06 October 2024
နေ့ရက်။ ။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ၊ ၉ ရက် (ဗုဒ္ဓဟူးနေ့)
အချိန်။ ။ ညနေ ၃း၀၀ – ၄း၃၀ (ထိုင်းစံတော်ချိန်)
စာရင်းပေးသွင်းရန်။ ။ https://bit.ly/4erM8Zx
ဘာသာစကား။ ။ ဤဆွေးနွေးပွဲကို မြန်မာနှင့် အင်္ဂလိပ် ဘာသာစကားနှစ်မျိုးဖြင့် ပြုလုပ်သွားမည် ဖြစ်ပြီး ဘာသာစကားနှစ်မျိုးလုံးအတွက် တိုက်ရိုက်ဘာသာပြန် ဝန်ဆောင်မှု စီစဥ်ထားပါသည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ရှေ့ပြေးအသံအဖွဲ့နှင့်အတူ ကရင်နီအမျိုးသမီးအစည်းအရုံး၊ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၊ ကရင်နီပြည်လူငယ်များသမဂ္ဂ၊ နှင့် အမည်မဖော်လိုသော အရပ်ဘက်လူထု အဖွဲ့အစည်းတစ်ဖွဲ့တို့မှ ၎င်းတို့ပူးတွဲရေးသားထားသော “အခြေခံမှအဆင့်ဆင့်တည်ဆောက်ထားသော ဖက်ဒရယ် စနစ် – ကရင်နီတို့၏ နိုင်ငံတည်ဆောက်ပုံ စံနမူနာ” ဟု အမည်ပေးထားသည့် စာတမ်း၏အကြိုမိတ်ဆက်ပွဲကို အွန်လိုင်းတွင် ရှင်းလင်းတင်ပြသွားမည် ဖြစ်သည်။ ဤစာတမ်းသည် မြန်မာနိုင်ငံ၌ လက်ရှိသွားနေသည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၏ အစိတ်အပိုင်းအဖြစ် ပြည်သူဦးဆောင်သော အုပ်ချုပ်ရေးကို ဖော်ဆောင်နေသည့် ကရင်နီပြည်ရှိ ဆင့်ကဲပြောင်းလဲနေသော ကြားကာလ အုပ်ချုပ်ရေး ဖွဲ့စည်းတည်ဆောက်မှု ဗိသုကာကို ဆန်းစစ်သုံးသပ်တင်ပြထားသည်။ ဤစာတမ်းသည် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်များ အပါအဝင် ကရင်နီပြည်ကြားကာလအစိုးရအပေါ် ဆန်းစစ်သုံးသပ်ထားသည့်အပြင် အလွှာစုံပြီး အားလုံးပါဝင်မှုရှိသည့် အုပ်ချုပ်ရေးစနစ်၏ အဓိကကြန်အင်လက္ခဏာများကို မီးမောင်းထိုးဖော်ပြထားသည်။ ထို့အပြင် ထိုစာတမ်းတွင် မြန်မာနိုင်ငံ၏ အနာဂတ်ဖက်ဒရယ် တည်ဆောက်ရေးဦးတည်လုပ်ဆောင်သော သက်ဆိုင်ရာ လှုပ်ရှားဆောင်ရွက်နေသူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့အတွက် လုပ်ဆောင်ရမည့် အဓိကကျသော အကြံပြုတိုက်တွန်းချက်များကိုလည်း ထည့်သွင်းထားသည်။
လက်ရှိမြန်မာနိုင်ငံသည် ကဏ္ဍပေါင်းစုံလူထုပါဝင်သော ဒီမိုကရေစီတော်လှန်ရေးလှုပ်ရှားမှုကို အခြေခံ ထားသည့် တစ်နိုင်ငံလုံးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တစ်ခုကို ဖြတ်သန်းနေသည်။ တော်လှန်ရေး အစုအဖွဲ့များသည် ကမ္ဘာပေါ်တွင် အရက်စက်ဆုံးသော စစ်အုပ်စုအား တိုက်ခိုက်နေရသည့်တစ်ချိန်တည်းတွင် ဒေသခံပြည်သူလူထုကို ၎င်းတို့၏ အောက်မှအထက်သို့စီးဆင်းသော အုပ်ချုပ်မှုမှတစ်ဆင့် စီမံအုပ်ချုပ်ခြင်း၊ ဒေသခံပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးအပါအဝင် လိုအပ်သောဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေခြင်းအပြင် နှစ်ရှည်လများကြာမြင့်စွာကတည်း ပြည်သူများတောင်းဆိုထားသည့် ပြည်သူ အားလုံးအား ကိုယ်စားပြုသော၊ ကာကွယ်စောင့်ရှောက်မှုပေးသော၊ တရားမျှတသော၊ အားလုံးပါဝင်မှုရှိသော ငြိမ်းချမ်းသည့် ဖက်ဒရယ်လူမှုအဝန်းအဝိုင်းတစ်ခုကိုလည်း တက်ကြွစွာဝိုင်းဝန်ဖော်ဆောင်နေကြသည်။ အရပ်သားသေဆုံးမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေခဲ့သည့် စစ်အုပ်စု၏ အကြမ်းဖက်မှုများကြားတွင် ကရင်နီပြည်ရှိ တော်လှန်ရေးအစုအဖွဲ့များသည် ကရင်နီလူမျိုးအားလုံးကို ကိုယ်စားပြုရန်၊ ကာကွယ်စောင့်ရှောက်ရန်၊ နှင့် ဝန်ဆောင်မှုပေးရန် ရည်ရွယ်သည့် အလွှာပေါင်းစုံ ကြားကာလအုပ်ချုပ်ရေးတစ်ရပ်ကို ထူထောင်နေသည်။
ဤစာတမ်းတွင်ပါရှိသော သုတေသနတွေ့ရှိချက်များနှင့် အကြံပြုတိုက်တွန်းချက်များကို ရှေ့ပြေးအသံ အဖွဲ့၏ သုတေသီတစ်ဦးမှ တင်ပြသွားမည်ဖြစ်သည်။ ထို့အပြင် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီမှ ကိုယ်စားလှယ်တစ်ဦးနှင့် ကရင်နီပြည် အရပ်ဘက်လူထုအဖွဲ့အစည်း တစ်ခုဖြစ်သော ကယန်းအမျိုးသမီး အစည်းအရုံးမှ ကိုယ်စားလှယ်တစ်ဦးတို့ကလည်း ကြားကာလအုပ်ချုပ်ရေး ဖွဲ့စည်းပုံနှင့်ပတ်သက်၍ ၎င်းတို့ ရှုထောင့်အမြင်များကို ဆွေးနွေးဖလှယ်ပေးသွားမည်ဖြစ်အပြင် နိုင်ငံတကာအသိုင်းအဝိုင်းများအတွက်ကိုလည်း အကြံပြုတိုက်တွန်းချက်များ ဆွေးနွေးတင်ပြသွားမည်ဖြစ်သည်။
ပါဝင်ဆွေးနွေးမည့်သူများ
တင်ဆက်ဆွေးနွေးသူ – ခင်ဥမ္မာ၊ ရှေ့ပြေးအသံအဖွဲ့၏ အကြံပေးအဖွဲ့ဥက္ကဋ္ဌ
သတင်းမီဒီယာများမှ အင်တာဗျူးလိုပါက – ဆွေးနွေးပွဲ မတိုင်မီနှင့် ဆွေးနွေးပွဲအပြီးတွင် ပါဝင်ဆွေးနွေးသူများကို မြန်မာနှင့် အင်္ဂလိပ် နှစ်ဘာသာစလုံးဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
အချက်အလက်များ ပိုမိုသိရှိလိုပါက နှင့်/သို့မဟုတ် ထုတ်ဝေမည့် အစီရင်ခံစာ၏ အနှစ်ချုပ်ကို ကြိုတင်ရယူလို ပါက [email protected] သို့ဆက်သွယ်၍ ရယူနိုင်ပါသည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.