13 December 2024


ရက်စွဲ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက် (တနင်္လာနေ့)
အချိန် မနက် ၉း၃၀ မှ ၁၁း၀၀ နာရီ (မြန်မာစံတော်ချိန်)
ဘာသာစကား မြန်မာဘာသာနှင့် အင်္ဂလိပ် (တိုက်ရိုက်ဘာသာပြန် စီစဥ်ထားပါသည်။)
စာရင်းပေးသွင်းရန် https://us06web.zoom.us/webinar/register/WN_S4fKwyEtTlecSNZPfTTkMA
ပိုမိုဆိုးရွားလာနေသည့် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရန်အတွက် “မြန်မာပိုင်၊ မြန်မာဦးဆောင်ဖြေရှင်းမှု” တစ်ခုရရှိရန် ကြွေးကြော်ထားသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ ရည်မှန်းချက်အပေါ် အရပ်ဘက်လူထုအဖွဲ့အစည်းမျာ၏ ရပ်တည်ချက်စာတမ်းတစ်စောင်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်သွားပါမည်။ ဤစာတမ်းကို Myanmar National Organizing Committee for ACSC/APF (Myanmar NOC) မှ ဦးဆောင်ပြုစုထားပြီး အရပ်ဘက်လူထုအဖွဲ့အစည်း ၂၆၀ ကျော်တို့မှ လက်မှတ်ရေးထိုးထောက်ခံထားပါသည်။
လက်ရှိအာဆီယံဥက္ကဌနေရာကို တာဝန်ယူထားသည့် လာအိုနိုင်ငံ၏ ဦးဆောင်မှုအောက်တွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ဗီယန်ကျန်းမြို့၌ ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံက “မြန်မာပိုင်၊ မြန်မာဦးဆောင်ဖြေရှင်းမှုဖြင့် အားလုံးပါဝင်မှုရှိပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးဆိုင်ရာ ဆုံးဖြတ်ချက်တစ်ရပ်ကို ရရှိနိုင်ရေး ကူညီပေးရန်” ရည်ရွယ်သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။
ထိုစာတမ်းထုတ်ပြန်ပွဲတွင် ပါဝင်ဆွေးနွေးမည့်သူများက အာဆီယံ၏ချဉ်းကပ်ပုံနှင့် ပတ်သက်၍ မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းများ၏ သုံးသပ်မှုကို ဆွေးနွေးတင်ပြမည်ဖြစ်ပြီး စစ်မှန်သော “မြန်မာပိုင်၊ မြန်မာဦးဆောင်ဖြေရှင်းမှု” ၏ အနက်အဓိပ္ပါယ်ကို အတွင်းကျကျ ဆွေးနွေးဖလှယ်ကာ အာဆီယံ အနေဖြင့် မြန်မာနိုင်ငံနှင့် ဒေသတွင်း၏ အကျိုးစီးပွားအတွက် ရေရှည်တည်တံ့ခိုင်မြဲသော ဖြေရှင်းရေးကို အကောင်းဆုံးပံ့ပိုးပေးရေး အကြံပြုတိုက်တွန်ချက်များကို တင်ပြသွားမည်ဖြစ်သည်။
ယခုစာတမ်းထုတ်ပြန်ပွဲကို တက်ရောက်ပေးရန် မီဒီယာနှင့် သတင်းထောက်များ၊ သံတမန်များ၊ မူဝါဒချမှတ်သူများ၊ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ၏ စစ်မှန်သော ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ တရားမျှတမှု၊ နှင့် တာဝန်ယူမှုတာဝန်ခံမှုရှိရေးတို့အတွက် လုပ်ဆောင်နေကြသည့် ပါဝင်သက်ဆိုင်သူများအားလုံးကို Myanmar NOC က ဖိတ်ကြားထားပါသည်။ ယင်းဆွေးနွေးပွဲကို မြန်မာနှင့် အင်္ဂလိပ် နှစ်ဘာသာစလုံးဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး တိုက်ရိုက်ဘာသာပြန်မှုကို စီစဉ်ထားပါသည်။
ပါဝင်ဆွေးနွေးမည့်သူများ
ဆွေးနွေးတင်ဆက်သူ – ခင်ဥမ္မာ၊ အကြံပေးဘုတ်အဖွဲ့ ဥက္ကဌ၊ ရှေ့ပြေးအသံအဖွဲ့
Myanmar NOC အဖွဲ့ဝင်များ –
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
Myanmar National Organizing Committee for ACSC/APF, MMNOC.ACSCAPF@proton.me

15 July 2026

15 July 2026