20 January 2025

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ ယနေ့အထိ (၄) နှစ်နီးပါးအတွင်း စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ် ကျူးလွန်သောရာဇဝတ်မှုများအပါအဝင် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ဆက်လက် ကျုးလွန်နေခြင်းကြောင့် အမျိုးသမီးများသည်လည်း နေ့စဉ်နှင့်အမျှ အသက်ဆုံးရှုံးနေခဲ့ရပြီး ၂၀၂၄ ခုနှစ် တစ်နှစ်လုံးတွင် အမျိုးသမီး (၄၇၈) ဦး အသက်ဆုံးရှုံးခဲ့ရသည်။
မြန်မာ့အမျိုးသမီးသမဂ္ဂ၏ အမျိုးသမီးမှတ်တမ်းနှင့်သုတေသနလုပ်ငန်းစဉ်အနေဖြင့် ယခုထုတ်ပြန်သည့် အချက်အလက်များမှာ တိကျခိုင်လုံသော သတင်းမီဒီယာအချက်အလက်များနှင့် မြေပြင်မှရရှိသည့် အချက်အလက်များကို စုဆောင်းမှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ပဋိပက္ခကာလအတွင်း မြန်မာ့အမျိုးသမီးများ၏ ရဲရင့်မှုနှင့် ရှင်သန်မှုများသည် တရားမျှတမှုနှင့် တန်းတူညီမျှမှုအတွက် ထင်ဟပ်သော အသံတစ်ခုအဖြစ် ခိုင်မာစွာရပ်တည်လျက် ရှိသည်။

19 May 2026

03 June 2026