ် နယ်စပ်အနီးရှိ မိုင်းပေါက်တွင် မြေရှားသတ္တုတူးဖော်မှုများမှာ ၂၀၂၅ ခုနစ်ကထက် ၈ ဆများပြားလာ သည် ကို ထုတ်ဖော်ပြသနေပြီး ၄င်းမှာဒေသတွင်းရေအရင်းအမြစ်ကို အန္တရာယ်ရှိ ညစ်ညမ်းစေနိုင်ဖွယ်ရှိနေသည်။

၂၀၁၅ ခုနစ်တွင် မိုင်းပေါက်ဒေသ၌မြေရှားသတ္တုတွင်း ၃ ခုသာရှိခဲ့သည်။သို့သော် ၂၀၂၅ ခုနစ်ဖေဖော်၀ါရီလ တွင် ဂြိုလ်တု ဓာတ်ပုံများအရ မြို့၏တောင်ဘက်ရှိ တောင်ကုန်းများ တစ်လျှောက်တွင် မြေရှားသတ္တုတွင်း ၂၆ ကျော်မှာ ပျံ့နှံ့တည် ရှိနေသည်ကိုတွေ့ရသည်။ အဆိုပါသတ္တုတွင်းများထဲမှ ၃ ခုမှာ မြို့နှင့် ၃ ကီလိုမီတာ ၄ ကီလိုမီတာ ခန့် တာ၀ေးသည်။

မိုင်းပေါက် အနီးပတ်ဝန်းကျင်ရှိ သတ္တုတွင်းနေရာများ၏ ထူးခြားသောပုံစံဖြစ်သည့် အဝိုင်းပုံ ထုတ်လုပ်သည့် ကန် များ စီတန်းနေပုံမှာ ကချင်ပြည်နယ်ရှိ မြေရှားသတ္တုတူး ဖော်ရေးလုပ်ငန်းများ၏ ပုံစံနှင့် အတိအကျတူညီနေပြီး ထို နေရာများတွင် “in situ leaching” ခေါ် မြေအောက်မှ တိုက်ရိုက်ထုတ်ယူသည့် နည်းလမ်းကို အသုံးပြုပါသည်။ မိုင်းပေါက်အနီးရှိ နယ်ခံသတ္တုတွင်း လုပ်သားများက အွန်လိုင်းတွင် မျှဝေထားသော ဗီဒီယိုဖိုင် ကလည်း “in situ leaching” နည်းလမ်းကို အသုံးပြုနေကြောင်း ရှင်းလင်းစွာပြသနေပါသည်။

“In situ leaching” လုပ်ငန်းစဉ်သည် မြေရှားသတ္တုများကို ထုတ်ယူရန်အတွက် ဓာတုပစ္စည်းများကို ပိုက်များမှ တစ် ဆင့် တောင်ကုန်းများအတွင်းသို့ လောင်းထည့်ပါသည်။ ထို့နောက် ဓာတုအရည်ကို ကန်များထဲသို့ ပိုက်များဖြင့် ထည့်သွင်းပြီးနောက် မြေရှားသတ္တုများကို ထုတ်ယူရန်အတွက် ထပ်မံ၍ ဓာတုပစ္စည်းများ ထပ်ပေါင်းထည့်ပါသည်။ ထိုကဲ့သို့သတ္တုတူးဖော်မှုသည် သဘာ၀ပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်စေပြီး မြေပေါ်၊ မြေအောက်ရေအရင်း အမြစ်များကို ညစ်ညမ်းစေကာ သတ္တုတွင်းများ အောက်ဘက်တွင် နေထိုင်ကြသော ဒေသခံပြည်သူများ၏ ကျန်းမာ ရေးနှင့် အသက်မွေးဝမ်းကျောင်းမှု များကို ခြိမ်းခြောက်နေပါသည်။

မြေရှားသတ္တုတွင်းများထဲမှ တစ်ခု (၂၀၂၂ ခုနှစ်နောက်ပိုင်းတွင် စတင်ခဲ့သည်) မှာ မိုင်းပေါက်မြို့၏ တောင်ဘက် သုံးကီလိုမီတာအကွာ၊ လယ်ယာမြေများကိုဖြတ်သန်းကာ မြို့တစ်လျှောက် မြောက်ဘက်သို့ စီးဆင်းနေသော ဖိုင် ချောင်းဘေးတွင် တည်ရှိပါသည်။ ဤချောင်းနှင့် အနီးအနားရှိ မြေအောက်ရေများ ညစ်ညမ်းသွားနိုင်ဖွယ်ရှိပြီး ထောင်ပေါင်းများစွာသော မြို့နေလူထု၏ ကျန်းမာရေးကို ခြိမ်းခြောက်နေပါသည်။

လွန်ခဲ့သောနှစ် စက်တင်ဘာလက တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် မိုးကြီးခဲ့စဉ်က မိုင်းပေါက်မြို့ လယ်တစ် ခုလုံး သည် ပတ်ဝန်းကျင်တောင်တန်းများမှ တောင်ကျရေများ စီးဆင်း လာမှုကြောင့် မကြုံစဖူးရေကြီးမှုဒဏ်ကို ခံစားခဲ့ရ ပါသည်။ ၃ ပေခန့်အထိ လွမ်းမိုးခဲ့သောရေများမှာ အနီးရှိ မြေရှားသတ္တုတွင်းများမှအဆိပ်အတောက်များဖြင့် ညစ် ညမ်းနေဖွယ်ရှိပြီး သုံးရက်အကြာမှသာ ရေများကျဆင်းသွားခဲ့ပါသည်။

မိုင်းပေါက်ဒေသရှိ သတ္တုတွင်းများသည် အရှေ့ပိုင်းရှမ်းပြည်၏ အဓိကမြစ်ဝှမ်းနှစ်ခုဖြစ်သည့် သံလွင်မြစ်နှင့် မဲခေါင် မြစ်ဝှမ်းတို့အကြားတွင် တည်ရှိပါသည်။ သတ္တုတွင်းများမှ ရေများသည် အနောက်ဘက်သို့ စီးဆင်းပြီး ရှမ်းပြည်နယ် ရှိ သံလွင်မြစ်နှင့် ဆက်သွယ်သော ခါမြစ်ထဲသို့ စီးဝင်ခြင်း သို့မဟုတ် အရှေ့ဘက်သို့ စီးဆင်းပြီး ရှမ်းပြည်-လာအိုနယ် စပ်တွင်မဲခေါင်မြစ်ထဲသို့ ဝင်ရောက်သော လွေမြစ်ထဲသို့ စီးဝင်ပါသည်. ထို့ကြောင့် သတ္တုတွင်းများမှလာသော ညစ် ညမ်းရေ များ သည် တရုတ်နိုင်ငံကို ထိခိုက်မှုမရှိပါ။

မိုင်းပေါက်ရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများထဲမှ တစ်ခုမျှ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် စစ်ကောင်စီ က ထုတ်ပြန်ခဲ့သော တရားဝင်သတ္တုတူးဖော်ခွင့်ပြုစာရင်း (နောက်ဆုံး အများပြည်သူရရှိနိုင်သောစာရင်း) တွင်ပါဝင် ခြင်းမရှိပါ။ ထို့ကြောင့် UWSA နှင့် တရုတ်နိုင်ငံအကြား ဒေသတွင်း သဘောတူညီချက်တစ်ခုရှိနေပြီး တရုတ်ကျော ထောက်နောက်ခံပြုသည့် သတ္တုတူးဖော်ရေး ကုမ္ပဏီများသည် နေပြည်တော်မှအာဏာပိုင်များကို မပါဝင်စေဘဲ မြေရှားသတ္တုများကို တူးဖော်ပြီး တရုတ်နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ခွင့်ပြုထားသည်မှာ ရှင်းလင်းပါသည်။

၎င်းမှာ မြန်မာစစ်တပ်က ဆက်လက်တည်ရှိနေဆဲဖြစ်သည့် ထိုင်းနယ်စပ်တစ်လျှောက်ရှိ UWSA ၏ တောင်ပိုင်းနယ် မြေများနှင့် ကွဲပြားပါသည်။ ထိုနေရာများတွင် တူးဖော်ရရှိသည့် သတ္တုများကို စစ်ကောင်စီထိန်းချုပ်ထားသော စစ် ဆေး ရေး ဂိတ်များမှတစ်ဆင့် ဖြတ်သန်းပြီးမှသာ တင်ပို့ခွင့်ရရှိပါသည်။ ထို့ကြောင့် မကြာသေးမီက ထုတ်ပြန်ခဲ့ သော မိုင်းဆတ်တောင်ပိုင်း မိုင်းယွမ်းရှိ ခုတ်မြစ်အနီးမှ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းသည် စစ်ကောင်စီ အစိုးရ ၏ ခွင့်ပြုချက်နှင့် ပါဝင်ပတ်သက်မှုဖြင့် လုပ်ဆောင်နေခြင်းမှာ သေချာပါသည်။

မိုင်းပေါက်သည် UWSA ၏ မြောက်ပိုင်းနယ်မြေရှိ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး UWSA မြို့တော် ပန်ဆန်း၏ အရှေ့ တောင် ဘက် ၂၅ ကီလိုမီတာခန့်အကွာတွင် တည်ရှိပါသည်။ ယခင်က လားဟူနှင့် ရှမ်းလူမျိုးများ အဓိကနေထိုင် သော စိုက်ပျိုးရေးကုန်သွယ်ရေးရွာငယ်လေးဖြစ်ခဲ့သော်လည်း လွန်ခဲ့သောဆယ်နှစ်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံ မှု ကြောင့် အထပ်မြင့်အဆောက်အအုံများစွာရှိသည့်မြို့ပြဧရိယာ “အထူးဖွံ့ဖြိုးရေးဇုန်” အဖြစ် လုံးဝပြောင်းလဲသွားခဲ့ သည်။

SHRF အစီရင်ခံစာ “Trapped in Hell” တွင် ဖော်ပြထားသည့်အတိုင်း မိုင်းပေါက်သည် ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် တရုတ်နိုင်ငံက ရှမ်း-တရုတ်နယ်စပ်တစ်လျှောက် ငွေလိမ်ဂိုဏ်းလုပ်ငန်းများကို နှိမ်နင်းခြင်းမပြုမီက UWSA နယ် မြေရှိ အဓိကဆိုက်ဘာငွေလိမ်လုပ်ငန်းဗဟိုချက်များထဲမှ တစ်ခုဖြစ်ခဲ့ပါသည်။

အသေးစိတ်ကြည့်ရှုရန် www.shanhumanrights.org

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန် + 66 94 728 6696 Signal (ရှမ်း, အင်္ဂလိပ်)

ယိင်းလျန်းဟန် + 1 825 425 4099 Signal (မြန်မာ)

ယိင်းဟွမ် + 44 7418 602 464 Signal (ထိုင်း)


pdf ဖိုင် ရယူရန် in English | Myanmar | Shan | Thai

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia