Statement 66 Views

မြန်မာ စစ်ခေါင်းဆောင်များနှင့် ၎င်းတို့၏ ငြိမ်းချမ်းရေး အယောင်ပြ ကြိုးပမ်းမှုအား အသိအမှတ်ပြုမှု မပေးရန် ဖင်လန်နှင့် ဆွစ်ဇာလန်တို့ကို တောင်းဆိုခြင်း

November 11th, 2023  •  Author:   661 Civil Society Organizations  •  9 minute read
Featured image

၁၀ ရက် နိုဝင်ဘာ ၂၀၂၃

ဝန်ကြီး အယ်လီနာ ဗယ်တိုနန်
နိုင်ငံခြားရေးဝန်ကြီးဌာန
ဖင်လန်အစိုးရ

သံမှူး အစ်နာဇီယို ကက်စ်စစ်
နိုင်ငံခြားရေး ဖယ်ဒရယ်အစိုးရဌာန
ဆွစ်ဇာလန်အစိုးရ

အကြောင်းအရာ။   ။မြန်မာ စစ်ခေါင်းဆောင်များနှင့် ၎င်းတို့၏ ငြိမ်းချမ်းရေး အယောင်ပြ ကြိုးပမ်းမှုအား အသိအမှတ်ပြုမှု မပေးရန် ဖင်လန်နှင့် ဆွစ်ဇာလန်တို့ကို တောင်းဆိုခြင်း

ဝန်ကြီး အယ်လီနာ ဗယ်တိုနန် နှင့် သံမှူး အစ်နာဇီယို ကက်စ်စစ်တို့သို့

မြန်မာစစ်ဘက်ခေါင်းဆောင်များကို ဆက်ဆံနေမှုများအား ရပ်စဲရန်နှင့် ထောက်ခံအားပေးမှု မပြုရန်၊ အထူးသဖြင့် ၎င်းတို့၏ အယောင်ဆောင် ငြိမ်းချမ်းရေးလုပ်ငန်းများကိုလည်း အသိအမှတ် မပြုရန် ဖင်လန်အစိုးရနှင့် ဆွစ်ဇာလန် အစိုးရတို့အား အရပ်ဘက်လူ့အဖွဲ့အစည်းများက တောင်းဆို လိုက်ပါသည်။  ၎င်းတို့ကိုထောက်ခံအားပေးမည့်အစား ဖင်လန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့သည် မြန်မာနိုင်ငံမှ ပြည်သူများကြိုးပမ်းအားထုတ်နေကြသော ဖယ်ဒရယ်ဒီမိုကရေစီနှင့် တာရှည် ခိုင်မာမည့် ငြိမ်းချမ်းရေးအတွက် လုပ်ငန်းများကို ထောက်ခံအားပေးကြပါရန် တိုက်တွန်း လိုက်ရပါသည်။

ပထမဆုံးအနေနှင့် မြန်မာစစ်တပ်သည် နိုင်ငံအနှံ့အပြားတွင် အရပ်သားများကို တမင်တကာ ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်နေချိန်တွင် ဖင်လန်အစိုးရသည် မြန်မာစစ်အုပ်ချုပ်ရေးရဲ့ ငြိမ်းချမ်း ရေးကော်မတီအဖွဲ့ဝင်ဟု ဆိုသူများကို ဖင်လန်နိုင်ငံ ဟယ်ဆင်ကီတွင် ကျင်းပသော လျှို့ဝှက် အစည်းအဝေး တစ်ခုကို the CMI – Martti Ahtisaari Peace Foundationက တဆင့် မကြာ‌သေးခင်က ဖိတ်ကြားခဲ့ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြသည်ကို ကြားသိရကြောင်း သိရှိစေလိုပါသည်။

ဟယ်ဆင်ကီသို့ စစ်တပ်၏ ကိုယ်စားလှယ်များကို ဖိတ်ခေါ်ခြင်းဖြင့် ဖင်လန်အစိုးရသည် စစ်အုပ်ချုပ်ရေးကို အသိအမှတ်ပြု၊ လက်ခံ၊ အားပေးမှုများပြုလုပ်ခြင်းပင်ဖြစ်ရာ ဒီမိုကရေစီ၏ အခြေခံ လုပ်ထုံးလုပ်နည်းများက သွေဖည်နေပေသည်။ ပို၍ အရေးကြီးသည်မှာ မြန်မာနိုင်ငံမှ ပြည်သူများ၏ ဆန္ဒနှင့် ဆန့်ကျင်နေခြင်းပင်ဖြစ်သည်။

ရှင်းလင်းစွာဆိုရပါလျှင် မြန်မာနိုင်ငံမှ ပြည်သူများသည်  တရားမဝင် အာဏာကို ရယူထားသော တရားဝင် အသိအမှတ်ပြုမှုကိုလည်း မရထားသော စစ်တပ်နှင့် နိုင်ငံရေး သဘောထားတိုက်ဆိုင်မှု မရှိကြရုံမျှမက ၂၀၂၁ ဖေဖော်ဝါရီလကစ ပြီး ၂၀၂၃ နိုဝင်ဘာ ၆ ရက်အထိ စစ်တပ်သည်အနည်းဆုံး လူပေါင်း ၅၁၇၄ ကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ လူပေါင်း ၁.၇ သန်းသည် အိမ်ယာများ စွန့်ခွာထွက်ပြေးကြရသည်။ မကြာသေးခင်လများတွင် စစ်တပ်သည် နိုင်ငံအနှံ့အပြားတွင် အရပ်သားများကို အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်ရန် လေကြောင်းတိုက်ခိုက်မှုများကို ပို၍ အသုံးများလာပါသည်။ ၂၀၂၃ မေလမှ သြဂုတ်လအတွင်း ကာလတစ်ခုတည်းတွင်ပင် စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုပေါင်း ၂၇၂ ကြိမ်ပြုလုပ်ခဲ့ရာ တစ်နေ့လျှင် နှစ်ကြိမ်ကျ လေကြောင်းမှ ရန်ပြုနေသည်ဟု ဆိုနိုင်ပြီး ဤလများအတွင်း အရပ်သား ၇၂ဦး သေဆုံးခဲ့ပြီး ၁၆၃ ဦးဒဏ်ရာရခဲ့သည်။ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ အပါအဝင် ဆေးကုသသောနေရာများ နှင့် ဘာသာရေးအဆောက်အအုံများ ပျက်စီးခဲ့ရသည်။

လူသတ်သော စစ်တပ်ကို တရားဝင်မှုပေးခြင်း၊ အားပေးမှုပြုခြင်းအားဖြင့် ဖင်လန်အစိုးရသည် မြန်မာပြည်သူများကို ကာကွယ်ပေးရမည့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဝတ္တရားကို မစောင့်ထိန်းရာကျသည့်အပြင် မြန်မာပြည်သူတို့၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိုကာကွယ်ရန်တော်လှန်ရေးဆင်နွှဲနေခြင်းကို အနှောင့်အယှက်ဖြစ်စေပါသည်။ ဖင်လန်၏ လုပ်ရပ်မှာ စစ်တပ်ကို ပစ်မှတ်ထားပြီးချမှတ်ခဲ့သော နိုင်ငံတကာ ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုများကိုလည်း အာနိသင်လျော့ပါးစေပါသည်။ ထိုသို့အားပေးခြင်းဖြင့် မြန်မာအရပ်သား ပြည်သူများအပေါ်  ရက်စက်သော ရာဇာဝတ်မှုများကို အပြစ်ပေးမခံရဘဲ ကျူးလွန်နေသော စစ်တပ်ကို ပို၍ပင် ရဲတင်းလာစေနိုင်သည်။

ဒုတိယမှာ ဆွစ်ဇာလန်အစိုးရသည်လည်း Centre for Humanitarian Dialogue and Swisspeace နှင့် တစ်တွဲတည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်အရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပွဲ ကို ၂၀၂၃ အောက်တိုဘာ ၁၆မှ ၁၈ အထိ နေပြည်တော်တွင်ကျင်းပခဲ့သည်ကို ကျွန်ုပ်တို့ ကြားသိရပေသည်။

စစ်တပ်၏ မအောင်မြင်သော မစစ်မှန်သော NCA ကိုထောက်ခံခြင်းဖြင့် ဆွစ်အစိုးရသည် လက်ရှိအာဏာရှင်များကို ထောက်ခံမှုပြရုံသာမက စစ်အာဏာရှင်စနစ် လက်အောက်သို့ မြန်မာပြည်သူများပြန်ရောက်ရန် စစ်တပ်၏ အဆက်မပြတ် အားထုတ်နေသော အကြမ်းဖက်မှုများကို သက်ဆိုးရှည်စေလိမ့်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ အဖက်ဖက်မှ ရင်ဆိုင်နေရသော အကြပ်အတည်းများကို ဖြေရှင်းရာတွင် NCA သည် လုံးဝနေရာမရှိသည့် လုပ်ငန်းတစ်ခုသာဖြစ်သည်။ ထို လုပ်ငန်းကို ပံ့ပိုးပေးခြင်းသည် စစ်တပ်ကို ပို၍ ရဲတင်းလာစေမည်သာဖြစ်ပြီး မြန်မာနိုင်ငံရှိ ဆိုးရွားလှသော ပျက်စီးယိုယွင်းမှုများကို ပို၍ပင် အကြောင်းမလှဖြစ်စေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော  ထိုရမ်းကားဖျက်ဆီးမှုများ၏ အရင်းအမြစ်သည် စစ်တပ်ဖြစ်နေပြီး လက်ရှိအကြပ်အတည်းကို ဖန်တီးခဲ့သည်မှာ စစ်ခေါင်းဆောင်များပင်။ NCA ကို မူလက လက်မှတ်ထိုးရာတွင် ပါဝင်ခဲ့သော အဖွဲ့သုံးခုက ကြေညာသကဲ့သို့ပင် စစ်တပ်သည် အာဏာသိမ်းရန်တရားမဝင်ကြိုးပမ်းခဲ့ပြီး အရပ်သားများအပေါ် လွန်စွာကြမ်းကြုတ်စွာ ပစ်မှတ်ထား ခဲ့ခြင်းများသည် NCAကိုချိုးဖောက်ရာရောက်ပြီး ဤ စာချုပ်၏ တရားဝင်မှုကို ပျက်စီးစေခဲ့ပြီဖြစ်သည်။

NCA သမိုင်းကိုကြည့်လျှင် မူလကတည်းကပင် ချီးကျူးထိုက်သောလုပ်ရပ်မဟုတ်ခဲ့ပေ။ စစ်မှန်သော ငြိမ်းချမ်းရေး သဘောတူညီချက် မဟုတ်ခဲ့သလို ၎င်း၏ မူလ လုပ်ငန်းစဉ်ကပင် အပြစ်အနာအဆာများပါဝင်နေသလို ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံး ပါဝင်နိုင်အောင် ပြင်ဆင်ထားသည့် စာချုပ်လည်းမဟုတ်ခဲ့ပါ။ ယနေ့တွင် စစ်တပ်၏ အနှစ်မဲ့သော NCA ကြိုးပမ်းမှုတွင် ပါဝင်နေကြသော လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများသည် နယ်မြေမရှိသလို တပ်အင်အားလည်း ပြောပြလောက်အောင် မရှိပါ။ ၎င်းတို့၏ ပြည်သူများကလည်း ၎င်းတို့အပေါ် ကိုယ်စားပြုမှု အပြည့် မအပ်နှင်းထားပါ။ NCAအတွက် စစ်တပ်၏ လှုပ်ရှားမှုများမှာ ရေရာတိကျခြင်းမရှိ၊ လက်ဆုပ်လက်ကိုင် ပြစရာခိုင်မာသော အစီအစဉ်လည်းမရှိခြင်းကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းအနေနှင့် ပြစ်တင်ရှုတ်ချရန်သာရှိသည်။

တတိယ၊ ဆွစ်ဇာလန်နှင့် ဖင်လန်တို့မှာ အခြားနိုင်ငံအချို့နှင့် လက်တွဲပြီး  the Joint Ceasefire Monitoring Committee (JMC) အောက်မှာ လုပ်ငန်းအဖွဲ့တစ်ခုဖြစ်သော Technical Secretariat Center (TSC) က တဆင့် လူသားချင်းစာနာမှု အကူအညီများပေးရန် ကြိုးစားနေသည်ကိုလည်း ကြားသိရပါသည်။

JMC and TSC တို့ကဲ့သို့ စစ်တပ်က ထိန်းချုပ်ထားသော လမ်းကြောင်းများက တဆင့်ပေးအပ်သော လူသားချင်းစာနာမှုအကူအညီသည် အမှန်တကယ်လိုအပ်နေသော ပြည်သူများထံသို့ ရောက်နိုင်မည်မဟုတ်ပါ။ တရားမဝင်သော စစ်တပ်ကိုသာ အသိအမှတ်ပြုပေးနေသလို ဖြစ်ပါလိမ့်မည်ဖြစ်ရာ ၎င်းတို့အနေနှင့် အရပ်သားပြည်သူကို အကြမ်းဖက်နိုင်ရန် အားဆေးပေးနေသကဲ့သို့ ဖြစ်ပြီး ၎င်းတို့ကျူးလွန်ထားသော ဆိုးရွားလှသည့် ရာဇဝတ်မှုများကို ဖုံးရန် လူဖြူနိုင်ငံများကို အသုံးချခြင်းမျိုးသာ အဖတ်တင်နိုင်ပါသည်။

ဆွစ်ဇာလန်နှင့် ဖင်လန်တို့သည် လက်ရှိတွင် JMC နှင့် TSC တို့ကို စစ်တပ်က ထိန်းချုပ်ထားသည်ကို ကောင်းစွာသိရှိပြီးဖြစ်ပါလိမ့်မည်။ ၎င်းတို့သည် အတိတ်တွင် ကျန်ခဲ့ပြီဖြစ်သည်။ JMC ကို စတင်ဖွဲ့စည်းခဲ့စဉ်က ရှိပြီးသား အပစ်အခတ်စောင့်ကြည့်ရေးကို အရပ်သားများဆောင်ရွက်နိုင်သည့်လုပ်ငန်းကို ပိတ်ပင်ခဲ့သည်။ ယနေ့တွင် ထိုအချိန်ကထက်ပင်ပို၍ အရပ်သားတို့၏ အသံကို စစ်တပ်က ပို၍ပင် ထိန်းချုပ်လာနိုင်သေးသည်။ JMC နှင့် TSC တို့သည် မည်သည့်အခါကမျှ အရပ်သားများကို ကူညီရန်ဖွဲ့စည်းခဲ့သည်မဟုတ်ပေ။ နောင်လည်း အရပ်သားအတွက် အဖွဲ့ဖြစ်လာမည်မဟုတ်ပေ။

ပြည်သူများကို အကူအညီပေးရန် ဆောင်ရွက်ခွင့်ပေးခြင်းထက်စာလျှင် စစ်တပ်သည် TSC ကတဆင့်ပေးအပ်သော အကူအညီများကို လက်နက်အဖြစ် ဆက်လက်အသုံးချနေဦးမည်ဖြစ်သည်။ အမှန်တကယ် ပေးရမည့် အကူအညီများကို ပိတ်ပင်ထားခြင်း၊ လူသားချင်းစာနာမှုအကူအညီပေးရေး လုပ်သားများကို တိုက်ခိုက်ခြင်းနှင့် အကြမ်းဖက်မှုများ ဆက်လက်ဆောင်ရွက်ရန်  ၎င်းတို့၏ အိတ်ထဲသို့ အကူအညီကို ကဲ့ထည့်ခြင်းများသာ ပြုကြပါလိမ့်မည်။ TSC က တဆင့်ပေးအပ်သော အကူအညီအစီအစဉ်မှာ အခြားနေရာများက ပေးနေသော အကူအညီများကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်သည်။ အထူးသဖြင့် နယ်စပ်ကိုဖြတ်ကျော်ပြီး  ဒေသခံများက ဦးဆောင်နေသည့် မြန်မာနိုင်ငံတလွှား လိုအပ်သည့်နေရာများသို့ရောက်ရှိနေသော လူသားချင်းစာနာမှုအကူအညီများကို ကြန့်ကြာ စေမည်ဖြစ်သည်။

အချုပ်အားဖြင့် ဆိုရသော် စစ်တပ်က မြန်မာပြည်သူများအပေါ် ဆက်လက်အကြမ်းဖက်ခွင့်၊ တိုက်ခိုက်ခွင့် ဆက်လက်ရရှိစေရန် ဆောင်ရွက်ပေးသော ဆွစ်ဇာလန်နှင့် ဖင်လန်နိုင်ငံတို့၏  ကျင့်ဝတ်နှင့်မညီသောလုပ်ရပ်များကို ကျွန်ုပ်တို့အနေနှင့် များစွာ အံ့သြမိပါသည်။ စစ်တပ်သည် အင်အားအရ အပေါ်စီးရယူထားသည်ဖြစ်ရာ ဤပဋိပက္ခတွင် ဖိနှိပ်သူ စစ်တပ်မှာ ညှိနှိုင်းရေးဆွေးနွေးပွဲတစ်ခုတည်းတွင် ယုံကြည်နိုင်လောက်သော တန်းတူရည်တူ ဆွေးနွေးဖက် ဖြစ်လာရန် မရှိပါ။ ဥရောပသမိုင်းတွင် ကြမ်းကြုတ်သော စစ်အာဏာရှင်များသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ဝင်လာကြရိုးထုံးစံမရှိသလို လူသားချင်းစာနာမှုအကူအညီပေးခဲ့ဖူးသည့် အစဉ်အလာလည်းမရှိကြောင်း သိခဲ့ရပြီးပါပြီ။  ထိုသူတို့ထံတွင် ငြိမ်းချမ်းရေး သို့မဟုတ် အကြမ်းဖက်မှုများ ရပ်စဲရေးတို့အတွက် အာသီသ မရှိပါ။

သို့ဖြစ်ရာ ဖင်လန်နှင့် ဆွစ်ဇာလန်အစိုးရများကို စစ်တပ်ဟာ ဆက်လက်ပြီး အသိအမှတ်ပြုမှုကို မအပ်နှင်းပါရန် တိုက်တွန်းလိုက် ရပါသည်။ ထိုသို့ဆောင်ရွက်မည့်အစား မြန်မာပြည်သူများကို အပြည့်အဝ ထောက်ခံအားပေး သင့်ပါသည်။ ထိုသို့ပြုလုပ်ရာတွင် ဖင်လန်နှင့် ဆွစ်ဇာလန် နိုင်ငံများသည် ဆိုခဲ့ပါ ငြိမ်းချမ်းရေး အယောင်ပြကိစ္စများ အပါအဝင် စစ်အစိုးရနှင့် ဆက်ဆံခြင်း ဆက်မလုပ်သင့်ပါ။ ထိုလုပ်ပုံကိုင်ပုံများသည်  စစ်အစိုးရ၏ အကြမ်းဖက်မှုများ အောက်တွင် ဆယ်စုနှစ်များစွာ မချိမဆန့်ခံစားခဲ့ရသော မြန်မာပြည်သူများကို စော်ကားခြင်းဖြစ်နေသောကြောင့် ပင်။

မြန်မာပြည်သူများ၏ ဆန္ဒနှင့် အညီဖြစ်စေရန် ဖင်လန်နှင့် ဆွစ်ဇာလန်တို့သည် မြန်မာပြည်သူများအတွက် တရားမျှတမှုကို ရရှိစေအောင်ဆောင်ရွက်ပေးသည့် လက်ရှိနိုင်ငံတကာက အားထုတ်နေသည့် ကိစ္စများတွင် ပါဝင်ရပါမည်။ စစ်အစိုးရကို ဂျီနိုဆိုက်၊ လူသားထုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအတွက် တာဝန်ခံစေရေး ကြိုးပမ်းမှုများတွင် မုချပါဝင်သင့်ကြပါသည်။ တစ်ဆက်တည်းတွင် ဖင်လန်နှင့် ဆွစ်ဇာလန်ကို တိုက်တွန်းလိုသည်မှာ စစ်အစိုးရ၏ ငြိမ်းချမ်းရေး အယောင်ပြ NCA ခေါင်းစဉ်အောက်မှ လုပ်ငန်းများကို ရှုတ်ချပေးကြရန် ဖြစ်သည်။ ထို့ပြင် မြန်မာပြည်သူများအောက်ခြေမှ စကာ ကြိုးပမ်းနေကြသော လူတိုင်း ခံစားခွင့်ရှိသော ငြိမ်းချမ်းရေးနှင့် တာရှည်ခံစေမည့် ငြိမ်းချမ်းရေးလုပ်ငန်းများတွင် နိုင်ငံရေးအားဖြင့် လည်းကောင်း ငွေကြေးအားဖြင့်လည်းကောင်း ပံ့ပိုးကူညီသင့်ပါသည်။

မြန်မာနိုင်ငံအတွက် တည်မြဲသော ငြိမ်းချမ်းရေးရရှိလာနိုင်ခြင်းမှာ စစ်တပ်အနေနှင့် နိုင်ငံတကာ ဥပဒေအရ ဝာာဝန်ယူ တာဝန်ခံမှုရှိမှသာလျှင် ဖြစ်တည်နိုင်ပေသည်။ ထို့ပြင် တပ်က လက်နက်များဝယ်ယူရရှိနေခြင်းနှင့် နိုင်ငံခြားငွေ ရရှိရာလမ်းကြောင်းများကို ဖြတ်တောက်မှသာ အထမြောက်ပါလိမ့်မည်။ ထို့ကြောင့် မြန်မာကို နိုင်ငံတကာ ရတရားရုံးသို့ ပို့ရန် ချမှတ်ခဲ့သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ ကို ထက်ထက်သန်သန် ထောက်ခံခြင်း သို့မဟုတ် တရားစီရင်မည့် ခုံရုံးများဖွဲ့ရာတွင် ပါဝင်ခြင်းနှင့် ကမ္ဘာလက်နက်များမြန်မာစစ်တပ်လက်သို့ မရောက်နိုင်အောက် ပိတ်ဆို့တားမြစ်ရေးတို့တွင် ဖင်လန်နှင့် ဆွစ်ဇာလန်နှစ်နိုင်ငံတို့ ပါဝင်သင့်ပေသည်။ တဆက်တည်းတွင် စစ်အာဏာပိုင်များကို စီးပွားရေးအရ ပိတ်ဆို့ပစ်ဒဏ်ချခြင်းများတွင်လည်း ဆောင်ရွက် သင့်ကြသည်။

ထပ်ဆင့်၍ ဆွစ်ဇာလန်နှင့်ဖင်လန်နိုင်ငံတို့သည် စစ်တပ်နှင့် စစ်တပ်ထိန်းချုပ်သော သို့မဟုတ် စစ်တပ်နှင့် ဆက်နွှယ်နေသော လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်ငန်းများအတွက် ဆောင်ရွက်သောအဖွဲ့အစည်းများနှင့် မဟာမိတ်ပြုခြင်းကို ရပ်တန့်သင့်ပါသည်။ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို နယ်စပ်ဖြတ်ကျော် ပေးပို့သော ဒေသခံတို့က ဦးဆောင်သည့် အကူအညီပေးရေးလုပ်ငန်းများအပါအဝင် မြန်မာနိုင်ငံတလွှားရှိ ဒေသခံလူမျိုးစုအဖွဲ့အစည်းများနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများကတဆင့် ထောက်ကူသင့်ပါသည်။

မြန်မာနိုင်ငံတဝန်းလုံးတွင်ဖြစ်ပေါ်နေသော ပြည်သူ့တော်လှန်ရေးက မြန်မာပြည်သူများသည် စစ်တပ်ကို ဖြိုချရန်၊ အကြမ်းဖက်ဖိနှိပ်မှုများကို အဆုံးသတ်ရန် ရည်ရွယ်ထားပါသည်။ ဖင်လန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့သည် မြန်မာပြည်သူတို့ဘက်တွင် ရပ်ပြီး ရှင်းရှင်းလင်းလင်းထောက်ခံပေးသင့်ပါသည်။

ဖြောင့်မှန်စွာဖြင့်

လက်မှတ်ထိုးသူများ

Signed by 661 civil society organizations, including 277 organizations that have chosen not to disclose their names because the junta continues violence in Myanmar.

  1. 5/ of Zaya State  Strike
  2. A-Yar-Taw People Strike
  3. Action Committee for Democracy Development (Coalition of 14 grassroots networks)
  4. Action Committee of Basic Education Students (ACBES)
  5. Action Group for Democracy and Human Rights
  6. All Arakan Students’ & Youths’ Congress – AASYC
  7. All Arakan Youth Orga
  8. All Aung Myay Thar San Schools Strike Force
  9. All Burma Federation of Student Unions (Monywa District)
  10. Alliance for Democracy in Myanmar.
  11. Alliance of Students’ Union – Yangon (ASU-Yangon)
  12. Anti-coup Forces Coordination Committee (ACFCC -Mandalay)
  13. Anti-Junta Alliance Yangon-AJAY
  14. Arakan CSO Network
  15. Association of Human Rights Defenders and Promoters
  16. Athan – Freedom of Expression Activist Organization
  17. Ayeyarwaddy Journalists Society – AJS
  18. Ayeyarwaddy West Development Organisation AWDO Minbu
  19. Ayeyarwaddy West Development Organisation.AWDO  (Nagphe)
  20. Basic Education General Strike Committee (BEGSC)
  21. Basic Education Students & Youths Association (BESYA) _အခြေခံပညာ    ကျောင်းသား လူငယ်များ အစည်းအရုံး (အကလ)
  22. Basic Education Worker Unions – Steering Committee (BEWU-SC)
  23. Blood Money Campaign
  24. Burma Civil War Museum
  25. Burma Human Rights Network
  26. Burmese Women’s Union
  27. CAN-Myanmar
  28. CDM Medical Network (CDMMN)
  29. Chanmyatharzi Township People’s Strike
  30. Chaung Oo Township Youth Strike Committee
  31. Chindwin (West) Villages Women Strike
  32. Civil Information Network (CIN)
  33. Civil Society Organizations Coordination Committee (Monywa)
  34. Co-operative University Mandalay Students’ Strike
  35. Coalition Strike Committee – Dawei
  36. Daung Sitthe Strike
  37. Dawei ( Ashaetaw) Women Strike
  38. Dawei Youths Revolutionary Movement Strike Committee
  39. Defend Myanmar Democracy
  40. Delta News Agency
  41. Delta Youth Initiative
  42. Democracy Movement Strike Committee(Dawei)
  43. Democracy, Peace and Women’s Organization
  44. Democratic Youth Council
  45. Depayin Township Revolution Steering Committee
  46. Depayin Women Strike
  47. Equality Myanmar
  48. Ethnic Youth General Strike Committee (Mandalay)
  49. Federal Corner
  50. Former Political Prisoners and New Generation Group – Monywa
  51. Free Rohingya Coalition
  52. Future Light Center
  53. Future Thanlwin
  54. Gangaw Women Strike
  55. General Strike Collaboration Committee (GSCC)
  56. General Strike Committee of Basic and Higher Education (GSCBHE)
  57. General Strike Committee of Nationalities -GSCN
  58. Generation Wave
  59. Grass-root People
  60. Human Rights Educators Network
  61. Human Rights Foundation of Monland (HURFOM)
  62. Industries Strike
  63. JMC Inn Lay
  64. Justice for Myanmar
  65. Kachin Gender Star Group
  66. Kachin Student Union
  67. Kachin Women Network
  68. Kachin Women’s Association Thailand
  69. Kalay Township Strike Force
  70. Kalay Women Strike
  71. Kanpetlet Land Development Organization
  72. Karen Human Rights Group
  73. Karen Peace Support Network
  74. Kayan Rescuse Committee KRC
  75. Keng Tung Youth
  76. Kyain Seikgyi Spring Revolution Leading Committee
  77. Kyauktada Strike Committee
  78. Latpadaung Region Strike Committee
  79. Legal Aid for Human Rights
  80. Let’s Help Each Other
  81. LGBT Alliance
  82. LGBT Alliance Myanmar (Kalay Region)
  83. LGBT Alliance Myanmar (Kyaukse Region)
  84. LGBT Community Yangon
  85. LGBT Union – Mandalay
  86. Los Angeles Myanmar Movement (LA2M)
  87. Magway People’s Revolution Committee
  88. Maharaungmyay Township People’s Strike
  89. Mandalar University Students’ Strike
  90. Mandalay Alliance Coalition Strike
  91. Mandalay Medical Family (MFM)
  92. Mandalay Regional Youth Association – Revolutionary Core Group
  93. Mandalay Strike Force (MSF)
  94. Mandalay Women Strike
  95. Mandalay Youth Strike
  96. Mandalay-based People’s Strike
  97. Mandalay-Based University Students’ Unions (MDY_SUs)
  98. MayMyo Strike Force
  99. Metta Campaign
  100. Min Hla farmers Group
  101. Minbu Farmers  Group
  102. Minority Affairs Institute (MAI Myanmar)
  103. Monywa LGBT Strike
  104. Monywa People’s Strike Steering Committee
  105. Monywa Women Strike
  106. Monywa-Amyint Road Strike Leading Committee
  107. Monywa-Amyint Road Women Strike
  108. Multi-Religions  Strike
  109. Mya Taung Strike
  110. Myanmar Cultural Research Society
  111. Myanmar Institute of Information Technology Students’ Strike
  112. Myanmar Labor Alliance (MLA)
  113. Myanmar People Alliance (Shan State)
  114. Myaung Youth Network
  115. MyaYar Knowledge Tree
  116. Myingyan Civillian Movement Committee
  117. National League for Democracy (Monywa Township)
  118. Network for Human Rights Documentation – Burma (ND-Burma)
  119. Network of University Student Unions – Monywa
  120. No.12 Basic Education Branch High School ( Maharaungmyay) Students’ Union
  121. NRFF – New Rehmonnya Federated Force
  122. Nyan Lynn Thit Analytica
  123. Open Development Foundation
  124. Oway Institute
  125. Pale Township People’s Strike Steering Committee
  126. PFLAG-Myanmar
  127. Progressive Voice
  128. Pwintphyu Development Organisation
  129. Pyi Gyi Tagon Strike Force
  130. Rangoon Scout Network – RSN
  131. Representative Committee of University Teacher Associations (RC of UTAs)
  132. Rural Community Development Society
  133. Salingyi Subcommittee
  134. Samgha Sammaga-Mandalay
  135. Save and Care Organization for Ethnic Women at Border Areas
  136. Seinpann Strike
  137. Shan MATA
  138. Shwe Pan Kone People`s Strike Steering Committee
  139. Sisters 2 Sisters
  140. Sitt Nyein Pann Foundation
  141. Southern Dragon Myanmar
  142. Southern Monitor
  143. Southern Youth Development Organization
  144. Spring Friends
  145. Spring Sprouts
  146. Spring Traveller
  147. Student Voice
  148. Synergy – Social Harmony Organization
  149. Ta Mar Institute of Development
  150. Ta’ang Women’s Organization
  151. Tanintharyi MATA
  152. Taze Strike Commitee
  153. Taze Women Strike
  154. Thakhin Kodaw Mhine Peace Network (Monywa)
  155. Thayat Chaung Women Strike
  156. The 88 Generation Peace and Open Society (Monywa)
  157. Twitter Team for Revolution (TTFR)
  158. University Students’ Unions Alumni Force
  159. Volunteers in Myanmar
  160. Wetlet Revolution Leading Committee
  161. Wetlet Twonship Women Strike
  162. White Coat Society Yangon (WCSY)
  163. Women Advocacy Coalition- Myanmar
  164. Women Alliance Burma (WAB)
  165. Women’s League of Burma
  166. Yadanabon University Students’ Union ( YDNBUSU)
  167. Yangon Women Strike
  168. Yasakyo Township People`s Strike Steering Committee
  169. Yinmarpin and Salingyi All Villages Strike Committee
  170. တကသ ကျောင်းသားဟောင်းများ အင်အားစု
  171. ဒို့မြေကွန်ရက် – LIOH
  172. ပဉ္စမမဏ္ဏိုင်
  173. ပွင့်ဖြူလယ်ယာမြေကွန်ရက်
  174. မျက်မှောက်ခေတ်
  175. မျိုးဆက်-Generations
  176. မြန်မာမွတ်စလင် အစည်းအရုံး (BMA)
  177. ယောဒေသစစ်ဘေးရှောင်ကူညီရေးအဖွဲ့
  178. ရုန်းကန်သံ

11 November, 2023 (Endorsed List)

Endorsed Organizations Worldwide! (Europe & US 46 + International 6 + Japan 50 + Australia 78 + New Zealand 26 = 206).

▪️Europe

  1. Aung San Su Kyi Park, Norway
  2. Ah Nah Podcast – Conversations with Myanmar
  3. Burma Campaign UK
  4. Burma Action Ireland
  5. Chin Comunity in Norway
  6. CRPH Funding Ireland
  7. CRPH & NUG Supporters Ireland
  8. CRPH Support Group, Norway
  9. CRPH, NUG Support Team Germany-Deutschland
  10. Democratic Party for a New Society, Norway.
  11. Doh Atu – Ensemble pour le Myanmar
  12. Educational Initiatives Prague
  13. European Rohingya Council (ERC)
  14. German Solidarity with Myanmar Democracy e.V.
  15. Info Birmanie
  16. Integria, z.u. Prague
  17. International Association, Myanmar-Switzerland (IAMS)
  18. K’cho Ethnic Association
  19. Kachin Association Norway
  20. Karen Swedish Community (KSC)
  21. Karenni Association – Norway
  22. Matu Burma Foundation
  23. Mon Association – Norway
  24. Myanmar Baptist Churches in Norway
  25. Myanmar Catholic Community In Norway
  26. Myanmar Community in Norway
  27. Myanmar Hindu Community – Norway
  28. Myanmar Muslim Organization – Norway
  29. Netherlands Myanmar Solidarity Platform
  30. NLD Organization Committe (International) Norway
  31. Norway Falam Community
  32. Norway Matu Community
  33. Norway Rawang Community
  34. Padauk Finland Myanmar Association
  35. Rohingya Action Ireland (RAI)
  36. Rohingya Community in Norway
  37. Swedish Burma Committee
  38. Youth for democratization of Myanmar (UDM)
  39. Zomi Christian Fellowship of Norway
  40. Zomi Community Norway

▪️US

  1. Campaign for a New Myanmar
  2. International Campaign for the Rohingya
  3. No Business With Genocide
  4. Los Angeles Myanmar Movement (LA2M)
  5. Alliance for Democracy in Myanmar also consented to endorse
  6. Free Burma Action Committee, Save Myanmar San Francisco

▪️International

  1. ALTSEAN-Burma
  2. Action Committee for Democracy Development (ACDD)
  3. Freedom and Labor Action Group (FLAG)
  4. Myanmar Campaign Network
  5. International Karen Organization
  6. U.S. Campaign for Burma

▪️Japan

  1. Association of United Nationality in Japan (AUN)
  2. Burma Refugee Saving Association (B.R.S.A)
  3. Chin Community of Japan (CCJ)
  4. Chin Youth Organization of Japan (CYO-JP)
  5. Colorful Spring (ရောင်စုံနွေဦး)
  6. Dawei Youths in Japan (DYJ)
  7. Dragon Dawn
  8. Federation of Worker’s Union of Burmese Citizens in Japan (FWUBC)
  9. GenY For Revolution Japan
  10. Global Myanmar Spring Revolution – Japan
  11. Hope For Youth -Kyushu Japan
  12. International Society of Myanmar Scholars and Professionals (Japan)
  13. Japan Myanmar Future Creative Association (JMFCA)
  14. Japan Myanmar Help Network – JMHN
  15. Kachin Affairs Organizintion -Japan (KAO (Japan)
  16. Karenni National Society (KNS)Japan
  17. Karen National League Japan-KNL
  18. Kansai Group Japan
  19. KnowUsMoreMyanmar (KUM)
  20. Kobe Myanmar Community (KMC)
  21. League For Democracy in Burma (L.D.B Japan)
  22. Palaw Supporting Group – Japan
  23. Mon Youth For Federal Democracy (MYFD)
  24. Myanmar Development Support Group (MDSG)
  25. Federation of Worker’s Union of Burmese Citizens in Japan
  26. Myanmar Nationalities’ Support Organization – JP (MNSO)
  27. Palaw Supporting Group Japan
  28. Myanmar Spring Revolution Japan (MSRJ)
  29. Myanmar Tozan Club (MTC)
  30. Myanmar Youth and Student Association, Japan (MYSA)
  31. Myanmar’s Youth Association Hokkaido (MYAH)
  32. Okinawa Myanmar Association (OMA)
  33. 85 Palaung National Society Japan, PNS-Japan
  34. 86 People’s Hope Spring Revolution (PHSR)
  35. Punnyakari Mon National Society Japan,PMNS-Japan
  36. Revolution Tokyo Myanmar (RTM)
  37. ShizuYouth For Myanmar
  38. Shan Community in Japan (SCJ)
  39. Sone See Yar (Volunteer Group)
  40. Spring Revolution Restaurant ( SRR )
  41. Tai Youths Network Japan (TYNJ)
  42. Try Together At Japan (TTAJ)
  43. Union of Myanmar Citizen Association – Japan
  44. Voice For Justice
  45. We Are One Saga MOSA
  46. We for All
  47. We Support
  48. Yaw Funding Japan
  49. Yokohama Pamphlet Campaign – Myanmar
  50. ဂျပန်ပြည်မှတွဲလက်များ

▪️Australia

  1. Action Against Myanmar Military Coup (Sydney)
  2. All Burma Student Democratic Front – Australia Branch
  3. All Young Burmese League (AYBL)
  4. Anti-Myanmar Dictatorship Movement
  5. Anti-Myanmar Military Dictatorship Network (AMMDN)
  6. Australia Burma Friendship Association, Northern Territory
  7. Australia Karen Organization WA Inc.
  8. Australia Myanmar Doctors, Nurses and Friends
  9. Australia Myanmar Youth Alliance (AMYA)
  10. Australian Burmese Muslim Organisation
  11. Australian Chin Community (Eastern Melbourne Inc)
  12. Australian Karen Organisation (AKO)
  13. Bamar Community Tasmania
  14. Burma Lawyers’ Council (BLC)
  15. Burmese Community – South Australia
  16. Burmese Community Development Collaboration (BCDC)
  17. Burmese Community Support Group (BCSG)
  18. Burmese Friendship Association
  19. Burmese Medical Association Australia (BMAA)
  20. Canberra Karen Association
  21. Chin Community of Western Australia Inc.
  22. Chin Community – South Australia
  23. Chin Community Tasmania
  24. Chin Youth Organization
  25. CRPH/NUG support group Australia
  26. Democracy for Burma
  27. Falam Community – South Australia
  28. Industrial Training Centre (ITC) Family Sydney
  29. Joint Action Committee for Democracy in Burma (JACDB)
  30. Justice 4 Myanmar – Hope & Development
  31. Kachin Association Australia
  32. Kachin Association of Australia WA Inc.
  33. Karen Community – South Australia
  34. Karenni Federation of Australia
  35. Karenni Community of Western Australia Inc.
  36. NSW Karenni (Kayah) Communities
  37. Kayin Community Tasmania
  38. Matu Chin Community – South Australia
  39. Mindat Chin Community NSW
  40. Mindat Community – South Australia
  41. Mizo Community – South Australia
  42. Mon Families Group
  43. Mon National Council (MNC)
  44. Myanmar Buddhist Community of South Australia
  45. Myanmar Community Coffs Harbour (MCC)
  46. Myanmar Democracy and Peace Committee (Australia)
  47. Myanmar Democratic Movement (MDM)
  48. Myanmar Engineering Association of Australia (MEAA)
  49. Myanmar People Residing in Canberra
  50. Myanmar Students’ Association Australia (MSAA)
  51. NLD Solidarity Association (Australia)
  52. Perth Myanmar Youth Network
  53. Patriotic War Vetrans of Burma (PWVB)
  54. Queensland Kachin Community (QKC)
  55. Queensland Myanmar Youth Collective (QMYC)
  56. Queensland Rohingya Community
  57. Red Campaign Nirvana Exhortation Group
  58. Remonya Association of WA (Mon Community)
  59. Shwe Youth Democratic Alliance (SYDA)
  60. Southcare Medical Centre
  61. Support for Myanmar
  62. Sydney Friends for Myanmar Unity
  63. The Institution of Professional Engineers Myanmar (IPEM)
  64. United Myanmar Community of South Australia
  65. Victorian Burmese Care Community (VBCC)
  66. Victorian Myanmar Youth (VMY)
  67. We Pledge CDM (Australia)
  68. Western Australia Myanmar Democratic Network (WAMDN)
  69. Women Activists Myanmar (WAM)
  70. Yadanar Foundation
  71. Zo Community – South Australia
  72. Zomi Association Australia Inc.
  73. Zomi Community – South Australia
  74. Zomi Community Queensland
  75. Pyit Taing Htaung Social Club
  76. Western Australia Myanmar Community (WAMC)
  77. BMT counselling
  78. Youth Heart Beams

▪️New Zealand

  1. Auckland Kachin Community NZ
  2. ChinCommunity of Auckland
  3. Citizenof Burma Award -NewZealand
  4. RvwangCommunity Association New Zealand
  5. New Zealand Zo Community Inc.
  6. AucklandZomi Community
  7. New ZealandKaren Association
  8. Karenni Society New Zealand
  9. OverseasMon Association.New Zealand
  10. Burmese Rohingya Welfare Organisation New Zealand
  11. Shan Community (New Zealand)
  12. Myanmar Gonye (New Zealand)
  13. Federal Myanmar Benevolence Group (NZ)
  14. NewZealand DoctorsforNUG
  15. 8888Generation (NewZealand)
  16. Burmese CommunityGroup (Manawatu,NZ)
  17. NelsonMyanmar Community New Zealand
  18. Myanmar Community ChristchurchNew Zealand
  19. Dunedin Myanmar Community NewZealand
  20. SaveMyanmar FundraisingGroup (NewZealand)
  21. MyanmarStudents’ UnioninNewZealand
  22. MyanmarEngineers-New Zealand
  23. AllBurma Democratic Face in NewZealand
  24. Wellington Chin Community ( New Zealand )
  25. Kayan International Network-New Zealand
  26. Wellington Karenni Community – New Zealand

Additional endorsement updated on 12 November 2023.

  • ITALIA-BIRMANIA.INSIEME
  • Karenni American Association
  • Let’s Help Each Other
  • Myanmar Ethnic Rohingya Human Rights Organization in Malaysia (MERHROM)
  • Nationalities’ Alliance of Burma, USA

English version.