28 March 2025

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) သည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာ့အရပ်ဘက်လူ့အဖွဲ့အစည်းတို့နှင့်အတူပူးပေါင်း၍ ယနေ့ မြန်မာနှင့် ထိုင်းနိုင်ငံတို့တွင် ဆိုးရွားစွာပျက်စီးခဲ့ရသည့် အတွဲလိုက်မြေငလျင်များကြောင့် အလွန်တုန်လှုပ်မိကြောင်း ဖော်ပြအပ်ပါသည်။ နိုင်ငံနှစ်ခုလုံးရှိ လူမှုအသိုင်းအဝိုင်းများအတွက် ပြင်းထန်သောစိုးရိမ်မှုများကို မျှဝေခံစားရပါသည်။
ပိတ်မိနေသူများအားကယ်ထုတ်ရန် အရေးပေါ်ကယ်ဆယ်ရေးသမားများ အသည်းအသန် ကြိုးပမ်းရောက်ရှိနေချိန်တွင်၊မည်မျှသောလူများ သေဆုံးဒဏ်ရာရရှိခဲ့သည်ကို သိရှိရန် မဖြစ်နိုင်သေးပါ။ ဆေးရုံများနှင့် ဆေးကုသရေးဌာနများမှာလူနာများဖြင့် ပြည့်လျှံလျက်ရှိနေသည်။ နောက်ဆက်တွဲငလျင်ငယ်များသည် နောက်ထပ်ပျက်စီးမှုများကို ခြိမ်းခြောက်လျက်ရှိပြီး၊ ယင်းကြောင့် တံတားများ၊ အဓိကကျသော ပင်မလမ်းမကြီးများနှင့် အထပ်မြင့်အဆောက်အဦးများ ပြိုကျပျက်စီးခဲ့ပြီးဖြစ်သည်။
SAC-M သည် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအား မြန်မာနှင့် ထိုင်းနိုင်ငံများသို့ အရေးပေါ်အကူအညီများ၊ ကယ်ဆယ်ရေးအဖွဲ့များနှင့် စက်ပစ္စည်းကိရိယာများကို အရေးတကြီး စေလွှတ်ပေးရန် တောင်းဆိုမှုများတွင်ပူးပေါင်းပါဝင်ထားသည်။ ကျွန်ုပ်တို့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ တိုင်းရင်းသားနှင့် အရပ်ဘက်မိတ်ဖက်များနှင့်အတူ စတင်လုပ်ဆောင်နေသော ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ နေရာရွှေ့ပြောင်းရေးနှင့် ကယ်ဆယ်ရေး ကြိုးပမ်းမှုများကိုလည်း ထောက်ခံလိုက်ပါသည်။
မြန်မာနိုင်ငံသည် အပူတပြင်းအခြေအနေတွင်ရှိနေသည်၊ စစ်အုပ်စု၏ လေးနှစ်ကြာစစ်ပွဲကြောင့် လူဦးရေ၏ သုံးပုံတပုံဖြစ်သော လူသန်း ၂၀ သည် အင်အားချည့်နဲ့သွားရပြီး ဆင်းရဲမွဲတေမှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွင်းနက်ထဲသို့ သက်ဆင်းကျရောက်ခဲ့ရသည်။ မန္တလေးမြို့အနီး ဗဟိုပြုသော ယနေ့ငလျင်များသည် အကူအညီများဆိုးရွားစွာဖြတ်တောက်ခံရမှုကြောင့် ထိခိုက်လွယ်သောအသိုင်းအဝိုင်းများကို ယခင်ကထက် ပိုမိုအကာအကွယ်မဲ့ ဖြစ်စေသည့် အန္တရာယ်များလှသည့် ပြုတ်လုတဲကာအချိန်အခါတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပါသည်။ ဤအသစ်ပေါ်လာသော အဖြစ်ဆိုးအပူသည် အရင်းခံဘေးဒုက္ခအပူကြီးအပေါ် ဆင့်ခြင်းဖြစ်သည်။
ဤငလျင်များသည် မကြာသေးမီကဖြစ်ပွားခဲ့သော ဆိုင်ကလုန်းမုန်တိုင်းမိုခါနှင့် တိုင်ဖွန်းမုန်တိုင်း ယာဂီတို့နောက်တွင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ထိုသဘာဝဘေးအန္တရာယ်များကို စစ်အုပ်စုက စစ်ရေးအသာစီးရရန် အသုံးချခဲ့ကာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီဝင်ရောက်ခွင့်ကို ဆိုင်းငံ့ခြင်း၊ တားဆီးပိတ်ဆို့ခြင်းနှင့် ကြိုးကိုင်ခြယ်လှယ်ခြင်းတို့ ပြုလုပ်ခဲ့သည်။
စစ်အုပ်စုသည် နိုင်ငံတဝန်းလုံးတွင် စစ်ရေးလှုပ်ရှားမှုအားလုံးကို ချက်ချင်းရပ်တန့်ရမည်ဖြစ်ပြီး၊ သို့မှသာ ကယ်ဆယ်ရေးသမားများနှင့် အကူအညီများသည် လိုအပ်နေသောအသိုင်းအဝိုင်းများထံသို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ သတင်းများအရ၊ ငလျင်လှုပ်ပြီးနာရီပိုင်းအတွင်း၌ပင် စစ်အုပ်စုက ရှမ်းပြည်နယ်နှင့် အခြားမြန်မာနိုင်ငံ၏ဒေသများ (အပြင်းထန်ဆုံး ထိခိုက်ခဲ့သော စစ်ကိုင်းတိုင်း အပါအဝင်) တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လူခုနစ်ဦး သေဆုံးခဲ့သည်။ စစ်အုပ်စုသည် ၎င်း၏ ဗုံးကြဲတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်လိမ့်မည်ဟု ရှိသမျှသော အရိပ်လက္ခဏာများက နိမိတ်ဆောင်ပြလျက်ရှိပြီး၊ ယခုအခါ နေရာရွှေ့ပြောင်းခံရသော အရပ်သားများဖြင့် ပြည့်နေသည့် နေအိမ်များ၊ ဆေးရုံများနှင့်ပြည်တွင်းစစ်ရှောင်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ဖွယ်ရှိသည်။ ထို့ကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည်မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အသစ်တခုကို အတည်ပြုချမှတ်ရန် အဆောလျင်စွာ အစည်းအဝေးခေါ်ယူသင့်ပြီး၊ ၎င်းသည် ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို ဆက်လက်ဖော်ဆောင်သည့်အနေဖြင့် စစ်အုပ်စုထံသို့ လက်နက်၊ခဲယမ်းမီးကျောက်နှင့် အခြားစစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ ရောင်းချခြင်း၊ လွှဲပြောင်းခြင်းနှင့် လွှဲအပ်ခြင်းတို့ကို များအား ပိတ်ဆို့တားမြစ်သင့်သည်။
အာဆီယံ၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၊ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့သည် အကူအညီ၊ အထောက်အပံ့နှင့် စက်ပစ္စည်းကိရိယာများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ မြန်မာ့အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် အကောင်အထည်ဖော်ရေး မိတ်ဖက်ပါတနာများထံသို့ ဦးတည်ရောက်ရှိစေရန် ခိုင်မာသေချာစေသင့်ပြီး၊ ယင်းသို့လုပ်ဆောင်မှသာ ၎င်းအကူအညီများသည် ထိခိုက်ခံအသိုင်းအဝိုင်းအားလုံးထံသို့ ရောက်ရှိနိုင်မည် ဖြစ်သည်။ ဤသို့ဆောင်ရွက်ရာတွင် တည်ဆဲ နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများကို အသုံးပြုရမည်ဖြစ်ပြီး အဆိုးရွားဆုံး ထိခိုက်ခဲ့သောဒေသများကို ဦးစားပေးရမည်ဖြစ်သည်။
ထို့အပြင်၊ အာဆီယံအနေဖြင့် ထိခိုက်ခံရသောအသိုင်းအဝိုင်းများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်း၊ ကူညီခြင်းနှင့်နေရာချထားခြင်းတို့ ပါဝင်လာစေရန် ၎င်း၏ AHA Centre ၏ လုပ်ပိုင်ခွင့်အား အသက်သွင်း၍ တိုးချဲ့သင့်သည်။ မြန်ဆန်မှုနှင့် ထိရောက်မှုသည် အသက်များ ကယ်တင်ရန်အလို့ငှာ ပဓာနကျလှသည်။
pdf ဖိုင် ရယူရန် in English
19 May 2026

19 June 2026