Report 121 Views

အဖြေမဲ့နေဆဲဖြစ်သည့် ငြိမ်းချမ်းရေး

August 27th, 2023  •  Author:   Rehmonnya Institute for Civic Engagement (RICE)  •  1 minute read
Featured image

နိဒါန်း

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုရှိသည်ဆိုသည့် စွပ်စွဲချက်ကို တရားဥပဒေနည်းလမ်းအရ မဖြေရှင်းပဲ ဗမာ/မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင် သည် ရွေးကောက်ပွဲပြီး (၃) လတွင် ရွေးကောက်ပွဲအနိုင်ရရှိသော နိုင်ငံရေးပါတီများ အစိုးရမဖွဲ့နိုင်မီ အာဏာသိမ်းခဲ့သည်။ ၂၀၂၁ စစ်တပ်မှ အာဏာသိမ်းမှုသည် ဒီမိုကရေစီလမ်းကြောင်းသို့ ရောက်စရှိသည့် မြန်မာနိုင်ငံပြည်သူတို့အား နက်ရှိုင်းသော စစ်ရေးပဋိပက္ခအတွင်းသို့ တွန်းပို့လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်း (၂) နှစ်တာကြာ ကာလအတွင်း အာဏာသိမ်းခြင်းကြောင့် တနိုင်ငံလုံးတွင် နိုင်ငံရေး၊ စစ်ရေးပဋိပက္ခကြီးမားလာပြီး စီးပွားရေးနှင့် လူမှုရေးအခြေအနေ ချွတ်ခြုံနေပြီး ပြည်သူလူထုများ အတိဒုက္ခရောက်ခဲ့ကြသည်။

နိုင်ငံအတွင်း ဆိုးဝါးသည့် လူမှုရေး၊ စီးပွားရေးအပြင် ပြည်သူလူထု၏ လုံခြုံရေးမှာလည်း ဆိုးဝါးသထက် ဆိုးဝါးလာသည်။ စစ်ပွဲကြောင့် ပြည်သူလူထုများ သွားလာလှုပ်ရှားမှုခက်ခဲပြီး ပဋိပက္ခဒေသများတွင် လယ်သမားမှ အစ ပြည်သူလူထုများအနေဖြင့် မိမိတို့အလုပ်ခွင်အား သွားရောက်ရေးအတွက် အဟန့်အတားဖြစ်စေပါသည်။ အရေးကြီးသော ပင်မကားလမ်းများတွင် တိုက်ပွဲအဆက်မပြတ် ဖြစ်ပွားနေခြင်းကြောင့် ကုန်သည်များ၊ ပြည်သူများမှာလည်း ခရီးသွားလာရေးတွင် ပိုမိုသတိထားလာရပေသည်။


အစီရင်ခံစာအပြည့်အစုံကို ဖတ်ရန် PDF ဖိုင်ကို ရယူပါ