28 June 2024
မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews ၏ လက်တလောအစီရင်ခံစာတွင် မြန်မာ့ နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို သြစတြေးလျနှင့် အမေရိကန်တို့က ပိတ်ဆို့အရေးယူမှုများသည် လွန်ခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံအပေါ် ဖိနှိပ်ချုပ်ချယ်သော စစ်ကောင်စီ (SAC) အပေါ် အထိရောက်ဆုံး ပိတ်ဆို့အရေးယူမှုများအဖြစ် သတ်မှတ်ဖော်ပြထားပါသည်။ ယခုနှစ် ဖေဖော်ဝါရီလတွင် သြစတြေးလျ၏ ပိတ်ဆို့အရေးယူမှုသည် အမေရိကန်နှင့် ကနေဒါတို့၏ အစောပိုင်းဆောင်ရွက်မှုများကို အားကောင်းစေခဲ့သည်။ ထိုသို့ပိတ်ဆို့မှုလုပ်ဆောင်ချက်များ တိုးတက်နေသော်လည်း၊ အစီရင်ခံစာတွင် မတရားအာဏာသိမ်းစစ်တပ်က ဆက်လက်အသုံးချနေသည့် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများ ညှိနှိုင်းဆောင်ရွက်မှုတွင် အရေးပါသော ကွာဟချက်များကို မီးမောင်းထိုးပြထားပါသည်။
“သေမင်းတမန်ကုန်သွယ်မှုအပေါ် ဘဏ်လုပ်ငန်း- ဘဏ်များနှင့် အစိုးရများက မြန်မာနိုင်ငံ၏ စစ်အာဏာရှင်ကို မည်ကဲ့သို့ လုပ်ဆောင်နိုင်မည်နည်း” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ငါးဆယ့်ခြောက်ကြိမ်မြောက် အစည်းအဝေးတွင် တင်ပြရာ နိုင်ငံတကာ ဆောင်ရွက်မှုသည် စစ်ကောင်စီ ၏ လက်နက်များ ဝယ်ယူမှု၊ နှစ်မျိုးသုံးနည်းပညာများ၊ စက်ပစ္စည်းများနှင့် ပစ္စည်းများ ထုတ်လုပ်ခြင်းကို နိုင်ငံတကာဘဏ္ဍာရေးစနစ်မှတစ်ဆင့် တစ်နှစ်အတွင်း သုံးပုံတစ်ပုံအားဖြင့် အမေရိကန်ဒေါ်လာ ၃၇၇ သန်းမှ ၂၅၃ သန်း အထိ ထိထိရောက်ရောက် လျှော့ချနိုင်ခဲ့ကြောင်း ထောက်ပြခဲ့သည်။
သို့သော်လည်း အခြားနိုင်ငံပိုင်ဘဏ်နှစ်ခုဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ လေယာဉ်ဆီ ထောက်ပံ့ရေးကွင်းဆက်၏ ကွန်ရက်များအားလုံးအပါအဝင် နှင့် သဘာဝသယံဇာတ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကဲ့သို့ အခြားသော သက်ရောက်မှု မြင့်မားသော ပစ်မှတ်များကို ပိတ်ဆို့အရေးယူထားခြင်း မရှိသေးပေ။ ထိုကွာဟချက်တွေကြောင့် စစ်ကောင်စီ၏ ဘဏ္ဍာရေးအဖွဲ့အစည်းတွေကို ပြောင်းရွှေ့စေပြီး ပိတ်ဆို့အရေးယူမှုတွေကို ရှောင်လွှဲနိုင်စေခဲ့ပါသည်။
စင်ကာပူအခြေစိုက် အဖွဲ့အစည်းများထံမှ လက်နက်များ လွှဲပြောင်းမှုနှင့် ပတ်သက်၍ စင်ကာပူ၏ ၂၀၂၃ ခုနှစ် စုံစမ်းစစ်ဆေးမှုအပြီးတွင် စင်္ကာပူမှ လက်နက်တင်ပို့မှုမှာ သိသိသာသာ လျော့ကျသွားခဲ့ပါသည်။ သို့သော်လည်း နိုင်ငံပေါင်း ခုနစ်နိုင်ငံရှိ ဘဏ် ၁၆ ဘဏ်သည် စစ်အာဏာရှင်၏ စစ်ဘက်ဆိုင်ရာပစ္စည်းများ ၀ယ်ယူမှုများကို လွယ်ကူချောမွေ့စေခဲ့ပြီး ဘဏ် ၂၅ ဘဏ်သည် အာဏာသိမ်းပြီးကတည်းက နိုင်ငံခြားဆက်သွယ်ရေး ဘဏ်လုပ်ငန်းများမှ မြန်မာနိုင်ငံရှိ နိုင်ငံပိုင်ဘဏ်များဆီသို့ ဝန်ဆောင်မှုများ ထောက်ပံ့နေပါသည်။ ယင်းကြောင့် ထိုင်းနိုင်ငံသည် စစ်ကောင်စီ အတွက် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး ထိပ်တန်းရင်းမြစ် ဖြစ်လာခဲ့ပြီး ၂၀၂၂ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၆၀ မှ ၂၀၂၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ သန်း ၁၂၀ အထိ နှစ်ဆတိုးလာခဲ့ပါသည်။
Special Advisory Council for Myanmar ၏ အစီရင်ခံစာတွင်ဖော်ပြထားသည့်အတိုင်း ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစတင်၍ တစ်သမတ်တည်း ခုခံမှုများ တိုးလာခြင်းကြောင့် စစ်ကောင်စီမှ ဆုံးရှုံးမှုများပိုမိုများပြားလာပါသည်။ ယခုအခါ မြန်မာနယ်စပ်ရှိ မြို့နယ်များတွင် စစ်ကောင်စီမှ မြို့နယ်အနည်းငယ်သာ ချုပ်ကိုင်ထားနိုင်တော့သည်။ အဆိုပါဆုံးရှုံးမှုများကြောင့် ၂၀၂၄ ခုနှစ်တွင် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အအုံများနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ၏စစ်ရှောင်စခန်းများ အရပ်သားအခြေခံအဆောက်အအုံများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု ငါးဆတိုးလာစေသည်။ သြစတြေးလျသည် ဖေဖော်ဝါရီလတွင် လေယာဉ်လောင်စာဆီထောက်ပံ့ရေးကွင်းဆက်ရှိ အဖွဲ့အစည်း ၃ ခုကိုလည်း ပိတ်ဆို့အရေးယူခဲ့သော်လည်း Amnesty International မှ ပိတ်ဆို့မှုများကြားမှ လေကြောင်းလောင်စာဆီတင်သွင်းရန် နည်းဗျူဟာအသစ်များကို ထုတ်ပြန်ခဲ့ပါသည်။
မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင်က “မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး အထူးကိုယ်စားလှယ်ရဲ့ မကြာသေးမီက အစီရင်ခံစာမှာ ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်အပေါ် သြစတြေးလျနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ တုံ့ပြန်မှုမှာ တိုးတက်မှုနှင့် ကွာဟချက်နှစ်ခုလုံးကို မီးမောင်းထိုးပြနေပါတယ်။ စစ်ကောင်စီအား လက်နက်တင်ပို့မှုနှင့် ငွေကြေးထောက်ပံ့မှုအားလုံးကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရန်နှင့် ရပ်တန့်ပေးရန် ထိုင်းအစိုးရအား ကျွန်ုပ်တို့ တိုက်တွန်းပါတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို ပံ့ပိုးပေးသည့် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ဘက်ပေါင်းစုံမှ ပိတ်ဆို့အရေးယူမှုများကို အကောင်အထည်ဖော်ရန် သြစတြေးလျအစိုးရအား မေတ္တာရပ်ခံပါတယ်။”
အမျိုးသားညီညွတ်ရေး အစိုးရ၏ သြစတြေးလျနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက “မြန်မာ့ နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ပိတ်ဆို့အရေးယူရာမှာ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချတဲ့ လုပ်ဆောင်ချက် အောင်မြင်မှုအတွက် သြစတြေးလျအစိုးရကို ဂုဏ်ပြုပါတယ်။ ညှိနှိုင်းပြီး နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများထပ်မံပြုလုပ်ခြင်းက စစ်ကောင်စီ၏ အရင်းအမြစ်များကို ဖြတ်တောက်ပြီး မြန်မာပြည်သူလူထုအတွက် အကာအကွယ်နှင့် အခွင့်အရေးများကို အာမခံချက်ပေးရန် အရေးကြီးပါတယ်။”
Myanmar Campaign Network မှ Campaign Manager ဖြစ်သူ Tasneem Roc က “အကြမ်းဖက်မှု အရှိန်မြင့်လာတာနဲ့အမျှ မြန်မာနိုင်ငံက အရပ်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့ အရေးတကြီး လုပ်ဆောင်ဖို့ တောင်းဆိုပါတယ်။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများဖြစ်သော မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မြန်မာ့သစ်လုပ်ငန်းနှင့် လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်ရှိ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များရဲ့ ကွန်ရက်များအားလုံးအပါအဝင် ဩစတြေးလျအစိုးရရဲ့ ပိတ်ဆို့အရေးယူမှုတွေကို တိုးချဲ့ဆောင်ရွက်ပေးပါရန် ကျွန်ုပ်တို့ တောင်းဆိုပါတယ်။
သတင်းမီဒီယာဆက်သွယ်ရန်။ Tasneem Roc Campaign ManagerMyanmar Campaign Network[email protected] +61 2 8203 6044 | အင်တာဗျူးရန်။H.E Daw Zin Mar Aung, Union Minister of Foreign Affairs for the National Unity Government of MyanmarDr Tun Aung Shwe, National Unity Government of Myanmar Representative to Australia |
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.